ပိတောက် (၁)

ဟောဒီအပြင်ဘက်တစ်ခုလုံး
အဝါရောင်တွေရောထွေး
ကေသာထက်မှာ
လှလှပပပွင့်ဝေခဲ့တာ
နေ့တွေအရေခွံလဲသွားရင်လည်း
ဆွတ်ပျံ့သင်းထုံကျန်ရစ်
ငါ့ ချစ်သူဟာဆိုရင်
အဲဒီရနံ့တွေနဲ့
ကွယ်ကွယ်ပြီးရှက်နေတော့တယ် ....................။။။

(၁၉၉၉ ခုနှစ်လောက်ကရေးခဲ့တဲ့ ကဗျာလေးပါ ........)

အိုင်လွယ်ပန်

14 comments:

Unknown said...

ရှက်နေတဲ့ ချစ်သူ့မျက်နှာလေး မြင်ယောင်နေမိသဗျာ
ပိတောက်တွေ စောစောစီးစီးပွင့်နေပြန်ပါပေါ့လား
လွမ်းပါတယ်ဆိုမှ ငိုချင်ရက် တံတောင်နဲ့ထောင်းနေကြတယ် ဟဟ ခံစားသွားတယ်ဗျာ
ကောင်းသောနေ့ကိုအိုင်ရေ :)

တင့်ထူးရွှေ said...

အိမ်း ကောင်းဗျာ :P

Unknown said...

နီးလာပြီ နီးလာပြီ..။ ရင်ထဲက ဒဏ်ရာအဟောင်းတွေ ခေါင်းထောင်ထောင်ကြည့်လာအောင် မလုပ်နဲ့..။ :P

Anonymous said...

ပိတောက်ကို လွမ်းနေတာ တော်တော်ကြာပြီ..
အဆင်ပြေပျော်ရွှင်ပါစေဗျာ

mgnge said...

ကြိုတောင်လွမ်း သွားပြီ

ပိတောက် ကို ပြောပါတယ်

mgngal said...

ပိတောက်နဲ့  အသားမကျတဲ့ ကျနော့်အတွက်တော့ လွမ်းလောက်စရာပဲ ။ :D
ကဗျာက စောစောစီးစီး ကကြိုးတွေ ဆင်နေပါရော့ လားဗျ ။ :)
ကောင်းဗျာ ။

Anonymous said...

99 ထဲက ချစ်တတ်နေပြီပေါ့ ကဲ...ဆယ်စုနှစ်တိုင်ပြီဆိုတဲ့ အချစ်နှတ်ပတ်လည် ဖျော်ရည်ဘီယာတိုက်ပါ ။

ပိတောက်ပန်းရနံ့ကျနော်ကြိုက်တယ်သင်းထုံလို့ ။

လင်းဒီပ said...

ငါ့ ချစ်သူဟာဆိုရင်
အဲဒီရနံ့တွေနဲ့
ကွယ်ကွယ်ပြီးရှက်နေတော့တယ် ...

ပြောတတ်လိုက်တာ ကိုအိုင်ရယ်..
ရနံ့တွေကွယ်ကွယ်ပြီးရှက်နေမယ့် လူပန်းမလေးကို မြင်ယောင်သွားတယ်...

သိပ်မကြာ ပိတောက်တွေတောင် တစ်ခေါက်ရောက်လာတော့မှာပဲ..
ပိတောက်တွေနဲ့လည်း ဝေးခဲ့တယ်ဗျာ..

ဆောင်းယွန်းလ said...

ကောင်းပါ့....ငယ်ငယ်ကတည်းက ကဗျာရေးကောင်းခဲ့တာပါလား ကိုယ့်ညီရေ....

ညိမ်းညို said...

ငါ့ ချစ်သူဟာဆိုရင်
အဲဒီရနံ့တွေနဲ့
ကွယ်ကွယ်ပြီးရှက်နေတော့တယ်

လှလိုက်တာကိုအိုင်ရာ
နောက် ပိတောက်စီးရီးတွေ ကျန်သေးလားဗျ
လုပ်ပါဦး

emayarKhin said...

ဒီမှာဗျို့အားလုံးပဲ........
အဲဒီ ၉၉ တုံးကသူ့ချစ်သူက
အမရာမဟုတ်တာတော့သေချာတယ်...ဟွန့်..

လင်းဒီပ said...

အမရာ နောက်ဆုံးပြောသွားတာလေးနဲ့ပတ်သက်ပြီး..
ကိုအိုင်ရေ..
သတင်းစာရှင်းလင်းပွဲလေး လုပ်ပေးစေ့ချင်ပါတယ်..:P

(ဝင်မွှေသွားသည်..)

အိန္ဒြာ said...

၉၉ ဆိုတော့ ချာတိတ်ပဲ၇ှိဦးမှာပေါ့
ဒီကတည်းက ကဗျာဆရာဇကဘယ်သေးလို့လဲ..နော..
ဆရာအောင်ဝေးရဲ့ ရိုးမြေကျပိတောက်ကို သတိရသွားတယ်..

ဖွင့်လိုက်တယ်
တစ်ပင်လုံး ၀ါထိန်လို့
ရထားတစ်စင်းလုံး...
ဟယ်လင်မင်းသမီးတွေချည်းပါလာသလို..
ဆိုတာလေးလေ...

ပိတောက်ပင်တွေအိမ်နားမှာ၇ှိတယ်..သိလား..
အဖူးလေးဖြစ်ဖြစ်တွေ့ရနိုးမော်မော်ကြည့်ရတာလဲ...
ရာသီစာဝေဒနာတစ်ခုပါပဲ....

ညီအကိုများ said...

ဂွတ်တယ်ဗျို့.
ပိတောက်တွေကိုလွမ်းသွားပြီ..

မိုးကြယ်