မမေ့ပါဘူးလို့ ပြောခဲ့တာတွေကိုပါ မေ့ကုန်ပြီ

ရုန်းကန်လှုပ်ရှားမှုတွေကြား
အဖေ့ချွေးစက်တွေစိုထိုင်းနေတဲ့
အမေ့ပါးလေး
နမ်းတိုင်းမွှေးခဲ့တယ် ……………..

ပေါ့ပေါ့နေ ပေါ့ပေါ့စား
ပေါ့ပါးချင်မိတဲ့ကြားက
ယုံကြည်ရာကို တစ်စချင်းသီဆက်
လမ်းမတ်မတ် လျှောက်တတ်ဖို့
ခြေထောက်တို့ ထွက်လာခဲ့ ………………

ကျည်ဆံကုန်တိုင်း
ကျည်ရာတွေထင်ခဲ့တိုင်း
မပြီးပြတ်သေးတဲ့ အသက်ငွေ့ငွေ့နဲ့
ကောက်ကောက်ရေးနေကျ “ဓမ္မတာ” မင်စက်တို့လည်း
ရင်ခွင်စာရွက်တစ်ရွက်လုံး ပြန့်လာခဲ့ ………………..

ဘူးကောင်းလို့ကြိတ်မှိတ် ခံရတဲ့စင်
အရပ်မကောင်းလို့ မလှသွားတဲ့အလောင်း နဲ့
တူရာတူရာ စုစည်းမိတဲ့
ကွဲလွဲခြင်းတစ်ချို့တစ်လေ
တစ်ထောင့်တစ်နေရာစီမှာပဲ ကျန်ရစ်ခဲ့စေတော့ ……………………….

ပြောခဲ့မိသလား
အဲသလိုပြောခဲ့မိသလား
ရှိစေတော့လေ
ကဲ………….
ရိုက်လားပုတ်လားနဲ့
အထွေအထူး သိပ်လုပ်မနေပါနဲ့လားကွယ်
ခင်ဗျားကြဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကြဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ ……………………….။။။

အိုင်လွယ်ပန်

19 comments:

လင်းဒီပ said...

လောကဓံဆိုတာကြီးက တခါတလေကျတော့လည်း ချစ်စရာကောင်းလောက်အောင် ကိုယ့်အပေါ်ကောင်းလို့..
တခါတလေကျတော့လည်း သူခိုင်းသလို ပြေးနေရတာ ဖတ်ဖတ်ကို မောလို့..

ညီအကိုများ said...

ကိုအိုင်ရေ ဟုတ်လိုက်တဲ့ကဗျာ ဗျာ..
ကောင်းပြီးရင်းကောင်းနေတော့တာပဲ....အေ့...း)
ချီးစ်ယား..လုပ်သွားလို့..

ခင်မင်လေးစားလျက်
မိုးကြယ်

ဖြိုးငယ် said...

ကဗျာခေါင်းစဉ်လေးကို အရမ်းသဘောကျတယ်ကွာ ...ဘူးကောင်းလို့ကြိတ်မှိတ် ခံရတဲ့စင်
အရပ်မကောင်းလို့ မလှသွားတဲ့အလောင်း နဲ့
တူရာတူရာ စုစည်းမိတဲ့
ကွဲလွဲခြင်းတစ်ချို့တစ်လေ
တစ်ထောင့်တစ်နေရာစီမှာပဲ ကျန်ရစ်ခဲ့စေတော့
အင်း ကောင်းလိုက်တဲ့ အပိုဒ်ပဲ .. ကြိုက်တယ်ဗျို့

ကိုရင်ညိန်း said...

ကဗျာဆရာဆိုတာ လောကဧံ ကိုကော လောကဒဏ်ကိုကော
သာမန်လူတွေထက် ပိုခံရတယ် ကိုအိုင်ရ... ဘာလို့လဲဆိုတော့
သူတို့နှလုံးသားတွေက သိပ်ကိုပါးနေတာကလား ..
ဟုတ်တယ်နော် .. ကိုအိုင်.. အဟေးဟေး :)

ကိုရင်ညိန်း said...

လောကဓံ ကိုကော လောကဒဏ်ကိုကော ဗျ .. မှားလို့ ..
အဟေးဟေး :D

Unknown said...

ကိုအိုင်ရေ ကဗျာလေး လှတယ် ကိုအိုင် ရေးပုံလေးကြိုက်တယ်ဗျာ ကောင်းသောနေ့ပါ တခါတခါတော့လည်း မေ့ထားလိုက်တာပဲကောင်းပါတယ် ကောင်းသောနေ့ပါဗျာ :)

ရိုးမြင့်အောင် said...

