အရင်ကဆို
ဒီရင်ခွင်ကျယ်ကြီးပေါ်
မင်းရဲ့မျက်ရည်စက်တွေ
မနားတမ်းပြိုပြိုကျခဲ့ပေါ့
ငါ့တစ်ကိုယ်လုံး စိုစွတ်နေတဲ့ကြား
ငါ့ကိုယ်ငါ အနူးညံ့ဆုံးထားပေးခဲ့ ..............
ဒီနေ့တော့
ဒီရင်ခွင်ကျယ်ကြီးပေါ်
ရယ်သံတွေပြိုကျလာ
ဝမ်းသာမှုတွေနဲ့ ငါအနိုး
ငါ့ရင်ခွင်ရိုးပေါ်မှာ
မင်းမျက်နှာ တစ်ခုတည်း မဟုတ်တော့ပါ ............။။။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
20 comments:
အဲ ဘီလိုဖြစ်လို့တုံးဟ ကိုယ့်လူရ :-)
နိမိတ်ပုံက....း)
ဟယ်...
အလန့်တကြားတွေမလုပ်နဲ့နော်....
ရက်စက်တယ်ဗျာ
ကိုယ့်ဆရာ ဘယ်လို ဖြစ်လို့တုန်း....
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
ငါ့ရင်ခွင်ရိုးပေါ်မှာ
မင်းမျက်နှာ တစ်ခုတည်း မဟုတ်တော့ပါ .
မျက်နှာများတဲ့မောင် (အေးချမ်းမေသီချင်းပါ)
အဟီးးးးးးးးးးးးးးးး
ကဗျာလေးမှာ နိမိတ်ပုံသုံးထားတာလေး ကောင်းတယ်ညီရေ့
ကိုအိုင်ဘယ်လိုဖြစ်တာတုန်း :)
ကလေးတွေတိုးလာတာလား ဒါမှမဟုတ်ဘာတွေတိုးလာလည်း
ဗိုက်ခေါက်လာဆွဲနေဦးမယ်နော
ကြည့်လုပ် ကိုအိုင်ရေ :)
ကောင်းသောနေ့ဗျာ :)
ကဗျာတွေဖတ်ပြီး သိပ်နားမလည်လို့ ကော့မန့်တွေပြန်ဖတ်ရတယ်....သူ့မျက်နှာတစ်ခုတည်းမဟုတ်
တော့ဘူးဆိုတော့ ဘယ်သူတွေ လာအုံးကြတာတုန်းး ကိုအိုင်းက သဘောကောင်းတော့ လူတိုင်းကို ပေးအုံးသလားမသိ ချော့နေရအုံးမယ်နော်း)
ကိုအိုက်ရေ...
ကြည့်လုပ်နော်
:)
ယူသွားတာလေးလှတယ်...
အနက်မဖွင့်တော့ပါဘူး..ဒီအတိုင်းထားခဲ့မယ်..
ဒါပေမယ့် ခေါင်းအုံးဘဝလေးတော့ သနားတယ်..
မျက်နှာများရင် ပြဿနာများမယ်နော် ကိုယ့်လူ ။ ကျုပ်ကြတ်လိ ။ :P
ခေါင်းအုံးတောင်ပြောယူရပီလား..ကိုယ့်ဆရာ..
ခင်မင်လေးစားလျက်
မိုးကြယ်
မျက်ရည်တွေနဲ့သာ စိုစွတ်ပါစေတော့
ကိုအိုင်ရေ က်ုလင်းဒီပလိုပဲ အနက်မဖွင့်တော့ဘူးဗျ
ကဗျာဆိုတော့ကာပေါ့
:D
ကို အိုင့် သူငယ်ချင်း ပါလာအိပ်လို့ လား
မျက်နှာနှစ်ခု ဖြစ်နေတယ်ဆိုတောလေ..။
:P
ဒီကဗျာကို နားမလည်ဘူးဟ..
အရမ်းမြင့်သွားပီ =)
ဘယ်လိုမှ အဓိပ္ပါယ် မဖွင့်တော့ဘူး........။
ကဗျာလေး လာဖတ်တယ်ပေါ့။း)
A ko yay,
Hearing laughs is better than bing wet with tears. So romantic!
အတွေးအရေး မိုက်တယ်ဗျာ...
ဟာ..။ မျက်နှာကြီးကို ဖြတ်ရိုက်လိုက်သလိုပဲ..။ ဒီလိုဆိုရင် တော့ မနိုးသော အိပ်ခြင်းနဲ့သာ အိပ်စက်လိုက်လေခြင်ရဲ့..။
Post a Comment