ငြိမ့်ငြိမ့်လေးရူးနေတဲ့စံပယ်


တစ်ကိုယ်လုံး
စိုစွတ်ပြလိုက်ရုံနဲ့တင်
မလုံလောက်ခဲ့တာပါ……………..

အဲဒီစံပယ်လေ
မိုးကြောင့်ကြွေသွားတာတောင်မှ
မိုးကိုတသသဖြစ်နေတုန်း………………………။။။

အိုင်လွယ်ပန်


7 comments:

HAPPY CLOUD said...

ဗျို့... ကဗျာဆရာ... ခံစားတတ်လှချည်လား..း)

ခင်မင်လျက်..
(မိုးမောင်)

တင့်ထူးရွှေ said...

အဲဒီလိုပဲ bro ရေ ၊ တမ်းတမနေချင်လဲ တမ်းတနေရတာပဲလေ ၊ ကောင်းတယ်ဗျာ :)

လင်းဒီပ said...

မိုးစိုဖူးတော့လည်း ကြွေပေမယ့် တသသနဲ့ထပ်စိုချင်ရှာတယ်..
စံပယ်ရေ ရူးလိုက်ဦး...

ခေါင်ခေါင် said...

စိုစွတ်ပြရုံနဲ့ မလုံလောက်တဲ့ စံပါယ်...
ကြွေကျသွားတဲ့ အထိ စွဲငြိနေရှာတုန်း..........

Unknown said...

မိုးကြောင့်ကြွေသွားတာတောင်မှ
မိုးကိုတသသဖြစ်နေတုန်းလား
စံပယ်ရယ်………………………။။။

thihanyein said...

မိုးကြောင့်ကြွေသွားတာတောင်မှ
မိုးကိုတသသဖြစ်နေတယ်ဗျာ
စံပယ်ရယ်........
ကောင်းလိုက်တာဗျာ....

mgngal said...

ကဗျာက တိုတိုလေးပေမယ့်  ကောင်းတယ်ဗျ ။ ပေါ်လွင်
တယ် ။