HAPPY BIRTHDAY TO MY LITTLE BELL


ကျွန်တော် စိတ်ညစ်နေရင်ပဲဖြစ်ဖြစ် စိတ်ပျော်ရွှင်နေရင်ပဲဖြစ်ဖြစ် ကျွန်တော်ဘေးနားမှာအမြဲတွယ်ကပ်နေပြီး
အသံစာစာ စာစာနဲ့ ထိုးတတ်တဲ့ ခေါင်းလောင်းလေးတစ်လုံး ကျွန်တော့်မှာရှိတယ်……..
အဲဒီခေါင်းလောင်းလေးက ကျွန်တော်လုပ်သမျှ တော်တော်များများကိုလည်း (ယုတ်စွအဆုံး)
အရက်သောက်ဖြစ်တာကအစ ဘာကိုမှဂရုမစိုက်တဲ့ မျက်နှာပေးလေးနဲ့ လိုက်လုပ်တတ်သေးတယ်….
မလုပ်ရရင် ကွေးနေအောင်ကောက်ပြီး ခေါင်းလောင်းသံစာစာလေးပျောက်သွားရောဗျ……
ကျွန်တော်ကလည်းကျွန်တော်ပဲ နားညီးကာမှ ညီးရော ခေါင်းလောင်းသံလေးကို
အမြဲတမ်းကြားချင်နေမိတော့တယ်….
22th October မှာ ကျွန်တော့်ခေါင်းလောင်းလေး ရဲ့ မွေးနေ့ကျရောက်ပါတယ်…………..
ဘာကိုမှမယ်မယ်ရရမပေးနိုင်ရင်တောင် မဖြစ်ညစ်ကျယ်ကဗျာလေးတစ်ပုဒ်တော့
ရေးထားဖြစ်ပါတယ်…….မွေးနေ့မှာပျော်ရွှင်ပါစေ ခေါင်းလောင်းလေးရေ…………………..။။။

“မင်းကိုယ်တိုင်သွန်းလောင်းမှရမယ့် မင်းပုံစံခွက်”

ကာလရဲ့ဓါးက
မင်း တစ်ရာသီကို ထပ်ပိုင်းပြန်တယ်………….

စောင့်ဆိုင်းနေရတာထက်
ပြေးပြေးတွေ့ရမှာ ပိုမက်တဲ့
မင်းအတွက်
နရီရဲ့ အဓိပ္ပါယ်ရှိခြင်းတွေဟာ
မင်းရဲ့ရဲရင့်မှုတွေနဲ့အတူ
သုံးပုံတစ်ပုံစာအချိုးကျခဲ့ဖူးပြီ………………….

မင်းရဲ့
အဖြူရောင်ရနံ့
တွန်းကန်အား
နားလည်တတ်ခဲ့ခြင်းတွေကြောင့်လည်း
မင်းရဲ့ပတ်ဝန်းကျင်တွေမှာ
ကြည်နူးမှုဘာသာဗေဒတို့
စိုစွတ်ခဲ့ဖူးပြီ………………….

မင်းရဲ့
နူးညံ့စွာသက်ဝင်ခဲ့ခြင်းရဲ့
ရိုးသားခဲ့မှုကြောင့်လည်း
ဘာကိုမှအယုံအကြည်မရှိခဲ့တဲ့
ဗြုတ်စဗျင်းတောင်း
ရင်ခွင်တစ်ခုဟာလည်း
နူးညံ့စွာတန်ပြန် ထပ်တူကျခဲ့ဖူးပြီ……………

ကျေနပ်စွာ
ပြုံး စမ်း ပါ……………

ရှေးဟောင်းနှောင်းဖြစ်တို့က ကျန်ခဲ့ပြီ
နောင်ဖြစ်လတ္တံ့တို့က မျှော်ရမှာမောမယ်
ဒီနေ့ဆိုတာထဲမှာမှ
လက်ရှိဆိုတဲ့အချိန်
မင်းရယ် မင်းဆန္ဒရဲ့အရိပ်ရယ်ဟာ
နှစ်ကိုယ့်တစ်စိတ်ဖြစ်စေဖို့
မင်းရဲ့မောင်းနှင်အား
မင်းကိုယ်ကိုယ်တိုင်ပဲ အသက်သွင်းစမ်းပါကွယ့်
မင်းရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်
ကမ္ဘာပေါ်မှာ
မင်းတစ်ယောက်ထဲပိုင်တယ်လေကွယ်……………………………။။။

အိုင်လွယ်ပန်


10 comments:

ခေါင်ခေါင် said...

ခေါင်းလောင်းလေး အတွက် ကဗျာလေးက အရမ်းကောင်းတယ်။

ကျွန်မလဲ ခေါင်းလောင်းလေး အတွက်ဆုတောင်းပေးခဲ့ပါတယ်..

A Very Happy Birthday Little Bell!

Anonymous said...

ကြည်နူးစရာ မွေးနေ့ ပို့ စ်လေးပဲ ကိုအိုင်းရေ့ ခေါင်းလောင်သံလေး အမြဲကြားပြီး ရင်ခွင်ထဲ ထည့်သိမ်းထားနိုင်ပါစေ

တွဲလက်မြဲခိုင်ကြပါစေလို့  အမရာ ရဲ့ မွေးနေ့ မှာဆုတောင်းပေးပါတယ်ဗျို့  ။

တင့်ထူးရွှေ said...

ကိုအိုင်ရေ ခင်ဗျားခေါင်းလောင်းလေးနဲ့အတူ ပျော်ရွှင်စရာ မွေးနေ့များစွာ ဖြတ်သန်းနိုင်ပါစေ၊ မွေးနေ့ကဗျာလေး ကောင်းပြီးရင် ကောင်းနေပြန်ရော ..။

emayarKhin said...

အခုလိုအမှတ်တရနဲ့ချစ်စရာကောင်းတဲ့
ကဗျာလက်ဆောင်ရတဲ့အတွက်တသက်လုံး
တန်ဖိုးထားပြီးသိမ်းထားပါ့မယ်...(နှလုံးသားတနေရာမှာ).................

လင်းဒီပ said...

ကြည်နူးစရာကောင်းတဲ့ အနုပညာမောင်နှံတွေပဲဗျာ...
မြင်ရတာ မင်္ဂလာရှိလိုက်တာ..
နှစ်ဦးလုံးပျော်ရွှင်ချမ်းမြေ့ပါစေ

mgngal said...

ကိုအိုင် ချစ်သူရဲ့  မွေးနေ့ မှာ ချစ်သူနှစ်ဦး ပျော်ရွင်ပါစေလို့ 
ဆုတောင်းပေးပါတယ် ။
ကဗျာလေး အရမ်းကောင်းတယ်ဗျ ။ ကိုအိုင်ရဲ့  ဗြုတ်စဗျင်းတောင်းရင်ခွင်ကြီးကို နူးညံ့လာအောင် စွမ်းဆောင်နိုင်တဲ့ ခေါင်းလောင်းကြီး ကို လေးစားပါတယ်။
:P :D

Moe Myint Tane said...

ကိုအိုင်ရေ ကိုအိုင်ခေါင်လောင်းလေးရဲ့ မွေးနေ့မှာ ကိုအိုင်ကော ခေါင်းလောင်းလေးပါ ကြည်နူးပျော်ရွှင်ချမ်းမြေ့ ပါစေလို့ ဆုတောင်းပေးပါတယ်။ ကိုအိုင့်ရဲ့ မွေးနေ့လက်ဆောင်ကဗျာလေးကရှယ်ဘဲဗျာ။ ကာယကံရှင်တော့ မသိဘူး ကျွန်တော်တို့ ဖတ်ရတဲ့လူတောင် ဖတ်ပြီးအားတက်လာတယ်။ ကိုအိုင့်ခေါင်လောင်းလေးလည်း ကျေနပ်နေမှာပါ။


စိတ်၏စေရာနာခံလေသော

မိုးမြင့်တိမ်

ညိမ်းညို said...

ကြည်နူးစရာကောင်းလိုက်တာ ညီလေးအိုက်ရေ
မွေးနေ့ဆုမွန်ကောင်းများနဲ့ ပြည့်စုံပျော်ရွှင်ပါစေ...။

ညီလေးအတွက်လဲ ခေါင်းလောင်းသံချိုချိုလေးကို အမြဲတမ်းကြားရပါစေလို့.... :)
ပျော်ရွှင်ပါစေ ညီလေးရေ

ဂျဲဂျယ် said...

အားကျစရာကောင်းလိုက်တဲ့ ချစ်သူနှစ်ဦးဗျာ။ နောက်နှစ်မွေးနေ.တွေမှာလဲ ပျော်ရွှင်ကြည်နူးမှုပေါင်း မြောက်များစွာနဲ. ဖြစ်သန်းနိုင်ကြပါစေ။

Unknown said...

ခေါင်းလောင်းသံ စာစာလေး အမြဲကြားနိုင်ပါစေဗျာ။