မိခင်တစ်ယောက်သို့အလွမ်းကောက်ကြောင်း

မေမေ့ချစ်သားလေး
ချစ်သားလေးကိုမေမေပြောချင်တာတွေအများကြီးရှိပေမယ့် ဘယ်ကစပြီး
ပြောရမလဲဆိုတာ အစရှာမရဘူးဖြစ်နေတယ်………..မေမေ့ရဲ့အသွေးနဲ့အသားနဲ့ တစ်သားထဲ မေမေ့
ဗိုက်ထဲမှာ (၁၀) လလုံးလုံးထည့်ပြီး မေမေစားသလိုကျွေး မေမေအိပ်သလိုအိပ်စေကာ မေမေနဲ့
စိတ်ချင်းဆက်မွေးလာတဲ့ သားဖြစ်တော့ သားကိုမေမေယုံကြည်တယ်………မေမေဖြစ်စေချင်သလို
ဖြစ်လာမယ်ဆိုတာလဲ ယုံကြည်တယ်…………ဖြစ်စေချင်တယ်ဆိုတာကလည်း မေမေ့အတွက်
သားဖေဖေအတွက်မဟုတ်ဘူး………..သားအတွက်ဖြစ်စေချင်တာပါ………..သားဟာ ဖေဖေထွင်ပေးတဲ့
လမ်းထက် ပိုကောင်းတဲ့လမ်းကိုထွင်ပြီး သားမှန်းထားတဲ့ပန်းတိုင်ဆီကိုသွားနေတာ မေမေသဘောကျ
ပါတယ်…..မေမေနည်းနည်းစိုးရိမ်မိတာက ပန်းတိုင်မရောက်ခင် စိတ်အလိုကိုလိုက်ပြီး
ဦးတည်ရာပြောင်းသွားမှာကိုပဲ…အဲဒီလို မေမေပြောသလိုဖြစ်လာခဲ့ရင်တော့ သား မေမေ့ကို
သတိရလိုက်ပါ……….ပြီးရင် သားရဲ့ဦးတည်ရာကို ဆက်လျှောက်ပါ…….ဦးတည်ရာကိုမပြောင်းစေနဲ့…..
သားဖေဖေရဲ့ ကျန်းမာရေဟာ သူ့ရဲ့စိတ်ကြောင့်ဖြစ်နေတာ…..စိတ်ဖိစီးမှု များလာတဲ့အခါ ဆေးမတိုး
တော့ဘူး……..သားအတွက် သူဖြစ်စေချင်သလိုဖြစ်မလာခဲ့တာတွေကလည်း စိတ်ဖိစီးမှုတစ်မျိုးပေါ့……
အတ္တကြီးတယ်လို့ထင်ရပေမယ့် ဒါတွေဟာလည်းသားအတွက် ဖြစ်စေချင်ခဲ့တာပဲလေ………ဒီတော့
သားကလည်း သားကိုယ်သားစိတ်မပူရအောင် တာဝန်ယူနိုင်ရင် သားဖေဖေအတွက် စိတ်ဖိစီးမှုတွေ
လျော့သွားစေတာပေါ့…….သားဘက်က အားပေးမှုတွေ ဖေးမမှုတွေ အများကြီးလိုလာပြီလေ……
ဘာလို့လဲဆိုတော့ သားဖေဖေကော သားမေမေကောက အိုလာရပြီ နာလာရပြီ…..ဒီတော့လည်း
မသိမသာနဲ့ အားကိုးရှာချင်ပြီပေါ့…….သားကမားမားမတ်မတ်ရှိနေရင်တော့ မေမေတို့က မှီချင်တာပေါ့….
“ငယ်တော့သား ကြီးတော့အားတဲ့” ရှေးလူကြီးတွေပြောခဲ့တာကျေးဇူးတင်ရမယ်…..မေမေကသဘောကျ
လို့ပါ……..မေမေသဘောကျပေမယ့်လည်း သားဆန္ဒမရှိဘဲနဲ့တော့ အမှီမခံပါနဲ့………..ဝတ္တရားကျေပွန်စေရုံ
သက်သက်နဲ့တော့ သားဆန္ဒမပါဘဲ အမှီမခံပါနဲ့……..ရင်ထဲကဆန္ဒစေတနာနဲ့ ဆိုရင်တော့ မှီချင်ပါရဲ့………
သားလေးရေ…သူများတိုင်းပြည်မှာသွားပြီး နေရထိုင်ရ အလုပ်လုပ်ရတာ ခက်ခဲမှုတွေအများကြီးနဲ့
ရင်ဆိုင်ရမယ်…..ဒါပေမယ့် သူတို့ဆီရောက်ရင်တော့ သူတို့စည်းကမ်းပေါ့…..သူတို့ချမှတ်ထားတဲ့စည်း
ကမ်းအတိုင်းနေထိုင်ကျင့်ကြံရင်တော့ ဘာမှအခက်အခဲမရှိနိုင်ပါဘူး……………အရာရာမှာသတိထားပါ…
ကျန်းမာရေးထိခိုက်မယ့် နေထိုင်ပြုမူမှုမျိုးတွေကို ရှောင်ပါ…..ကျန်းမာရေးအတွက် အာဟာာရပြည့်အောင်
စားပါ…….ဆေးလိပ်လျော့သောက်ပါ…….အရက်ကပိုဆိုးတယ်….ကြိုက်တယ်ဆိုရင်တောင် ဘာအကျိုးရှိ
လဲ သားလည်းစဉ်းစားတတ်ပါတယ်……..ရတနာသုံးပါးကိုမမေ့ပါနဲ့……………..ကိုယ့်အားကိုယ်ကိုးပြီး
အလုပ်ကြိုးစားပါ……..အထူးသဖြင့်ဘယ်သူ့ကိုမဆို ကတိတည်ပါ…….ကိုယ်မလုပ်နိုင်ရင်
လွယ်လွယ်နဲ့ ကတိမပေးပါနဲ့…….ကျေးဇူးသိတတ်ပါ……..မေမေနောက်ဆုံးမှာချင်တာကတော့
ရိုးသာခြင်းဟာ တာရှည်ခံ အထင်ကရပိုင်ဆိုင်မှုတစ်ခုပါ……….အရာရာကောင်းမွန်ချောမွေ့ပါစေလို့
မေမေဆန္ဒပြုလိုက်ပါတယ်………………..။။။

