ဒီကောင်နဲ့ မထင်မှတ်ပဲ အွန်လိုင်းမှာပြန်ဆုံရတော့ကျွန်တော်တော်တော်အံ့သြသွားတယ် …
ကြာပြီလို့လဲ ပြောလို့ရတယ်…မကြာသေးဘူး လို့လဲ ပြောလို့ရတယ် … လွန်ခဲ့တဲ့နှစ်နှစ်ခွဲလောက်ကပါ ….
ကျွန်တော်နိုင်ငံတစ်ခုမှာ အလုပ်သွားလုပ်ရင်းဆုံခဲ့ကြတာ … တွေ့ချိန်က တိုတောင်းပေမယ့် ကဗျာရူး
ကျွန်တော်နဲ့ ကျွန်တော့်လိုပဲကဗျာရူး ဒီကောင်နဲ့ တွေ့တွေ့ခြင်း ခင်မင်မှုက ငယ်ပေါင်းကြီးဖော်တွေပမာ …
ဖြစ်ချင်တော့ ကျွန်တော်ညစ်နေတဲ့အချိန် စိတ်တွေလေလွင့်နေတဲ့ အဲဒီအချိန်မှာ ဒီကောင်ကပါကိုယ်နဲ့
လိုင်းတူ …. အဲဒီတုန်းက မူးဖော်မူးဖက် ရူးဖော်ရူးဖက်ပေါ့ဗျာ …. အဲဒီအခိုက်အတန့်မှာပဲ
ဒီကောင့်ဘဝမှာ အကြီးမားဆုံးရှုံးမှုလို့ပြောလို့ရတဲ့ ကိစ္စတစ်ခုပေါ်လာပါတယ် … နဂိုကတည်းက
ခပ်နဲ့နဲ့ရယ် နဲ့ အဲသလိုလဲဖြစ်ရော ဘာပြောကောင်းမလဲဗျာ ဘဝကြီးက စုတ်ပြတ်သတ်တော့တာပေါ့ ….
အဲသမှာတင် ဒီကောင့်ကိုကြည့်ပြီး ကိုယ်ပါ လေ … ကိုယ် လေ နေတာကြည့်ပြီး တစ်ခါ ဒီကောင်က
တိုးတိုးပြီး လေ …တကယ့်ကို နှစ်ယောက်ပေါင်း ဝေလေလေပေါ့ ….အဲဒီအချိန်တုန်းက လောက ဆိုတာမှာ
နေစရာမကောင်းတော့လောက်အောင် နေစရာနေရာ မကျန်တော့လောက်အောင်ဖြစ်နေတဲ့ ဒီကောင့်ကို
ကြည့်ပြီး ဟိုမရောက်ဒီမရောက် စာတစ်ပုဒ် ရေးဖြစ်ပါတယ် … ကျွန်တော် ဘလော့ဂ် စရေးစကလည်း
အဲဒီ စာ တင်ခဲ့ဖူးပါတယ် … အဲဒီတုန်းက ဒီကောင့်ကို ကြည့်ပြီး ကျွန်တော်ပါ
စိတ်အလေကြီးလေခဲ့ ဖူးတယ်ဆိုပါတော့ ….အတိုချုံးပြောရရင် အဲဒီနောက်တော့ ကျွန်တော် နဲ့ ဒီကောင်
အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာ သွားခဲ့ပါတယ် … နောက် အခုလက်ရှိ ကျွန်တော်အလုပ်လုပ်နေတဲ့နိုင်ငံ
ကို ကျွန်တော်ပြောင်းရွှေ့ ဖြစ်ခဲ့ပြီးနောက်ပိုင်းမှတ်မှတ်ရရ အွန်လိုင်းမှာ ဒီကောင်နဲ့
တစ်ခါပဲထပ်တွေ့ ခဲ့ပါတယ် ….ပြီးတော့ ဒီကောင်လည်း လိုင်းမတက်ဖြစ်တော့ တာနဲ့ ဒီကောင့် အကောင့်
လိပ်စာသာ ကျွန်တော့် မေးလ် မှာ ထီးထီးကျန်ခဲ့ပါတယ် … အခုတော့ ဒီကောင်နဲ့ကျွန်တော် မထင်မှတ်ပဲ
