ကောင်းကင်ပါငိုတဲ့နေ့



အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့မြင့်မြတ်ခြင်းခရီးမှာ
ကောင်းကင်ကြီးကပါငိုတယ်………………..

ပျိုးရုံသာပျိုးရသေးတဲ့
အလင်းအိမ်လေးကို
အပြီးသတ်ထွန်းညှိ
ငြိမ်းချမ်းခြင်းစည်းချက်ညီစေခဲ့သူ…………….

မြေပြန့်အနှံ့ကအုံ့မှိုင်းမိုး
တောင်ရိုးတစ်လျှောက်ကဒုက္ခအခိုးတွေကို
မျိုးချစ်စိတ်ရဲရဲနဲ့ဇလဗေဒကောင်းစေခဲ့သူ………………………

တစ်ခုထဲသောကုတ်အနွမ်းအောက်က
ဂရုဏာရင်ငွေ့နွေးနွေးနဲ့
ရဲရင့်ခြင်းသွေးတွေပွက်
ဘေးအပေါင်းအားပျက်စေခဲ့သူ………………………….

သူဟာ…….
ပြန့်ကျဲနေတဲ့
ကျွန်တော်တို့ရဲ့ အိပ်မက်တွေကိုအစီအရီစုစည်း
ခလုပ်ကန်ကန်သင်းတွေပြည့်နှက်နေတဲ့
ကျွန်တော်တို့ရဲ့လမ်းကို
ရင်ဘတ်နဲ့နင်းပြီး
ကျွန်တော်တို့အတွက်
ပန်းခင်းတွေထားပစ်ခဲ့တယ်…………………….

အဲဒီနေ့က
သူနဲ့သူရဲကောင်းများရဲ့မြင့်မြတ်ခြင်းခရီးပေါ့
ကျွန်တော်တို့ကို
လွတ်လပ်ခြင်းတွေနီးစေပြီး
သူတို့ကတော့ကျွန်တော်တို့နဲ့
ဝေး…..သွား…..လိုက်…..တာ……..
ကောင်းကင်ရဲ့ပုလဲဥတွေလေ……
ကြွေလို့လွင့်လို့……………………။။။

အိုင်လွယ်ပန်

(19th JULY မှာကျရောက်တဲ့ကျွန်တော့်ရဲ့မွေးနေ့မှာ ဒီကဗျာလေးနဲ့ “ဖခင်” ပီသ ခဲ့တဲ့နိုင်ငံရဲ့
“ဖခင်”ကြီးကို ဂါရဝပြုလိုက်ပါတယ်ဗျာ……အရင်ရေးထားတဲ့ကဗျာအဟောင်းလေးကိုပဲ
ပြန်ပြီးမွန်းမံလိုက်တာပါ…………)

5 comments:

ညိမ်းညို said...

လှိုက်လှိုက်လှဲလှဲရေးဖွဲ့ထားတဲ့ ကဗျာကောင်းတပုဒ်ကို ဖတ်ခွင့်ရလို့ ကျေးဇူးတင်ပါတယ် ညီလေးရေ
ပျော်ရွှင်ချမ်းမြေ့ပါစေ :)

လင်းထက် said...

ကျဆုံးလေပြီးသော အာဇာနည် များကို အလေးပြုရင်း မွေးနေ့မှာ ပျော်ရွှင်ပါစေ လို့ဆုတောင်းခဲ့ပါတယ်...။

Mintasay said...

it's a touching poem in a grief day like this...

မျှားပြာ said...

မွေးနေ့မှာ ပျော်ရွှင်ပါစေ ကိုအိုင်ရေ ..။

မောင်မျိုး said...

ိဝိုးးး...ထူးဆန်းပါ့ အောက်ဆုံးမှတ်ချက်ရောက်မှပဲ မွေးနေ့ မှန်းသိတော့တယ် ကဗျာအတွက်ကျေးဇူး အစ်ကို ရင်ဘတ်နဲ့  ထပ်တူခံစားသွားပါတယ် ။