လမ်းလျှောက်နေသူတစ်ယောက်ရဲ့ယောင်ကန်းကန်းနေ့များ



အိပ်ပျော်နေတာတောင်
အိပ်မက်ဆိုးတွေကြောင့်
ခဏခဏနိုး
ဒီလိုပဲ
အပြည့်အဝရခဲ့တာ ရှားတယ်…….

မပြေလည် မှုတွေရဲ့
အားတိုင်းယားတိုင်းခြေဦးတွေက
ငါ့ စိတ်ကူးတွေကို လာရောက်ခုတ်ထစ်
ဘာကိုမှ မမျှော်လင့်ရဲအောင်
ဟီသံတွေ အကြိမ်ကြိမ်ပေး………

လဲကျတိုင်းပြန်ထခဲ့ရတော့
ဖတ်နေကျ
စိတ်ဓါတ်မြှင့်တင်ရေးစာအုပ်တွေတောင်
ဖတ်မလို့ရှာရင် ပုန်းပုန်းနေကြ
အာခေါင်တွေ ခြောက်သွေ့အောင်
မအော်ခဲ့တော့
ကြိတ်ထားတဲ့ အံတွေ ပွန်းလှပြီ……….

သေတည့်တိုင်အောင်တော့
ဒီ လက်သီးတွေကို
ငါဆုပ်မှာပါ
ယုံကြည်ချက်တွေကို
အသက်ပြန်ပြန်သွင်းရင်းနဲ့ပဲ
ကောင်းကင်ကြီးရဲ့ အောက်က
လူလို့ အသတ်မှတ်ခံကောင်တစ်ကောင်ဟာ
သွားနေရင်းက မျောလွင့်နေခဲ့ရ……….။။။

အိုင်လွယ်ပန်


5 comments:

မင်းကျန်စစ်။ said...

အမြဲအားတင်းထားကွာ။ အဆင်မပြေမှုတွေ ကြားကပဲ လက်တကမ်းမှာရှိတဲ့ အောင်မြင်မှုကို ရအောင်ယူကြတာပေါ့။

မောင်မျိုး said...

ကဗျာ လေးအရမ်းကောင်းတယ် ကိုအိုင်းရေး။။။
ယုံကြည်ချက်တွေကို
အသက်ပြန်ပြန်သွင်းရတာ တွေများတော့ အသက်ရှူနေရတာ တစ်ခါခါ မောပန်းလာပြီးးး ကြိတ်ထားတဲ့ အံတွေ ပွန်းလှပြီ……….တကယ်ကောင်းတဲ့အရေးသားလေးပဲ ..အားပေးနေပါတယ်..........

ပြည့်စုံ said...

မပြေလည် မှုတွေရဲ့
အားတိုင်းယားတိုင်းခြေဦးတွေက
ငါ့ စိတ်ကူးတွေကို လာရောက်ခုတ်ထစ်
ဘာကိုမှ မမျှော်လင့်ရဲအောင်
ဟီသံတွေ အကြိမ်ကြိမ်ပေး………

လဲကျတိုင်းပြန်ထခဲ့ရတော့
ဖတ်နေကျ
စိတ်ဓါတ်မြှင့်တင်ရေးစာအုပ်တွေတောင်
ဖတ်မလို့ရှာရင် ပုန်းပုန်းနေကြ
အာခေါင်တွေ ခြောက်သွေ့အောင်
မအော်ခဲ့တော့
ကြိတ်ထားတဲ့ အံတွေ ပွန်းလှပြီ……….

ကဗျာလေးက ပုံဖော်ထားတာ ကောင်းတယ်ဗျာ... .

မျှော်လင့်ချက်တွေ ပြည့်လာတော့မှာပါ...

emayar said...

ဘဝဆိုတာအမြဲတမ်းမချောမွေ့တတ်ဘူး။အကြိမ်ကြိမ်လဲကြတိုင်းအကြိမ်ကြိမ်ပြန်ထကြတာပေါ့...နောက်ဆုံးချိန်ထိပေါ့....မောင့်ဘေးမှာကိုယ်ရှိနေမယ်လေ.....

emayar said...

ဘဝဆိုတာအမြဲတမ်းမချောမွေ့တက်ဘူး....အကြိမ်ကြိမ်လဲကြတိုင်းအကြိမ်ကြိမ်ပြန်ထနိုင်ရမယ်...
နောက်ဆုံးချိန်ထိပေါ့................
မောင့်ဘေးမှာ “ကိုယ်”ရှိနေမယ်လေ.........