အွန်လိုင်းမှာပြန်တွေ့တယ် … အဓိကပြောချင်တာက တစ်ချိန်တုန်းက စုတ်ပြတ်လုလုဖြစ်နေတဲ့ ဒီကောင့်
ဘဝက အခုတော့ အရင်က သူမဟုတ်တော့တဲ့အတိုင်း …. ဘဝကြီးဟာ ဒီကောင့်အတွက် အခုတော့
စိုပြည်လို့ … (ဒီ ဖွ တဲ့ စာသာ အခုဒီကောင်တွေ့ အခု ချက်ချင်း ကျွန်တော်ရှိတဲ့နေရာ လိုက်လာပြီး
ဆဲ မလားပဲ :) ) … ဆိုတော့ကာ ဘာပဲပြောပြော ကျွန်တော် အခုလို သူ့ဘဝ အဆင်ပြေ နေတာမြင်
ရတွေ့ရတော့ ကျွန်တော် ဝမ်းမြောက်မိတယ် …အမှတ်တရ အနေနဲ့ ရေးထားတဲ့ စာပိုဒ်လေးကို လည်းပြန်
တင်လိုက်ပါတယ် …တစ်ချိန်တုန်းက ဝမ်းနည်းမှုအထိမ်းအမှတ် … အခု ဝမ်းသာမှုအထိမ်းအမှတ်ပေါ့ ….
(P>S … ကလေးတစ်ယောက်နဲ့ အခုတော့ သာယာနေပြီဆိုတဲ့ကောင်! မနေနိုင်မထိုင်နိုင် မင်းလာဖတ်မိရင်
လည်း ငါတို့ ပြောခဲ့ဘူးသလို “အပျော်ပေါ့ ” :) )
“ရောင်နီမလာခဲ့သော ကောင်းကင်ယံများ ”
ချေးညှော်အထပ်ထပ်နဲ့
ရွေးချယ်ခွင့်မရှိတဲ့ဖြစ်တည်မှု
တစ်နေ့ထက်တစ်နေ့ပေါ့
ဘဝတွေပါးလျလာခဲ့ ........
“ဒီဘဝကို စရောက်လာကတည်းကကျွန်တော့်တို့မှာ ရွေးချယ်ပိုင်ခွင့်ဆိုတာပါမလာခဲ့ဘူး ………………
အစကတော့ တကယ့်ကိုဟုတ်မလိုလိုပါပဲ …………
သူတို့တွေ ရွေးချယ်ပေးခဲ့တဲ့ ကျွန်တော့်တို့ရဲ့လမ်းက အဆောင်အယောင်တွေ တလက်လက်နဲ့…………..
ကျွန်တော့်တို့ကို လှပေ့ပပေ့ဆိုတဲ့ အရောင်တွေ ချယ်ပေးကြတယ်……………..
အရမ်းကိုကောင်းမွန်လှပတဲ့ နန်းတော်တစ်ခုထဲမှာ ကျွန်တော့်တို့ဘဝကိုပိတ်လှောင်
ကောင်းမွန်လှပတဲ့ တန်ကြေးတစ်ခုကို တံဆိပ်ခပ်ပြီး ကျွန်တော်တို့ကို အဆင့်မြင့်မြင့်ထားခဲ့ကြတယ်လေ…
အခုတော့ဗျာ”……………………………
…………………………………
…………………………………………………
ကလေးများပြောသောစကားအဆုံးတွင် သူစဉ်းစားမိသည်……………………….
သူဒီကလေးများထက်အရင် ဒီနေရာကိုရောက်ခဲ့ပါသည်………….
သူ့ဘဝသည်လည်း ဒီကလေးများထက်အရင် စုတ်ပြတ်ပါးလျခဲ့ရင်း နောက်ဆုံးအချိန်တစ်ခုကို
သူစောင့်စားနေရသည်…………..သူဒီကလေးများကို နှစ်သိမ့်မှုတစ်ခုခုပေးချင်ပါသည်…………….
