ခွေးတစ်ကောင်ရဲ့အိမ်ပြန်ခရီး

အပိုင်း (၁)
ဆည်းဆာသည် ခွေးတစ်ကောင်အဖို့ အရုပ်ဆိုးလှပါသည်…………………..
ခွေး စိတ်ရှုပ်နေသည်…..သူလျှောက်လာသည်မှာ အတော်ကြာမြင့်ခဲ့လေပြီ……..ခွေးတစ်ကိုယ်လုံးရှိ
အကြောအချဉ်များမှာ သံချောင်းတစ်ချောင်းလို မာတောင့်လျက် သူလျှောက်လာသည့်ခရီးအား
သက်သေပြလျက်ရှိသည်……….လူတွေပြောပြောနေခြင်းကြောင့် မာကိုပိုလို ကို ခွေးကြားဖူးနားဝ
ရှိသော်လည်း ထိုသူဘာတွေလုပ်ခဲ့မှန်း ခွေးမသိပါ………ခွေးသိသည်မှာ လက်ရှိသူ့ဘဝကိုသူ
မပျော်ပိုက်တော့ခြင်းပင်ဖြစ်သည်……….သူ သမားသရိုးကျခွေးများလို လူများပေးစာကမ်းစာစား
လူများ၏အိုးအိမ်ခြံဝင်းများအားစောင့်ရှောက်…..လူများအားခေါင်းဖြင့် ပွတ်သပ်ချွဲနွဲ့………..
အစာတောင်း…ထိုဘဝအား ခွေး ညည်းငွေ့အော်ဂလီဆန်လာသည်………ထိုသို့ဖြစ်လာခြင်းသည်
ယ္ခု ခွေး ထွက်လာဖို့ အကြောင်းဖန်လာခြင်းပင်ဖြစ်သည်………..ခွေး မထွက်လာခင် ခွေး၏အမေက
ခွေးအား မင်းဟာ တစ်သက်လုံး ခေွးဖြစ်မဲ့ကောင်မဟုတ်ဘူးဟု ပြောလိုက်သည်……….ခွေးလဲထိုစကား
အားကြိုက်သည်…..ခွေး ခွေးမဖြစ်ချင်ပါ……….လူများအရိပ်အခြေကြည့်ပြီးနေရသောဘဝကို
ခွေး ရွံ့မုန်းလှပါသည်…………..ထိုသို့ဖြင့် ညစ်ညစ်နှင့် ခွေး လျှောက်သွားနေခြင်းဖြစ်သည်………….။

အပိုင်း (၂)
ညသည်ကြယ်ရောင်များအားရင်ခွင်ထဲသို့ထည့်ဝှက်ထားသည်…………..သစ်ပင်တစ်ပင်အောက်တွင်
ခွေးဆာဆာနှင့်အိပ်ပျော်သွားသည်မှာ မည်မျှကြာမြင့်သွားသည်မသိ စကားသံများကြောင့်
ခွေး နိုးလာခဲ့သည်…………“နင် .ဒီလိုဖြစ်လာမယ်မှန်းအရင်က မစဉ်းစားဘူးလား “နှင်းဆီ” ရယ်.
အခုတော့ ဟိုကနင့်ကိုမယူနိုင်ဘူးတဲ့…….နင့်ပတ်ဝန်းကျင် ကိုနင်ဘယ်လိုရှင်းမလဲ……ငါတော့သေသာသေ
လိုက်ချင်တော့တယ်ဟယ်…….နင်ဟာလေ ခွေးထက်တောင် မိုက်လုံးကြီးသေးတယ်”……..
ငိုသံနှင့်ရောထွေးနေသောစကားသံများ…. …. ခွေးလန့်သွားသည်……သူ့ထက်တောင်မိုက်သည်ဆိုပါလား…
ခွေးခေါင်းထောင်ပြီးကြည့်မိသည်………အိုး….ဒီလောက်လှပချောမွေ့သည့် မိန်းကလေးတစ်ဦးက
သူ့ထက်တောင်မိုက်သည်မှာ……သူမယုံနိုင် အောင်ဖြစ်ရသည်……..သတ္တဝါထဲတွင် ဥာဏ်ပညာ
အလိမ္မာဆုံးမို့ လူဟုခေါ်သည်မဟုတ်ပါလား……..စကားသံများ တစ်ဖြည်းဖြည်းနှင့် ဝေးဝေး
သွားသည်…….ခွေးမှာသာနားမလည်မှုများစွာနှင့်…………….။

