ပြူတင်းတံခါးလေးသို့......အလွမ်း

နွေဦးကတော့မပေါက်သေးဘူး
အလွမ်းတွေကရွာရိုးကိုးပေါက်
ခပ်တောက်တောက်မျက်လုံးရိုင်းလေးကိုလွမ်း
ခပ်ချွန်ချွန်နှုတ်ခမ်းလေးကိုလွမ်း
ခပ်သေးသေးကိုယ်လုံးလေးကိုလွမ်း
လွမ်းရင်းနဲ့သာ
ရာသီကြိုးတွေကုန်သွား
ကံကောင်းခြင်းစောင်းသံက
အခုထိဗြုတ်စဗျင်းတောင်း
ခဏတာလေးပါတဲ့
တစ်ဘဝစာလိုကြာလားကြာရဲ့
ရင်ခွင်ရဲ့ရိုးရာက
မင်းရဲ့ပစ်စာကိုမှငတ်တယ်
ဖြစ်ချင်တာနဲ့ဖြစ်နေတာကတလွဲ
ရဲပလောင်းခတ်အောင်နားလည်ခြင်းတွေထပ်ခဲ့ပြီးကာမှ
လက်ချင်းကိုချိတ်ဆူးတောဖြတ်ပြီးကာမှ
မြတ်နိုးချင်းတေးသံပြိုင်သီပြီးကာမှ
စေ့ရုံသာစေ့ထားတဲ့
ဒီတံခါးလေးကဖွင့်မရတော့ဘူး
စူးနစ်အောင်..................လွမ်း.....................။။။

အိုင်လွယ်ပန်

5 comments:

တင့်ထူးရွှေ said...

ကောင်းတယ်အစ်ကိုရေ ၊ အားပေးလျှက်ပါခင်ဗျာ ၊ အဆင်ပြေပါစေ ။

ကိုရင်ညိန်း said...

ရင်ခွင်ရဲ့ရိုးရာက
မင်းရဲ့ပစ်စာကိုမှ ငတ်တယ် ။

အဲဒီအသုံး ၊ အဲဒီနိမိတ် အရမ်းကောင်းတယ်ဗျာ
ကျုပ်ကတော့ တစ်ပုဒ်လုံးကို အဲဒီပါဒနဲ့ သိမ်းလိုက်တယ်
ရင်ဘတ်ထဲကိုတန်းပြီးထိတယ် ။ လေးစားတယ် ။ အားကျတယ် ။ အားပေးတယ်ဗျာ ။

Anonymous said...

မင်းရဲ့ပစ်စာကိုမှငတ်တယ်
ဖြစ်ချင်တာနဲ့ဖြစ်နေတာကတလွဲ

ကျနော်လည်း အဲ့လို ခဏခဏ လွဲဖူးတယ် :)

emayarKhin said...

ဖတ်ရတာရင်နာတယ်.....
တံခါးဖွင့်လို့မရရင်ရိုက်သာချိုးလိုက်....
ဒါမှမဟုတ်လဲနောက်ဖေးပေါက်က(အရင်လိုဘဲ)
လှည့်ဝင်ခဲ့.......
လွမ်းလိုက်တာ..................

သဇင်ဏီ said...

ငါဒီကဗျာလေးကြိုက်တယ်ဟ