သူချစ်တဲ့ကမ္ဘာမြေပေါ်ကိုထိုးဆင်းသွားတဲ့ ဥက္ကာခဲ


လှမ်းလှမ်းမျှော်လိုက်တိုင်း
မင်း မျက်ဝန်းက
မယုံကြည်ခြင်းတွေပဲလှစ်လှစ်ပြ
အလင်းနှစ်တွေ
သံပြိုင်ငို ခဲ့ရတဲ့ ဂီတ .....

ညတစ်ညရဲ့ ကောင်းကင်ယံ
တစ်ခဏတာ
ရုပ်ပျက်ဆင်းပျက်လှသွားခဲ့ပုံ
စံပယ်ဖူးလေးတစ်ငုံတောင်
လူးလူးလွန့်လွန့်အိပ်ရာနိုးလာ .................

မာကျောမှုထဲက
အဖြူထည်ဆန္ဒသက်သက်ရဲ့
နူးညံ့သိမ်နုပ်မှုကို
မင်း ရှာမတွေ့ခဲ့ပါ
ငါဟာမင်းဆီကိုရောက်လိုရောက်ငြား
ဘဝနဲ့ရင်းပြီးလောင်ကျွမ်းခဲ့တယ်ဆိုတာ
မယုံကြည်တတ်သူကို ပြောပြမိတဲ့
ယုံတမ်းပုံပြင်လေး တစ်ခုစာ ..။

အိုင်လွယ်ပန်

7 comments:

ဖြိုးငယ် said...

ဒါလေးလည်း ကောင်းနေပြန်ရော အိုင်လွယ်ပန်ရေ ..
ငါဟာမင်းဆီကိုရောက်ဖို့
ဘဝနဲ့ရင်းပြီးလောင်ကျွမ်းခဲ့တယ်ဆိုတာ ...
လေးကို သဘောကျတယ်ဗျာ

တင့်ထူးရွှေ said...

အယ် ဘီလိုဖြစ်လို့မယုံခိုင်းတာလဲ :) ၊ ယုံတမ်းပုံပြင်လေး တစ်ပုဒ် ကောင်းပြန်ရောဗျာ ။

လင်းဒီပ said...

ကောင်းတယ်ဗျာ ထိုးဆင်းသွားလိုက်..ခင်ဗျားချစ်တဲ့ကမ္ဘာမြေက မယုံချင်ယောင်ဆောင်နေတာနေပါလိမ့်မယ်...
အားပေးလျက်...

mgngal said...

လောင်ကျွမ်းလိုက် လောင်ကျွမ်းလိုက် ကမ္ဘာမြေကိုရောက်
ရင် အနည်းဆုံးတော့ ချစ်တတ်တဲ့(ချစ်နေတဲ့ )နှလုံးသား
တစ်စုံတော့ ကျန်နေမှာပါ ကိုအိုင်ရေ။ :)
ကဗျာလေးကောင်းတယ်ဗျ။

BLACK DREAM said...

တိုက်တိုက်ဆိုင်ဆိုင်ပဲဗျာ...။ ကျွန်တော်လည်း "သူ့" ကိုပြောချင်တယ်...

"(အရင်လိုပဲ)
နည်းနည်းလေးမှမင်းမယုံလိုက်နဲ့..........။။။"

အမရာ said...

ယုံဘူး.....ယုံဘူး............
ဂျွမ်းထိုးပြ..........ကင်းမြီးကောက်ထောင်ပြ။
ဒါဘဲ...ဂလောက်(တယ်လီဖုန်းဆောင့်ချသံ)။

မိုးမြင့်တိမ် said...

ကိုအိုင်လွယ်ပန်ရေ အရမ်းကို ကောင်းတဲ့ကဗျာလေးပါဗျာ။ အရမ်းကို သဘောကျတယ်။ ရေးဖွဲ့ထားတာ တစ်ပုဒ်လုံးကို ကြိုက်တယ်ဗျာ။ ချီးကျူးတယ်ဗျို့ ။