အပိုင်း (၃)
ရောင်နီသည် ခွေးတစ်ကောင်၏ ဒွိဟများအားသဲ့ထုတ်မသွားပါ…….ထမင်းစားရေသောက်ပင်
ပျူထွက်လာသည်………………ခွေး မထသေးဘဲ ဆက်မှိန်းနေသည်…………..ညက စဉ်းစားလို့
မရဘဲ အိပ်မပျော်တစ်ချက်ပျော်တစ်ချက်…………..ထိုအချိန်မှာပင် လူငယ်တစ်ယောက် အပင်အောက်သို့
ရောက်လာပြီး တစ်စုံတစ်ရာကိုစိတ်ရှည်လက်ရှည် နှင့်စောင့်ဆိုင်းနေသည်…………
တစ်စုံတစ်ခုကိုလဲ ထုတ်ကြည့်လိုက် ပြန်ထည့်လိုက်လုပ်နေသည်…………
ခွေး လည်းစိတ်ဝင်တစား စောင့်ကြည့်နေလိုက်သည်……….
မကြာပါ အပင်အောက်သို့ နောက်ဆုံးပေါ်ကားတစ်စီးထိုးရပ်လာပြီး အသက်ငါးဆယ်အရွယ်
ရုပ်ရည်သန့်ပြန့်သော လူကြီးတစ်ဦးဆင်းလာကာ လူငယ်အားမေးလိုက်သည်…
“မောင်ရင်ကျုပ်ကိုတွေ့ချင်တာ “နှင်းဆီ” ကိစ္စထင်တယ်” ……. “ဟုတ်တယ် “ဦးကျော်အောင်” ……
ခင်ဗျားကြီး ယုတ်မာခဲ့တဲ့ကိစ္စ ခင်ဗျားနဲ့ဘာမှမဆိုင်သလိုဘဲ နေနေဦးမှာလား”……….
“ကျုပ် ဘယ်ကိစ္စကိုမှ မယုတ်မာခဲ့ဘူးမောင်ရင်…..ကျုပ် ဘယ်အရာကိုမှ အလကားမယူခဲ့ဘူး……
ကျုပ် “နှင်းဆီ” ဆီကို ဝင်ပြီဆိုကတည်းက ဘာလိုချင်လို့လဲဆိုတာ မောင်ရင်လဲသိတယ်….လူတိုင်းလဲသိ
တယ်…..“နှင်းဆီ” ကိုယ်တိုင်လဲသိတယ်………….ကျုပ်က တစ်ခုပေးလို့ “နှင်းဆီ”ကကျုပ်ကိုတစ်ခုပြန်ပေး
တာပဲ……လောကကြီးရဲ့အပေးအယူ သဘောတရားကိုမောင်ရင် ကောင်းကောင်းသဘောပေါက်ရင်
မောင်ရင်ကျုပ်ကို အခုလိုခေါ်တွေ့မှာတောင် မဟုတ်တော့ဘူး”…………...“ခင်ဗျားကြီး ခွေးစကား
မပြောနဲ့ …..ခင်ဗျားကြီး ခွေးကျင့်ခွေးကြံကြံ ပြီးမှ ဒီစကားမျိုးပြောထွက်တယ်……လူဆိုတာ ကိုယ်လုပ်တဲ့