သားရဲ့
ချစ်မေမေ


မေမေရေ….ဝေးနေတာလည်းကြာပြီနော်……….သားခြေပစ်လက်ပစ် ပြုတ်ကျခဲ့
တဲ့နေ့တွေမှာတောင် မေမေ့စာက သားရင်ဘတ်ထဲကထွက်မသွားပါဘူး...နှလုံးသားက ကျစ်ကျစ်ပါအောင်
ဆုတ်ထားတယ်………မေမေရေလို့တစ်ခွန်းခေါ်လိုက်တိုင်း ကမ္ဘာပေါ်က မိခင်အားလုးံရဲ့ သားသမီးအပေါ်
ထားတဲ့မေတ္တာကို ဦးညွတ်ပြီးသားပါမေမေ………..ဘဝမှာ ဘာမှအထင်ကရမရှိခဲ့ရင်တောင်မှ မေမေပြောခဲ့
တဲ့ ရိုးသားမှုအထင်ကရ တစ်ခု နစ်သထက်နစ်အောင် သားကိုယ်မှာစိုက်စိုက်သွင်းနေတုန်းပဲ……….
မေမေ့စာဟာ အားအင်တွေကုန်ခမ်းတိုင်း သား မန်းမှုတ်နေကျ ဂါထာတစ်ပုဒ်ပါ……သတိရတိုင်းပြန်ပြန်
ဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ…………..ဝေးနေမှပိုသတိရတတ်သတဲ့…..မလိုအပ်သလိုဖြစ်နေတာတွေ
လိုအပ်လာတော့မှ ပိုပိုပြီးတပ်မက် လွမ်းဆွတ်မိတာ လူ့သဘာဝမဟုတ်လားမေမေ…..အခုတော့
အားရင် စာအုပ်တွေဖတ် တခန်းလုံးစာရွက်တွေပွရွနေအောင် ဘာတွေမှန်းမသိ လျှောက်လျှောက်ရေးနေ
တတ်တဲ့ မေမေပြောတဲ့ ဂျစ်ကန်ကန် ပေကပ်ကပ်ကောင်တစ်ကောင်က မေမေ့ကိုလွမ်းနေတယ်………..
မေမေလည်းသားကိုလွမ်းနေမယ်ဆိုတာကိုသိနေတယ်………………အတိုင်းအတာတစ်ခုပါမေမေ……
ဘယ့်သူကိုမှဒုက္ခမပေးချင်တဲ့နောက် သားဘဝ သားတစ်စခြင်း သီနေတုန်းမို့ပါ…….သားအလွမ်းက
မေမေ့ကိုတော့မမှီပါဘုး……ဒါပေမယ့်မေမေရယ်…….လောလောဆယ်တော့……………
မေမေနဲ့သား တစ်နေရာဆီကနေ ပြိုင်တူ လွမ်းကြရအောင်…..
ဒီည ကောင်းကင်မှာ ကြယ်တွေဆုံတယ်မေမေ……….။။။

