ကျွန်တော့်ရဲ့လမ်းမပေါ်မှလောင်စာများ



ကိုအိပ်မက်မည်းက TAG ပါတယ်…….ကျွန်တော်လည်းကဗျာရေးလို့ မရတဲ့ အချိန်…..
စိတ်ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ကော …..
ကိုအိပ်မက်မည်းပြောခဲ့သလိုကျောင်းသားဘဝကို အမှတ်တရအနေနဲ့ကော…….
ဒီပို့စ်ကိုရေးဖြစ်တာပါ……….ဘဝဆိုတာကို လမ်းမတစ်ခုလို့ကျွန်တော်နားလည်ထားပါတယ်……….
ကျွန်တော့်ရဲ့လမ်းမကို ဒီလောင်စာတွေနဲ့ ကျွန်တော် ခရီးသွားနေပါတယ်…….


ကိုယ့်ရဲ့နာမည်………………………အိုင်လွယ်ပန်
ကိုယ့်ကိုသူငယ်ချင်းတွေကဒီလိုခေါ်တယ်……………… “ဟိတ်ကောင်”
ကိုယ်ဒီမှာနေတယ်……………အဆောင်
ကိုယ့်ဆီဖုန်းဆက်ချင်ရင်……………..ဆက်ပါဗျာ
အရောင်ဆိုရင်…………….အနီ
အဝတ်အစားဆိုရင်……………တီရှပ်+ဂျင်းဘောင်းဘီ
အစားအစာဆိုရင်……………မုန့်ဟင်းခါး
ပစ္စည်းဆိုရင်……………………….ကိုယ့်အတွက်အသုံးဝင်တာမှန်သမျှသုံးတယ်
သီချင်းဆိုရင်……………….အားလုံးကစိတ်ညစ်ကြတယ်
စာရေးဆရာ…………………..တော်တော်များများ
စာအုပ်……………………….တော်တော်များများ
Life style………………….“ဒီနေ့” ဆိုတာထဲမှာပဲ ကျွန်တော်နေနေပါတယ်
ကိုယ့်ရဲ့ဝါသနာ…………..ကဗျာရေး … စာဖတ်...ဘောလုံးကန်
အလိုချင်ဆုံးလက်ဆောင်………………. ချစ်သူရဲ့အပြုံး
ကိုယ့်ရဲ့အချစ်ဆုံးသူက……………….ဖေဖေ + မေမေ နဲ့ ချစ်သူ
ကိုယ့်ရဲ့အလေးစားဆုံးသူက…………………ဗိုလ်ချုပ်အောင်ဆန်း
ကိုယ့်ရဲ့အခင်ဆုံးသူငယ်ချင်းက………………..တော်တော်များတယ်
ကိုယ့်ကိုအများဆုံးနားလည်မှုပေးနိုင်သူက…………………ချစ်သူ
ကိုယ့်ရဲ့အမုန်းဆုံးသူက………………….နောက်ကျောမှဓါးဖြင့်ထိုးတတ်သူ
ရင်အခုန်ဆုံးအချိန်……… ၁၉၉၉ ချန်ပီယံလိဂ် ဗိုလ်လုပွဲည မန်ယူတစ်ဂိုး ရှုံးနေချိန်
အကြောက်ဆုံးအချိန်…. ယောက်ျား စစ်စစ်ကြီးတစ်ယောက်မှ ကိုယ့်အား“မောင်”ဟုခေါ်လိုက်သောအချိန်