ကိစ္စကိုယ် တာဝန်ယူရတယ်ဗျ”………….ခွေး ဝေခွဲမရဖြစ်သွားသည်………ဘယ့်နှယ့်လူတွေကသူ့ကို
ဆွဲဆွဲသွင်းနေရတာလဲ………….ဆက်လက်နားထောင်ကြည့်လိုက်သည်…………“ဟုတ်တာပေါ့
မောင်ရင်ရယ် လူဆိုတာ ကိုယ့်ကိစ္စကိုကိုယ် တာဝန်ယူရတာပေါ့……..ကျုပ်လဲ …သူလိုသလောက်
ပေးဖို့ ပြောထားပြီးသားပဲလေကွယ်……. မယားကြီးရှိတဲ့ကျုပ်ကို လက်ခံကတည်းကိုက သူဟာ
မယားကြီးဖြစ်ခွင့်မရှိဘူးဆိုတာ သဘောပေါက်ထားပြီးသားပါ……အခုကျမှဘာဖြစ်လို့ ရပိုင်ခွင့်တစ်ခုကို
မကျေနပ်နိုင်ရတာလဲကွယ်………ကျုပ်အခုလိုနေထိုင် သုံးဖြုံးနေနိုင်တာဟာ…..မောင့်ရင့်အရွယ်တုန်းက
မောင်ရင်အခုဖြစ်နေတဲ့ မခံချင်စိတ်တစ်ခုနဲ့ကြိုးစားခဲ့လို့ပဲ……..မောင်ရင့်အရွယ်မှာ အများကြီးပေးဆပ်ခဲ့ရ
လို့ပဲလေ……….လောကကြီးမှာ ဘယ်အရာမှအလကားမရဘူးမောင်ရင်……မောင်ရင်အခုကျုပ်ကိုစကား
ပြောနေတာတောင် မောင်ရင့်လည်ချောင်းထဲက အားထုတ်မှုတစ်ခုကို မောင်ရင်ပေးဆပ်နေရတယ်
ကွယ့်……..ဒီလိုပဲ ကျုပ်က ပေးတယ်….ပြန်ယူတယ်…..မပေးတာကြီးကို ကျုပ်အတင်းမယူဘူးမောင်ရင်
ကျုပ်ယူချင်လဲ မရဘူး………..ဘယ်သူမှလဲမရနိုင်ဘူး”………ခွေး ဇာတ်လမ်းတစ်ပုဒ်ကိုမှန်းဆကြည့်လို့
ရသွားသည်…………လူကြီး၏စကားများအား ဒေါသဖုံးလွမ်းနေသောလူငယ် မည်သို့မျှနားလည်လာမည်
မဟုတ်ပါ……..မကြာမီအချိန်အတွင်းမှာပင် လူငယ်မှာ ထိုလူကြီးမလာခင်က ထည့်လိုက်ထုတ်လိုက်လုပ်
အရာအား ထိုလူကြီးအား လက်ဆောင်ပေးပါတော့မည်……..ထိုအရာမှာ အသွားထက်လှသော
ဓါးမြှောင်တစ်ချောင်းဖြစ်ကြောင်း သိနေနှင့်သော ခွေး အဖို့ ထိုဇာတ်လမ်းအား ဆက်ကြည့်ရန်
မလိုအပ်တော့ပါ………ခွေး ထထွက်လာခဲ့သည်………………….။

