မိုးခါးရေသောက်မိတဲ့ကောင်

နေ့ကောင်းရက်သာရွေးမထားတတ်တော့
သေချာကိုမမှတ်မိလိုက်ဘူး
မနေ့ကဆိုတာတွေထဲကတော့ဖြစ်မယ်...........

ကူးရင်းခပ်ရင်းနဲ့ဆွဲနှစ်တတ်လာကြတယ်
ရုန်းရင်းကန်ရင်းနဲ့ခြေထိုးခံတတ်လာကြတယ်
အတ္တကြီးကိုဖက်ပြီးအတ္တမကောင်းကြောင်းပြောတတ်လာကြတယ်
စိုက်ပျိုးဟန်ပြပြီးခူးဆွတ်တတ်လာကြတယ်
မလိုအပ်ပဲနှုတ်ဆက်ခဲ့ကြတဲ့နံနက်ခင်းတွေမှာ
လောကဝတ်တွေကနေရာယူလို့
အပေးအယူတွေကမျက်နှာဝှက်လို့
အမှန်တရားဆိုင်းဘုတ်လေးတွေကိုယ်ဆီကိုင်လို့
မရောင်ရာလူးခဲ့ကြတဲ့ဆီတွေ
ဖက်လှဲတကင်းနဲ့လှည့်လည်ပျံ့နှံ့....................

ကျွန်တော်ဘယ်နေ့ကစပြီး
ဘယ်အတိုင်းအတာအထိ
အဲဒါတွေကြားမှာပါဝင်ပတ်သတ်မိပါသလဲ
နေ့ကောင်းရက်သာရွေးမထားတတ်တော့
သေချာကိုမမှတ်မိလိုက်ဘူး
မနေ့ကဆိုတာတွေထဲကတော့ဖြစ်မယ်
အဲဒီနေ့ကစပြီး
ကိုယ့်အမြီးကိုကိုယ်ပြန်မျိုရင်း
သုညဖြစ်ခဲ့ရတာပေါ့...........................။။။

1 comments:

Anonymous said...

နေ့ကောင်းရက်သာရွေးမထားတတ်တော့
သေချာကိုမမှတ်မိလိုက်ဘူး
မနေ့ကဆိုတာတွေထဲကတော့ဖြစ်မယ် မိုးခါရေတွေသောက်မိတော့မနက်ဖြန်တိုင်းကလည်း ဘာဆိုတာ မသေချာတော့ပါလားနော် ။