အပျော်ဆုံးအချိန်…………………………ခွဲခွါခါနီးတွင် အဖေက ကျွန်တော့်ကို နမ်းလိုက်သောအချိန်
အမှတ်တရနေ့……………………..ကျွန်တော့်မွေးနေ့
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု………………….နေတတ်ရလိုပါ၏
အချစ်ဆိုတာ…………………ပြန်ချင်ပြန် မပြန်ချင်နေ ထာဝရသွားနေတတ်သောအရာ
အမုန်းဆိုတာ…………………………သတ္တဝါတို့ဖန်တီးသမျှထဲတွင်အပူလောင်ဆုံးသောအရာ
အလွမ်းဆိုတာ………………………..ချစ်ခြင်းတရားရဲ့ဘေးထွက်ဆိုးကျိုး
သံယောဇဉ်ဆိုတာ…………………..မသောက်ဘဲရစ်တတ်သောကြိုးတင်းတင်းတစ်ချောင်း
ဘဝဆိုတာ……………………………လမ်းမတစ်ခု
သူငယ်ချင်းဆိုတာ……………………အချိန်မှန်ဂရုတစိုက်ရေလောင်းသင့်သောပန်းပင်တစ်မျိုး
ချစ်သူဆိုတာ………………….ရင်ဘတ်ထဲမှနတ်ဘုရား
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………………..ခပ်ကြောင်ကြောင်ကောင်
ကိုယ့်ရဲ့လက်စွဲဆောင်ပုဒ်က…………………“ ဖြစ်ပြီးမှနောင်တမရပါနဲ့ ”
အပြောချင်ဆုံးစကားတခွန်း……………………….ကောင်းသောနေ့ပါဗျာ

(P.S ကိုအိပ်မက်မည်းရေ! TAG ကြွေးကျန် ဆပ်လိုက်ပြီနော်…..)

အိုင်လွယ်ပန်

5 comments:

Unknown said...

အကြောက်ဆုံးအချိန်က ယောက်ျား စစ်စစ်ကြီး တစ်ယောက် မှ ကိုယ့်အား “မောင်” ဟု ခေါ်လိုက်သောအချိန် ဆိုတော့
ဟေ့လူ... တကယ်ခေါ်ခံရဖူးတယ်မှတ်တာပဲ.... ဟီးးးဟီးးး
သတင်းစာ ရှင်းလင်းပွဲ တော့ လုပ်အုံးဗျ။
ဟိုဖက် အမရာ့ blog မှာလဲ မောင်ဆိုတာတွေ့တယ်။
အမရာရေ.... ဟီးးးး ဟီးးးးး နင်တော့ စင်ပြိုင် အစိုးရနဲ့ တွေ့နေပြီနော်...... သတိထား.....ဟေးးးဟေးးးး

Anonymous said...

ကျနော်တို့ က ကိုအိုင်းလို့  ခေါ်တယ်လေ ဒါဆို သူငယ်ချင်းမဟုတ်ဘူးပေါ့း) မုန့် ဟင်းခါးကြိုက်တာတော့ တူတယ် ၊Life style မိုက်တယ် ဒီစာသားလေး ချစ်သူရဲ့အပြုံးလိုချင်ရင် အမရာကို ကလိထိုးနေပေါ့ ဟိဟိ အကြောက်ဆုံးအချိန်ကြီးတကယ်ကြောက်လာပြီးး
ကျနော်လည်းရေးဖို့  မေ့သွားတယ် ရင်အခုန်ဆုံးအချိန် မန်ယူပွဲစဉ်ကြည့်တိုင်း ရင်ခုန်နေကျပဲ ...ကိုအိုင်း အကြောင်းသိသွားပြီးးး အဆင်ပြေပါစေ။

တင့်ထူးရွှေ said...

ရင်ဘတ်ထဲမှ နတ်ဘုရား မိုက်တယ်ဗျ၊ မုန်ဟင်းခါး ကြိုက်တာချင်း တူတယ်၊ အဆင်ပြေပါစေဗျို့။ ။

Unknown said...

ချစ်သူဆိုတာ ရင်ဘတ်ထဲက နတ်ဘုရားဆိုပါလား..။ အစ်မကြားလို့ကတော့ ထခုန်မှာပဲ ဟိ :P

aries.born.in.sun said...

hi.. I came here from myayayhlin.
I like to read it.. it's not bad..
I think you improve a lot...
long time no see naw...
anyway hope to see u again..