ကျပျောက်သွားတဲ့ စိတ်ကူးများ

“အူဝဲ” လို့ စစ်ကြေညာကတည်းက
ဘောင်လွဲမှုတွေကို
သောက်သုံးခဲ့ရသလား မှတ်တယ်
အရာရာနဲ့ သဟဇာတပျောက်ခဲ့ရ
အိပ်မက်တွေကို မီးညှိတော့
အနာဂတ်က မှုန်လိုက်ဝါးလိုက်နဲ့
သက္ကရာဇ်တွေကို ချေချေပစ်ရဲ့ ………

ဆဲရေး တိုင်းထွာသံတွေကြား
လုပ်သလိုမဖြစ်ခဲ့တဲ့နောက်
ဖြစ်သလိုလုပ်တော့လည်း
လုပ်သလိုမဖြစ်ပြန်ဘူး
အဲဒီတော့ သင်္ခါရလို့အမည်တပ်ရင်း
ဝလုံးတွေကိုသာ ပန်းချီဆွဲမိနေ …………..

လှမ်းနေတဲ့လက်
ကမ်းလာတဲ့လက်
အချိတ်အဆက်တွေ မမိတော့တဲ့အခါ
နာဖျားခြင်းမှာ သေကောင်ပေါင်းလဲ ..................

ရသလောက်မယူခဲ့လို့
ယူသလောက်မရတာ မဆန်းဘူးတဲ့
ငါ့ “အတ္တ” တွေဟာ
ငါ့ကို ကိုင်းပြန်ပြန်ကန်
အဲသမှာ
“ငါ” ဆိုတဲ့အစကနေ
“ငါ” ဆိုတဲ့အဆုံး
“ဘဝ” ဆိုတဲ့စကားလုံးနှစ်လုံး
ငါ ကောင်းကောင်း အလွတ်ရလိုက်ပေါ့ .....................။။။

အိုင်လွယ်ပန်

12 comments:

မယ့်ကိုး said...

အဲဒီတော့ သင်္ခါရလို့အမည်တပ်ရင်း
ဝလုံးတွေကိုသာ ပန်းချီဆွဲမိနေ …………..
...
ငါ့ “အတ္တ” တွေဟာ
ငါ့ကို ကိုင်းပြန်ပြန်ကန်...


အဆန်းတကြယ်လှပတဲ့ ကြိယာဝိသေသန... မြန်မာစာကို ဘယ်မှာသင်ခဲ့ပါလိမ့်လို့  ... :)

အတွေးကောင်းကောင်းနဲ့ လှတဲ့ ကဗျာ။

ဆောင်းယွန်းလ said...

ရသလောက်မယူခဲ့လို့
ယူသလောက်မရတာ မဆန်းဘူးတဲ့
ငါ့ “အတ္တ” တွေဟာ
ငါ့ကို ကိုင်းပြန်ပြန်ကန်
အဲသမှာ
“ငါ” ဆိုတဲ့အစကနေ
“ငါ” ဆိုတဲ့အဆုံး
“ဘဝ” ဆိုတဲ့စကားလုံးနှစ်လုံး
ငါ ကောင်းကောင်း အလွတ်ရလိုက်ပေါ့

ညီလေးကဗျာတွေအရမ်းကောင်းလာတယ်..
ခံစားလို့ကောင်းလိုက်တဲ့ကဗျာလေး

လင်းဒီပ said...

“သင်္ခါရလို့အမည်တပ်ရင်း
ဝလုံးတွေကိုသာ ပန်းချီဆွဲမိနေ …………..”

“လှမ်းနေတဲ့လက်
ကမ်းလာတဲ့လက်
အချိတ်အဆက်တွေ မမိတော့တဲ့အခါ
နာဖျားခြင်းမှာ သေကောင်ပေါင်းလဲ”

ဘဝဆိုတာကြီးက .....
ငြင်းဆန်မရခြင်းတွေကြားမှာ ဆက်လွဲမှားနေရတာဗျာ

Anonymous said...

ငါဆိုတဲ့ အစကနေ
ငါဆိုတဲ့ အဆုံး
ဘ၀ဆိုတဲ့ စကားလုံးနှစ်လုံး
ငါကောင်းကောင်းအလွတ်ရလိုက်ပေါ့

သိပ်သေချာတယ်ဗျာ

စိုင်းလောဝ်ပိန်း said...

လှမ်းနေတဲ့လက်
ကမ်းလာတဲ့လက်
အချိတ်အဆက်တွေ မမိတော့တဲ့အခါ

ဘာတွေ ဆက်ဖြစ်မလဲ မတွေးချင်ဘူးဗျာ။ အချိတ်အဆက် မမိအောင် လိုက်လုပ်နေတဲ့ လူတွေလည်း ရှိသဗျ။

Eaindra said...

အိုင်လွယ်ပန်ရေ...

ကဗျာတွေပြန်ဖတ်ရလို့ဝမ်းသာနေတာ...

စောင့်ရကျိုးနပ်တဲ့ကဗျာတစ်ပုဒ်အတွက် ကျေးဇူးတွေတင်ရင်း

အိန္ဒြာ

MANORHARY said...

လှမ်းနေတဲ့လက်
ကမ်းလာတဲ့လက်
အချိတ်အဆက်တွေ မမိတော့တဲ့အခါ
နာဖျားခြင်းမှာ သေကောင်ပေါင်းလဲ
.................
........................
ကောင်းလှတဲ့ကဗျာလေးမို့ ပြောစရာစကားလုံးတွေတောင်
ပျောက်ဆုံးလို့...

Unknown said...

ကိုအိုင်ရေ ကဗျာလာဖတ်တယ် :)
ကြိုက်တယ် အဆင်မပြေလွဲချော်ပုံတွေလှတယ် :)
ကောင်းသောနေ့ပါ ကိုအိုင်ရေ ဆွဲလိုက်ဦးမယ်
အိမ်ဇမ်းမ် မပြီးသေးဘူး :)

mgngal said...

“ဘဝ” ဆိုတဲ့စကားလုံးနှစ်လုံး
ငါ ကောင်းကောင်း အလွတ်ရလိုက်ပေါ့

ဒီလောက်ဆို နဲသလား ကိုယ့်လူရ ။ အလွတ်ရပြီးရင် ပြန်ဆိုပြဖို့  လုပ်တော့ ။
ကဗျာကောင်းလေးပဲဗျ ။

Moe Myint Tane said...

ဘ၀ရဲ့ဇာတ်ရုပ်တွေပေါ့ ဆရာ။ ချပြထားတာ ကွက်တိဘဲ ကောင်းတယ် ဆရာ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Unknown said...

ဆဲရေး တိုင်းထွာသံတွေကြား
လုပ်သလိုမဖြစ်ခဲ့တဲ့နောက်
ဖြစ်သလိုလုပ်တော့လည်း
လုပ်သလိုမဖြစ်ပြန်ဘူး
အဲဒီတော့ သင်္ခါရလို့အမည်တပ်ရင်း
ဝလုံးတွေကိုသာ ပန်းချီဆွဲမိနေ...

Brilliant explanation, BRAVO!!!

Unknown said...

ကိုအိုင်..... တပုဒ်လုံးကြိုက်လို့ ကူးသွားတယ်ဗျာ။