အပိုင်း (၄)
နေရောင်သည် တိမ်များကိုပန်းချီချယ်နေသည်………ခွေး ရင်ထဲတွင်လဲ ပန်းချီကားများစွာရှိပါသည်…….
အေးမြလှသောဝါးပင်များ၏ အရိပ်အောက်မှ ကျောင်းဆောင်လေးတစ်ခုသို့ ရောက်လာခဲ့သည်…….
အဝေးတွင် ခပ်ဝါးဝါးအရာနှစ်ခု…..ထိုအရာများနှင့်နီးလာအောင် ခွေး လျှောက်လာခဲ့သည်………….
တွေ့ပါပြီ…….လေးချောင်းတန်း ဝါးခုံတန်းလေးပေါ်တွင်ကြည်ညိုဖွယ်ကောင်းလှသော
ရဟန်းတစ်ပါးနှင့် အောက်တွင်ဖူးမျှော်နေသော မိန်းမလှလေးတစ်ယောက်…….
ရဟန်းက စကားစလိုက်သည်……..“ဒကာမကြီး “နှင်းဆီ”……ဖြစ်ပြီးသမျှတွေကို မတွေးနဲ့တော့…..
အမှားဆိုတာလူတိုင်းနဲ့မကင်းဘူး…….လူတွေမှာ သူများရထားတဲ့ အခွင့်အရေးတွေကို မက်မောနေပြီး
လုပ်နေကိုင်နေပြောနေမယ် ဆိုရင် အဲဒီပုဂ္ဂိလ်ဟာ စိတ်မချမ်းသာနိုင်ဘူး……..စိတ်မချမ်းသာရင်
စိတ်မကြည် သမာဓိမဖြစ်နိုင်ဘူး တည်ကြည်မှု သမာဓိမဖြစ်လို့ ရှိရင် အသိဥာဏ်ဆိုတာမပေါ်နိုင်ဘူး…….
အသိဥာဏ်ပညာမရှိတဲ့ သူအတွက် လုပ်သမျှအလုပ်တွေလွဲ ပြောသမျှစကားတွေမှား စဉ်းစားသမျှ
စိတ်ကူးတွေ တက်တက်စဉ်အောင် လွဲချော်ကုန်တော့တာကလား………..ဒါကြောင့်မို့
ဒကာမကြီးသဘောပေါက်ရမှာက ကိုယ်ရလိုက်တာကိုကျေနပ် သဘောပေါက်လိုက်စမ်းပါ…..
လောကသဘောနဲ့ပြောရရင် ကိုယ်လုပ်လိုက်တဲ့အကုသိုလ် ရဲ့အလျော်အစားက တကယ်မသက်သာ
လှပေဘူး…….သူများတွေရဲ့ရပိုင်ခွင့်ကို အားမကျရဘူးလားလို့မေးစရာရှိလာမယ်…….အားကျခွင့်ရှိ
ပါတယ်….ကြိုးစားခွင့်ရှိပါတယ်…………ကြိုးစားပေါ့……အဓိကကတော့ လမ်းမှန်ရမယ်……
ရောင့်ရဲမျှတမှု ရှိရမယ်….မနာလိုမဖြစ်ရဘူး…………ကိုယ်ရထားတဲ့ရပိုင်ခွင့် ကိုလဲကျေနပ်….
ပြီးမှပိုကောင်းအောင်ကြိုးစားပေါ့…………
သလာဘံ နာတိမေညယ်
နာညေသံ ပိဟယံစရေ
အညေသံ ပိဟယံ ဘိက္ခု
သမာဓိ နာဓိဂစ္ဆတိ………… တဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကဟောတယ်……
ကိုယ့်လက်ရှိရပိုင်ခွင့် လေးကိုမကျေနပ်နိုင်ဘဲ သူများတွေ အဆင်ပြေနေတာ ကြည့်ပြီးတော့
အတင်းလိုက်လိုချင်နေရင်တော့ ရဟန်းပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် ဘယ်သူဘဲဖြစ်ဖြစ် စိတ်ဆင်းရဲ
ဒုက္ခရောက်နေမှာပေါ့………………..ဒီတော့ ဖြစ်ပြီးသမျှနဲ့ ဖြစ်လာတဲ့ ကိုယ့်ရပိုင်ခွင့်ကို သိလိုက်စမ်းပါ
ဒကာမကြီး”…….. ရဟန်းတော်၏စကားအဆုံးတွင် ခွေး အသိဥာဏ်တစ်ခု လင်းကနဲရသွားသည်…….
ခွေး တစ်ကောင်၏စိတ်များ လုံးဝရှင်းလင်းသွားလေပြီ………..ရပိုင်ခွင့်ကို သူကောင်းကောင်းသဘော
ပေါက်ခဲ့ပြီ…………….ခွေး ပေါ့ပါးစွာထွက်လာလိုက်သည်………ခွေးရင်ထဲမှ ပန်းချီကားများအားလုံးပျောက်
ကုန်ကာ အဖြူရောင်ကင်းဘတ်စတစ်ခု သာရှိနေတော့သည်………ထို ကင်းဘတ်စ သည်ပင် ခွေး အတွက်
အလှပဆုံး ပန်ချီကားတစ်ချပ်ဖြစ်သောကြောင့် မည်သည့်ပန်းချီကားမှ ခွေးအဖို့ မလိုအပ်တော့ပါ………….။

အပိုင်း (၅)
ဆည်းဆာသည်လောကအားကိုယ်ဖိရင်ဖိပံ့ပိုးနေသည်……………….
ခွေး တစ်ကောင်၏အိမ်ပြန်ခရီးသည်လည်းမြူးကြွသွက်လက်စွာ ဆည်းဆာနှင့် ပနံရနေပါတော့သည်…………။။။

(ဓမ္မဒူတ အရှင်ဆေကိန္ဒ ၏ ရပိုင်ခွင့် တရားတော်ကိုမှီးကာ ရေးဖွဲ့ ပါသည် )

အိုင်လွယ်ပန်

9 comments:

လင်းဒီပ said...

ကောင်းတယ်ဗျာ...ကြိုက်တယ်...နောက်လည်းလာလည်မယ်...Link လည်းလုပ်သွားတယ်...
အဆင်ပြေပါစေ..

တင့်ထူးရွှေ said...

ကောင်းတယ် ကိုအိုင်ရေ အတွေးရော အရေးရော ထိတယ် မိတယ် ..။

BLACK DREAM said...

မှန်တယ် ကိုအိုက်...။ လူတွေဟာ လိုချင်လောဘတွေ တပ်မက်မှုတွေရှိနေသမျှ ဘယ်တော့မှ မငြိမ်းချမ်းနိုင်ဘူး...။ ဒီပို့စ်လေး အတွက် တကယ်သာဓုခေါ်ပါတယ်ဗျာ...။ တင်ပြသွားပုံလေးလဲ အရမ်းလှပ သေသပ်ပါတယ်။ အားပေးလျှက်ပါ..။

p.s-ကျွန်တော်လည်း အခုပူလောင်နေတယ် "Mont Blanc" ပိုက်ဆံအိပ် လိုချင်လို့ :P။ ဖြစ်နိုင်မယ်ဆိုရင် ဒေါ်လာ ၅၀၀ လောက်ချီးပါလား :P

Heartmuseum said...

ကိုအိုင်ရေ..... ဒီpostကို ကြိုက်တာမှ ရေရေလည်လည် ပက်ပက်စပ်စပ် အရမ်းကို ကြိုက်တယ်ဗျာ။ ကျွန်တော့် blog မှာ ကောက်နှုတ်ချက် အညွှန်းpost တခုအနေနဲ့ တင်ပါရစေဗျာ။ ခွင့်ပြုပါ။

Republic said...

အနှစ်သာရ တော်တော်ရှိတဲ့ ပို့စ်တစ်ခုဗျာ ၊၊ ဖတ်ရတာ အားရတယ် ၊၊

mgngal said...

ပျောကွက်ဟာကွက် မ၇ှိ အတိအကျကိုကောင်းပါတယ်ဗျာ။
တင်ပြပုံလေးလည်းကောင်းတယ်ဗျ။ အားပေးနေပါတယ်။

မောင်မျိုး said...

ဒီပို့ စ်လေး အရမ်းကောင်းတာပဲ ကိုအိုင်းက အက်ဆေး ပုံစံတွေရေးခဲတယ် ရေးတော့လည်းကောင်းလိုက်တာ ။

HAPPYCLOUD said...

ဖတ်ရတာ တန်တယ်ဗျာ... ဒီပိုစ့်နဲ့တင် တော်တော် လုံလောက်တယ်... ဖတ်ဖူးသမျှတွေ ထဲက အကြိုက်ဆုံးပိုစ့် တစ်ခုပါပဲ...

Komyo said...

ကောင်းတယ်ဗျာ... အဲဒီစကားနဲ့မလုံလောက်ဘူး...