အသက်ဘယ်လောက်ရှိပြီလဲ။ ဟိုမေ့ဒီမေ့နဲ့။ မမေ့သင်တာတွေတောင် မေ့ကုန်ပြီလား။ မေ့လို့မရဘူး အကုန်ပြန်မှတ်....။ အဟတ်ဟတ်။

ကိုယ့်လူကြဲချတာကျုပ်တို့ကောက်လိုက်
ကျုပ်တို့ကြဲချတာ ကိုယ့်လူကောင်လိုက်နဲ့(လက်ဗစ်ဗုံးများမဟုတ်)
ကဗျာတွေ... အတုန်းအရုန်းလိုက် ဝေဆာဖြစ်ကြမယ့်နေ့....

MANORHARY said...

ခင်ဗျားကြဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကြဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ ………………………
.....ကောင်းတယ်..ဒါပဲပြောတတ်တော့တယ်။

ညိမ်းညို said...

ကိုအိုင်ရေ
ကောင်းတယ်ဗျာ
ဒီလို ပြောရတာတောင် အားနာမိပါပေါ့
ဒိအသုံးလေးကို သိပ်ကြိုက်တယ်ဗျာ

"ခင်ဗျားကြဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကြဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့"

ဆောင်းယွန်းလ said...

ခင်ဗျားကြဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကြဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ ...
အကြိုက်ဆုံးပဲ ညီလေးရာ...သိပ်ကောင်းတဲ့ကဗျာလေးတစ်ပုဒ်ပါ

Anonymous said...

ဟုတ်တယ်နော် ကျနော်တို့တွေ ပါးစပ်ကသာ မမေ့ဘူးပြောနေတာ တကယ်လက်တွေ့မှာတော့ မေ့နေကြတယ် ။ ကဗျာလေးဖတ်ပြီး ခံစားရပါတယ် ။

မြရေလျဉ် said...

လိုက်လို့ ကို မမီသေးဘူးနော်။နောက်လူကိုလည်းစောင့်ပါဦး။

အိန္ဒြာ said...

အိုင်လွယ်ရေ...

ရုန်းကန်လှုပ်ရှားမှုတွေကြား
အဖေ့ချွေးစက်တွေစိုထိုင်းနေတဲ့
အမေ့ပါးလေး
နမ်းတိုင်းမွှေးခဲ့တယ် ……………..
သိပ်လှတဲ့ အဖွဲ့လေးပါ..

ကဗျာတစ်ပုဒ်လုံး...ကောင်းတယ်..
ဒါပေမယ့် အိုင်လွယ်ပန့်လက်က
ဒီကဗျာကို
ဒီထက်ကောင်းအောင်ရေးလို့ရသေးတာ..သိနေတယ်..
ကဗျာမှာ..တစ်စုံတစ်ရာလိုနေသလားလို့



အိန္ဒြာ

မိုးမြင့်တိမ် said...

ဘူးကောင်းလို့ကြိတ်မှိတ် ခံရတဲ့စင်
အရပ်မကောင်းလို့ မလှသွားတဲ့အလောင်း နဲ့
တူရာတူရာ စုစည်းမိတဲ့
ကွဲလွဲခြင်းတစ်ချို့တစ်လေ
တစ်ထောင့်တစ်နေရာစီမှာပဲ ကျန်ရစ်ခဲ့စေတော့ ……………………….


ကဲ………….
ရိုက်လားပုတ်လားနဲ့
အထွေအထူး သိပ်လုပ်မနေပါနဲ့လားကွယ်
ခင်ဗျားကြဲချတာ ကျုပ်ကောက်လိုက်
ကျုပ်ကြဲချတာ ခင်ဗျားပြန်ကောက်လိုက်နဲ့
ဒီလိုပဲ ပုခုံးဖက်ကြီးပြင်းခဲ့ရတာပဲပေါ့
မဟုတ်ဘူးလား လောကဓံ ……………………….။။။

အဲဒီအပိုဒ်လေးတွေ အကြိုက်ဆုံးဘဲ။ ကောင်းတယ်ဗျာ။ ဆက်ချဗျာ အားပေးနေမယ်။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

ကောင်းတယ်

mgngal said...

ယုံကြည်ရာကို တစ်စချင်းသီဆက်
လမ်းမတ်မတ် လျှောက်တတ်ဖို့
ခြေထောက်တို့ ထွက်လာခဲ့

ခြေထောက်တို့ ထွက်လာခဲ့ ။ ထွက်ပြီး ခြေထောက် ပြန်တိုဝင်သွား ။ ဒါဘ၀တဲ့လား ကိုအိုင်ရာ ။

လင်းထက် said...

ကောင်းပြီးရင်း ကောင်းပဲ ကဗျာတွေက ..

ပိုင်ဖြိုးကို said...

ဘူးကောင်းလို့ ကြိတ်မှိတ်ခံခဲ့ရတဲ့ စင်ဆိုတာ မင်းလားကွ ..... တို့သူငယ်ချင်း ဝူးဝါးက အရပ်ကောင်းတော့ အလောင်းလှမှာပါ ...... :P(မုတ်သုံ)

Unknown said...

ကျယ်ကျယ်အော်ပြော ..။ ဒီကောင်က ခဏ ခဏ မကြားချင်ယောင် ဆောင်တတ်တယ်..။