ရောင်နီမလာခဲ့သောကောင်းကင်ယံများ

ချေးညှော်အထပ်ထပ်နဲ့
ရွေးချယ်ခွင့်မရှိတဲ့ဖြစ်တည်မှု
တစ်နေ့ထက်တစ်နေ့ပေါ့
ဘဝတွေပါးလျလာခဲ့ xxxxxxxxxxxx

ဒီဘဝကို စရောက်လာကတည်းကကျွန်တော့်တို့မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာပါမလာခဲ့ဘူး………………
အစကတော့ တကယ့်ကိုဟုတ်မလိုလိုပါပဲ…………
သူတို့တွေ ရွေးချယ်ပေးခဲ့တဲ့ ကျွန်တော့်တို့ရဲ့လမ်းက အဆောင်အယောင်တွေ တလက်လက်နဲ့…………..
ကျွန်တော့်တို့ကို လှပေ့ပပေ့ဆိုတဲ့ အရောင်တွေ ချယ်ပေးကြတယ်……………..
အရမ်းကိုကောင်းမွန်လှပတဲ့ နန်းတော်တစ်ခုထဲမှာ ကျွန်တော့်တို့ဘဝကိုပိတ်လှောင်
ကောင်းမွန်လှပတဲ့ တန်ကြေးတစ်ခုကို တံဆိပ်ခပ်ပြီး ကျွန်တော်တို့ကို အဆင့်မြင့်မြင့်ထားခဲ့ကြတယ်လေ…
အခုတော့ဗျာ……………………………
…………………………………
…………………………………………………

ကလေးများပြောသောစကားအဆုံးတွင် သူစဉ်းစားမိသည်……………………….
သူဒီကလေးများထက်အရင် ဒီနေရာကိုရောက်ခဲ့ပါသည်………….
သူ့ဘဝသည်လည်း ဒီကလေးများထက်အရင် စုတ်ပြတ်ပါးလျခဲ့ရင်း နောက်ဆုံးအချိန်တစ်ခုကို
သူစောင့်စားနေရသည်…………..သူဒီကလေးများကို နှစ်သိမ့်မှုတစ်ခုခုပေးချင်ပါသည်…………….
သို့သော် နှစ်သိမ့်မှုသည် နှစ်သိမ့်မှုသက်သက်မှလွဲပြီး ဘာမှဖြစ်မလာနိုင်သည်ကိုလည်း
သူသိနေသည်………..သူ့အာခေါင်တွေခြောက်ကပ်နေသည်……………

ရွေးချယ်ခွင့်မရှိတော့ဘူးဆိုရင်လည်း ထားပါဗျာ……ရောက်နေတဲ့ဘဝမှာ ပျော်သလိုနေဖို့
ကျွန်တော်တို့ကြိုးစားပါတယ်…….ဒါပေမယ့်ဗျာ
ကျွန်တော်တို့တွေကတော့ သူတို့တွေကို အခိုက်အတန့်လေးပဲဖြစ်ဖြစ် မွှေးမြစေဖို့
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေကို အစွမ်းကုန်ပါးလျ ပွင့်အာပေးပါတယ်………
သူတို့ကတော့ ကျွန်တော်တို့ကို ရှိတယ်လို့တောင် သဘောမထားပဲ ရှိရှိသမျှ
သူတို့ရဲ့ အညစ်အကြေးတွေကို ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ပုံချကြတယ်…….
ပြီးရင်သူတို့ ဘာမှမလုပ်ခဲ့တဲ့ မျက်နှာပေးတွေနဲ့လေ…………………..

သူ ကလေးများအားကြည့်ပြီး ရင်ထဲတွင် စကားလုံးများဖြင့်ပြည့်လျှံနေပါသည်…………..
သို့သော် ပြင်ပတွင်မည့်သည့်စသားလုံးမျှ လျှံမကျလာနိုင်အောင် သူ့ရင်ဘတ်များ
တင်းပြည့် ကြပ်ခဲနေသည်…………….သူတို့ကဲ့သို့ ဘဝတွေမည်မျှ ပါးလျခဲ့ပြီလဲ……
သူမသိပါ……သူကိုယ်တိုင်လဲ သူ့ဘဝကို သူမုန်းနေပါသည်…………….
ထိုစဉ်မှာပဲ သူ့ခေါင်းပေါ်သို့ အညစ်အကြေးများကျလာပြီး သူ့ဘဝမှာ
ပါးလျမှောင်မိုက် သွားခဲ့ပြန်သည်……………………………

ထိုသို့ဖြင့် အိမ်သာထဲမှ “ပရုပ်ခဲ” လေးများ၏စကားသံများ ခဏတာတိတ်ဆိတ်သွားခဲ့သည်………။။။

အိုင်လွယ်ပန်

5 comments:

ThinkingHoney said...

:(
very sorrowful
ပရုတ်ခဲလို့ပြောတာတောင် ရင်ထဲမှာဆို့နင့်သွားတယ်
ဘာတွေစဉ်းစားမိတယ်မဆိုနိုင်ဘူး

အလင်္ကာ said...

Great Post!!! :)

Unknown said...

ချေးညှော်အထပ်ထပ်နဲ့
ရွေးချယ်ခွင့်မရှိတဲ့ဖြစ်တည်မှု
တစ်နေ့ထက်တစ်နေ့ပေါ့
ဘဝတွေပါးလျလာခဲ့ xxxxxxxxxxxx
“ပရုပ်ခဲ” လေးများ၏စကားသံများ ခဏတာတိတ်ဆိတ်သွားခဲ့သည်………။။။
ကျုပ်လဲ စိတ်ဓာတ်တွေ လုံးပါးပါး လာတာ ဘာမှမကျန်တော့ဘူး......
ရှင်သန်ခြင်းက အဓိပ္ပါယ်မဲ့လာသလိုပဲဗျာ။

Han Thit Nyeim said...

ကျွန်တော့်ဆရာတစ်ယောက် ပြောဖူးတယ်...။
`ဘာဖြစ်တယ်၊ ဘယ်သူဖြစ်တယ်ဆိုတာ အရေးမကြီးဘူးတဲ့။ သူဘယ်လို အသက်ရှင် နေထိုင်တယ်ဆိုတာ ကသာ အရေးကြီးတာတဲ့´

အတွေးလေးက မိုက်တယ်ဗျာ။ အားပေးနေတယ်။

Unknown said...

မရေး မရေးနဲ့ ရေးတော့လဲ လက်လန်တယ် အတွေးတွေက...။