အရိုးရှင်းဆုံးဇာတ်လမ်း


ခံစားလို့ရသလောက်တော့ပွင့်အံခဲ့
လိုသလိုပုံဖော်သောက်သုံး
ဆွဲယူသိမ်းဆည်း ပစ်ပေါက်ဝှေ့ယမ်း
မတူညီရာအဇ္ဇုတ္တတို့ရဲ့
ဆန္ဒရှိကြသလို သက်ဝင်မှုမှာ
ဒီ ဝ လုံး ဟာလူးလွန့်လို့မျောရဲ့…………………..

မြန်ချင်မြန်နှေးချင်နှေး
ထွက်သွားဖြစ်ခဲ့ရင်တောင်
ဘာကိုမှမသိသာစေချင်ပါဘူးကွယ်
ကြာတော့လည်း
ရေးခဲ့တဲ့ ဝ လုံးလေးတွေမှိန်သွားမယ်
မေ့လွယ်ပျောက်လွယ်ပဲပေါ့……………………..။။။

အိုင်လွယ်ပန်




5 comments:

တင့်ထူးရွှေ said...

မေ့လွယ်ပျောက်လွယ် ၀ လုံးတစ်လုံးရေ၊ ၀ လုံးတစ်လုံးက ကွန်မန့်သွားတယ် ကဗျာလေးကောင်းတယ်ဗျ :)

လင်းဒီပ said...

ဒီကဗျာလေးကိုဖတ်ရင်း အထက်တန်းကျောင်းသားဘဝက သင်ဖူးတဲ့ A Quiet Life ဆိုတဲ့ကဗျာလေးကို ပြန်အမှတ်ရတယ်ဗျာ...
ကောင်းပါတယ်..မေ့လွယ်ပျောက်လွယ်လေးပဲပေါ့...
ပျော်ရွှင်ပါစေဗျာ...

mgngal said...

ကျနော်ကတော့ သုည တွေ တဖြည်းဖြည်းမှိန်သွားတယ်လို့ 
ထင်တယ်ဗျ။

ဖြိုးငယ် said...

အော် .. ၀ လုံး .. ၀ လုံး ..
ဘယ်သူမှ မသုံးရင်တောင် တန်ဖိုးရှိတယ်ဗျာ

ညိမ်းညို said...

ညီရေ မေ့လွယ်ပျောက်လွယ်တော့ မလုပ်ပါနဲ့ကွာ :)
JK ပါညီရေ ပျော်ရွှင်ချမ်းမြေ့ပါစေကွာ