ပြေးချင်လိုက်ကြရဲ့ အားသွန်ခွန်စိုက်
ကူးခပ်ချင်လိုက်ကြရဲ့ ခြေကုန်လက်ကုန်
နေရာက (တစ်စက်ကလေးမှမရွေ့ဘဲ)
တစ်ကောင် အခြေနေကို
တစ်ကောင်က အကဲခပ်နေကြတုန်းမှာပဲ
မီးပျက်သွားခဲ့
အမှောင်ထဲမှာပဲ အမှောင်ကို
အသံတွေနဲ့ ပြန်လည်ရှာဖွေဖြစ်ခဲ့ကြ ……………….
ငါကမင်းမရှိရင်
မင်းကငါမရှိရင် ဆိုပြီး
အပြန်အလှန် အလှန်အပြန်
သီချင်းလုပ်ဆိုကြ
သူနည်းနည်း ကိုယ်နည်းနည်းနဲ့
ပေါင်းလိုက်ကာမှ
စုပေါင်းစပ်ပေါင်းမှာလည်း နည်းပြန်တော့
ရင်မစေ့နိုင်အောင် အော်ကြဟစ်ကြ
ဝိဥာဉ်တွေဟာ
ခန္ဓာ ခဏခဏမှား
ဒီဇာတ်မှာ မုန့်လုံးစက္ကူတွေသိပ်များခဲ့…………………
စိတ်အလျဉ်ရဲ့ ပွန်းရာပဲ့ရာတွေကို
ကိုယ့်နှလုံးသားဆီကိုယ် စာပြန်ရေးကြတဲ့အခါ
တစ်စုံတစ်ခုအတွက် တစ်စုံတစ်ခုက
နစ်နာသွားတယ်ဆိုတာ
စည်းနဲ့ဝါးတွေ ပြေးလမ်းလွဲနေလို့သာပေါ့တဲ့
နွံနစ်နေတဲ့ ပုစဉ်းရင်ကွဲတွေက
အချင်းချင်းပြောကြတယ်
တစ်ကောင့် အနာအခြေအနေ
တစ်ကောင်မေးကြတယ် ………………..
အဲသလိုနဲ့
သွားရင်းလာရင်း
ကမ္ဘာမြေကြီးပေါ်မှာပဲ
ထဲထဲဝင်ဝင်နေကောင်းထိုင်သာလာတယ်ဆိုတဲ့နောက်တော့
ကွာဟမှုပုံရိပ်တွေကြားမှာ
ပုစဉ်းရင်ကွဲတွေရဲ့
ကောင်းကင်ဘုံတမ်းချင်း အသံတွေ
ပျောက်သွားခဲ့ပေါ့ ………………………….။။။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
11 comments:
ရေးထားတဲ့အရေးနဲ့ တွေးထားတဲ့အတွေးလေးကိုတော့ မချီးကျူးပဲ မနေနိုင်အောင်ဖြစ်ရတယ်ဗျို့ ..
ရေးတတ်လိုက်တာ ....
တစ်ခုသော ပုစဉ်းရင်ကွဲက အားပါတရ ချီးကျူးလိုက်ပါရဲ့ ...
ပုစဉ်းရင်ကွဲသံမကြားရတာ ကြာပြီ
သိပ်ကိုလက်တွေ့ဆန်တဲ့ကဗျာကောင်းတပုဒ်ပေါ့ညီလေးရာ...
ကိုအိုင်ရေ ကဗျာလာဖတ်ပါတယ် :)
ခံစားမှု့လေးတွေ စူးနစ်နေတယ် ကောင်းသောနေ့ပါ ဗျာ :)
စာမေးပွဲဖြေနိုင်ပါစေ :P
Great!!
ကဗျာမတင်တာကြာလို့ စောင့်နေတာ
ပုစဉ်းရင်ကွဲတစ်ကောင်ရောက်လာပါတယ်..။
အိုင်လွယ်...
အဆင်ပြေရဲ့လား
စောင့်ရကြိုးနပ်ပါတဲ့ ကဗျာတစ်ပုဒ်ကို
စိတ်ပါလက်ပါ ဖတ်သွားတယ်..။
အိန္ဒြာ
လာလည်တယ်သူငယ်ချင်းရေ....
မင်းကဗျာလေးကထိတယ်ကွာ ....
(ကို)
ပုစဉ်းရင်ကွဲ အော်သံကြားလို့ လာကြည့်တာဗျ... ဘာများပါလိမ့်လို့... တစ်ယောက်အနာ အခြေအနေ တစ်ယောက်မေးနေကြတာကို... အဆင်ပြေပါစေဗျာ...။
အမှောင်ကိုရှာဖွေနေတဲ့အသံတွေ
မှားယွင်းမှုဗရပွနဲ့ မုန့်လုံးစက္ကူကပ်ဇာတ်တွေ
နွံနစ်နေတဲ့ပုစဉ်းရင်ကွဲဒဏ်ရာတွေ
အားလုံး......အားလုံးဟာလည်း
ကောင်းကင်ဘုံအောက်မှာဘဲ ကျပျောက်သွားခဲ့ပြန်ပေါ့။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
Post a Comment