အိုင်လွယ်ပန်

7 comments:

လင်းဒီပ said...

မိဘနဲ့ပတ်သက်တဲ့ပို့စ်လေးတွေရေးတာ အားလုံးကို သတိပေးပေးနေသလိုဖြစ်လို့...ကိုယ့် အတွက်ကော..သူများအတွက်ပါကောင်းတယ်လို့ထင်ပါတယ်...ကျွန်တော်တော့ ကြိုက်တယ်...မေမေ့ကိုလွမ်းလို့

Anonymous said...

အခုရက်ပိုင်း ကိုအိုင်းရေးတဲ့ စာတွေကျနော့်ရင်ဘတ်ထဲ ဒိုင်းခနဲ ၀င်ဆောင့်သွားတယ် ..........။

တင့်ထူးရွှေ said...

ကျွန်တော်မှာလဲ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ စာလေးတစ်စောင်ရှိတယ် ကိုအိုင် ၊ အရေးအသားကွဲပေမယ့် နောက်ဆုံးပြောချင်တဲ့ဆန္ဒတွေကအတူတူတွေပဲဖြစ်နေတယ်ဗျ၊ မေမေကိုလကုန်တိုင်းဖုန်းဆက်နေကျ၊တိုက်တိုက်ဆိုင်ဆိုင်ပဲကိုအိုင်ရေ ..။

emayarKhin said...

အမေချစ်တဲ့သားတွေအားလုံးကို
ဂုဏ်ယူပါတယ်....................။

မိုးမြင့်တိမ် said...

ကိုအိုင်လွယ်ပန်ရေ ဒီပိုစ့်လေးကို ဖတ်မိပြီး ရင်ထဲဘယ်လိုဖြစ်သွားမှန်းမသိဘူးဗျာ။ ဆို့တက်လာတယ်။ဖြစ်ချင်တော့ မနေ့ညကမှ မေမေ့ဆီကို ဖုန်းဆက်ထားတာလေ။ ဖုန်းထဲမှာ မေမေပြောတဲ့ စကားတွေနဲ့ ဒီပိုစ့်လေးမှာသုံးထားတဲ့ စကားတွေ အားလုံးရဲ့ ဦးတည်ရာဟာ တစ်ခုထဲဖြစ်နေတယ်။ အဲဒါကတော့ မိဘမေတ္တာပါဘဲ။ရင်ကိုထိချက်ပြင်းလွန်းတယ်။

Unknown said...

မိဘနဲ့သားသမီး..။ သားသမီးနဲ့ မိဘ..။ မေတ္တာ...။ စေတနာ...။ နားလည်မှု...။ လွဲမှားမှု...။ အယူဝါဒ...။ အလုံး အပိုင်းပိုင်း အစစနဲ့...။ ကျေးဇူးတင်တယ်ဗျာ...။ ကျွန်တော်လည်း နစ်သထက်နစ်အောင် စိုက်သွင်းလိုကအုံးမယ်...။

thihanyein said...

အမေကိုလွမ်းသွားတယ်ဗျာ