လျှပ်စီးလက်ခြင်း

လွတ်လပ်ငြိမ်းချမ်းပြီး
အပြစ်ကင်းကင်း
ရယ်မောချင်တယ် ။

မျောနေတဲ့သံသရာ
ဒုက္ခကိုဒုက္ခလို့မြင်
ဒုက္ခဖြစ်တယ်
သုခကိုသုခလို့မြင်
သုခဖြစ်တယ်
ပြီးတော့တဖန်
ူဒုက္ခဖြစ်တယ် ။

ဒု က္ခ တွေ ဖြစ် ကြ တယ် ။

လိုအပ်လို့ရွေ့လျား
ရွေ့လျားမှုကိုလိုအပ်
စက်ဝိုင်းကြီးတစ်ခုပါ ။

တကယ်ပါ
တစ်ခါလောက်တော့
လွတ်လပ်ငြိမ်းချမ်းပြီး
အပြစ်ကင်းကင်း
ရယ်မောချင်တယ် ။

ရယ် မော မယ် ... ။


အိုင်လွယ်ပန်

0 comments: