အထီးကျန်

တစ်ကောင်ကျွေးပြီး
နှစ်ကောင်စားချင်ရအောင်
ကျားတစ်ပွဲမှမဟုတ်ခဲ့တာကွယ်
ချစ်ခြင်းတွေကိုလဲဖြန့်ခင်းလိုက်ရော
ရွာလိုက်တဲ့မယုံသင်္ကာ
မျက်ဝန်းမြှားမိုးတွေ
ချစ်ခဲ့တဲ့ဒီရင်အုံနဲ့ပဲ
ခေါက်ခေါက်သိမ်းထားဖြစ်လိုက်တယ်....................။။။

အိုင်လွယ်ပန်

5 comments:

emayarKhin said...

သိမ်းထားရင်လည်းပြီးတာဘဲ...............

Unknown said...

ဒေါသတွေကို ချစ်တဲ့စိတ်နဲ့ မျိုချလိုက်ပါဗျာ။ ထမင်းကို ဟင်းကောင်းကောင်းနဲ့ ချက်ကျွေးပါလိမ့်မယ်။.... ဟီ...ဟိ....

Unknown said...

ဟိ...။ ပြောသွားပြီ..။ သိမ်းထားရင် ပြီးတာပါပဲတဲ့...။ မိုက်တယ်ဗျ ကဗျာက...။ တိုတိုလေးနဲ့ထိတယ်...။ :)

Anonymous said...

သိမ်းထား ကောင်းကောင်း ရူးတော့မှာပဲ ဟိုဘလော့မှာ ကျ မောင့်အတွက်တဲ့ ဒီမှာကျတော့ ရွာလိုက်တဲ့မယုံသင်္ကာ
မျက်ဝန်းမြှားမိုးတွေ ဆိုတော့ ဘယ်လိုလုပ်မတုန်းး ရူးချင်တယ်း)

ThinkingHoney said...

မယုံသင်္ကာ မျက်ဝန်းမြှားမိုးတွေတဲ့
မခံစားဖူးပေမယ့် တော်တော်အခံရခက်မယ်လို့ ခန့်မှန်းမိပါတယ်
အရမ်းကောင်းတဲ့ ကဗျာပဲဗျိှု့ ကြိုက်တယ်