ဘာကိုပဲခင်းပြ ခင်းပြ
အခင်းအကျင်းက
ဘေထုပ် ဆန်ဆန်ဖြစ်နေမြဲ
တခွင်လုံး
အဟောင်းအမြင်းနံ့ တွေမိုးမွှန်လို့
ရှိရင်းစွဲတွေဟာ ရှိရင်းစွဲတွေထက်တောင်
အနှုတ်လက္ခဏာပြလာ ……………….
တဏှာကိုတိကနဲဖြတ်တောက်ပြတဲ့
ပါးစပ်တွေ
မနေ့ကညစာနဲ့ ဒီနေ့ညစာကို
အရသာခံပုံခြင်း မတူကြတော့ဘူး
မှီရာကားနဲ့လိုက်ကြမယ့် ခြေလှမ်းတွေဟာ
အဲသလိုပါးစပ်တွေရဲ့ နှုတ်ခမ်းထက်မှာ အဆီလိုဝေ့လို့
ဒီဇာတ်လမ်းမှာ ဖျတ်သိမ်းခြင်းဟာ
လျှာတစ်ချောင်းဖြစ်ကောင်းဖြစ်နိုင်တယ် ………………………..
လှမ်းမရရင် တုံးခုပါ
တုံးခုမရရင် တစ်ပင်လုံးခုတ်ပါ
အသံ တွေ အစွယ်ပိုထွက်လာ
ကိုယ်ကောင်းရင် ခေါင်းမရွေ့ဘူးဆိုပါလား
ခေါင်းမရွေ့ဖို့ကောင်းနေကြရတာလား ……………………………
ကမ္ဘာပေါ်မှာအလင်းကို
အစောဆုံးမြင်ရတဲ့ဒေသတွေရှိသလို
လွင်ပြင်တစ်ခုဟာ
အလင်းကို အစောဆုံး
ပစ်စလက်ခတ် ဆုံးရှုံးသွားခဲ့တယ်
ဒါပေမယ့်
ကမ္ဘာကြီးလည်နေတာရပ်မသွားဘူး
မိုးလေဝသမဖောက်ပြန်ဘူး
အိမ်ဘေးက ကိုသာလှလည်း
အရက်သောက်မပျက်ခဲ့ဘူး ………………………….။။။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
4 comments:
မိုက်တယ်ညီရေ ကဗျာလေးကောင်းတယ်
ပတ်ဝန်းကျင်မှာ အချစ်ကြောင့်အသဲကွဲတဲ့သူတွေ
အသဲနာတဲ့သူတွေရှိသလို အချစ်ကြောင့်ပျော်နေတဲ့သူ
တွေ ပြုးံနေတဲ့သူတွေရှိတယ် ကမ္ဘာကြီးလည်နေတာ
ရပ်မသွားဘူး မိုးလေ၀သမဖောက်ပြန်ဘူး အိမ်ဘေးက
ညီအိုင်လွယ်ပန်ကတော့ ကဗျာရေးမပျက်ဘူး
ဟားဟား
အပေါ်ကလူပြောသလိုပဲ :P
ကျနော်လည်း ကဗျာလာဖတ်တာ မပျက်ဘူး။ right? :)
ကောင်းသဗျ ကဗျာက ။
အတွေးလေးတွေ နှစ်သက်မိပါရဲ့ ကောင်းတယ်ကိုအိုက် :)
Post a Comment