ရာသီတွေပြောင်းလို့
ဆောင်းတွေအလီလီကုန်ခဲ့
ဒီကြယ်ကမြေမခဘူး
ငါ...သွား...နေ...ဆဲ.....
ပျိုးစရာမလိုဘဲ
နီယွန်မီးတွေရင့်ရင့်လာခဲ့
ဒီအနာဂတ်က အရောင်မတောက်ဘူး
ငါ...သွား...နေ...ဆဲ.....
စိတ်ရဲ့စေစားရာမှာ
အာရုံ ငါးတွေအကြိမ်ကြိမ်မျှားခဲ့
ကျေနပ်ခြင်းကပွက်မလာဘူး
ငါ...သွား...နေ...ဆဲ.....
ရောတိရောရာ ငါမပါ
ပါပါသော်လည်း ငါကနည်းခဲ့
မာနတွေက ဖုံမတက်သေးဘူး
ငါ...သွား...နေ...ဆဲ.....
ပြုံးတစ်လှည့်ပျော်တစ်လှည့်ပါ
လောကဆိုင်းဝိုင်းကြီး သံစုံမြည်ခဲ့
ဒီပွဲက လူမစည်ဘူး
ငါ...သွား...နေ...ဆဲ.....
သြော်...ခုတော့လည်း
အားပြင်းတဲ့မျှားတစ်စင်းကနေ
အားကုန်တဲ့ ပျားအုံကြီးလုံးလုံးဖြစ်ခဲ့ပေါ့လေ
ဒါပေမယ့်.....
ငါ...သွား...နေ...ဆဲ.....
ငါ...သွား...နေ.....
ငါ...သွား.....
ငါ........................။။။
(သူငယ်ချင်းသားလွင်ရဲ့အမှတ်မထင်စကားတစ်ခွန်းမှ....)
အိုင်လွယ်ပန်
ဘဝ
1 year ago




2 comments:
အင်းလေ ဘာပဲဖြစ်ဖြစ် သွားနေတာက ရပ်နေတာထက်
ပိုအဓိပ္ပယ်ရှိပါတယ်.........ပြီးတော့မောင်လှမ်းတဲ့ခြေလှမ်းတိုင်းမှာ ထပ်ချပ်မခွါလိုက်ပါဖို့ အမြဲအသင့်ရှိနေတဲ့ မောင့်ရဲ့......
အမရာ
ကဗျာလေးရဲ့ အဓိပ္ပယ်ကို အရမ်းကြိုက်တယ် ။ အရေးသားတွေကိုလေးစားတယ်ဗျာ။
သွားနေရဆဲ...........
သွားခဲ့ပြီးပြီး..........
သွားရအုံးမယ်..
မသေခင်ထိပေါ့။။
အလင်းရောင်ဆိုတာ ဘာမှန်းတောင်မသိရသေးပါလားးးးးးးးးးးးးးးးးး။
Post a Comment