ဘီယာ

ပြင်းရှခါးသက်မှုတွေစီးမျောသွား
သူက.......
ခါးသက်သက်ကနေ
သင့်ကို တငွေ့ငွေ့နဲ့
ရီဝေစေလိမ့်မယ်
အိပ်မက်ကိုခဏမေ့လို့ရတယ်
အနာဂတ်ကိုယူဆောင်လို့ရတယ်
တငြိမ့်ငြိမ့်နဲနဲ့ခရီးသွားလို့ရတယ်............

သူ့ဆီကိုသွားမယ်ဆို
ဥပေက္ခာပြုခြင်းတစ်ချို့ကိုတော့
သင်ဆောင်ယူသွားပါ
ရောင်နီကျချိန်တိုင်အောင်
မအိပ်သေးတဲ့သူတွေရှိတယ်လေ..........။။။

အိုင်လွယ်ပန်

2 comments:

Anonymous said...

အော်..............ဘီယာဆိုတာ အဲ့လိုအစွမ်းသတ္တိတွေ ရှိတယ်လား သေချာ သောက်ကြည့်အုံးမှပဲ စာထဲမှကတော့ ရှယ်ပဲုဗျ ...ကဗျာလေးတွေ ကောင်းလှကြီးလား
ဒါကြောင့် ဆေးရောင်စုံတာပေါ့ .။

တင့်ထူးရွှေ said...

အမှန်ပဲဗျို့ :)