သို့သော် နှစ်သိမ့်မှုသည် နှစ်သိမ့်မှုသက်သက်မှလွဲပြီး ဘာမှဖြစ်မလာနိုင်သည်ကိုလည်း
သူသိနေသည်………..သူ့အာခေါင်တွေခြောက်ကပ်နေသည်……………
“ရွေးချယ်ခွင့်မရှိတော့ဘူးဆိုရင်လည်း ထားပါဗျာ……ရောက်နေတဲ့ဘဝမှာ ပျော်သလိုနေဖို့
ကျွန်တော်တို့ကြိုးစားပါတယ်…….ဒါပေမယ့်ဗျာ
ကျွန်တော်တို့တွေကတော့ သူတို့တွေကို အခိုက်အတန့်လေးပဲဖြစ်ဖြစ် မွှေးမြစေဖို့
ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာတွေကို အစွမ်းကုန်ပါးလျ ပွင့်အာပေးပါတယ်………
သူတို့ကတော့ ကျွန်တော်တို့ကို ရှိတယ်လို့တောင် သဘောမထားပဲ ရှိရှိသမျှ
သူတို့ရဲ့ အညစ်အကြေးတွေကို ကျွန်တော်တို့ရဲ့ ခေါင်းပေါ်ပုံချကြတယ်…….
ပြီးရင်သူတို့ ဘာမှမလုပ်ခဲ့တဲ့ မျက်နှာပေးတွေနဲ့လေ” …………………..
သူ ကလေးများအားကြည့်ပြီး ရင်ထဲတွင် စကားလုံးများဖြင့်ပြည့်လျှံနေပါသည်…………..
သို့သော် ပြင်ပတွင်မည့်သည့်စကားလုံးမျှ လျှံမကျလာနိုင်အောင် သူ့ရင်ဘတ်များ
တင်းပြည့် ကြပ်ခဲနေသည်…………….သူတို့ကဲ့သို့ ဘဝတွေမည်မျှ ပါးလျခဲ့ပြီလဲ……
သူမသိပါ……သူကိုယ်တိုင်လဲ သူ့ဘဝကို သူမုန်းနေပါသည်…………….
ထိုစဉ်မှာပဲ သူ့ခေါင်းပေါ်သို့ အညစ်အကြေးများကျလာပြီး သူ့ဘဝမှာ
ပါးလျမှောင်မိုက် သွားခဲ့ပြန်သည်……………………………
ထိုသို့ဖြင့် အိမ်သာထဲမှ “ပရုပ်ခဲ” လေးများ၏စကားသံများ ခဏတာတိတ်ဆိတ်သွားခဲ့သည်………။။။
အိုင်လွယ်ပန်
(P>S အသစ်ရေးရန် ပျင်းနေပါသဖြင့် ဆားချက် ခြင်းလည်း ဖြစ်ပါသည် :) )
Subscribe to:
Post Comments (Atom)
6 comments:
လုံးပါးပါးတာမျိုးပေါ့...
I am still thinking................
................life??????
ဘာပဲဖြစ်ဖြစ် ဖတ်လို့ကောင်းပါတယ် ကိုပရုပ်လုံးရယ်..ဟီး..နောက်တာနော်...။
ဘဝတွေက ဘယ်တော့မှ ပုံသေတွက်လို့မရတာ အမှန်ပဲဗျ...။ကြိုတွေးထားလည်း တလွဲပဲ..။
ကောင်းလာတာ ဝမ်းသာရမှာပေါ့။
အိုင်လွယ်ပန်ရေ..
ဖတ်သွားတယ်..
အရေးအသားကောင်းမို့
ဘာရေးထားထား..သဘောကျစရာပါ..။
အိန္ဒြာ
ရောက်တယ်ကိုအိုင်ရေ မဖတ်ဖြစ်တဲ့ကဗျာလေးလည်းဖတ်သွားတယ် :)
မေဂျာဖြေနေပြီဆိုတော့ ဘယ်မှမလှည့်ဖြစ်တော့ဘူး
:)
ကောင်းသောနေ့ပါကိုအိုင်ရေ ပါးလွှာနေတဲ့ဘ၀ကနေ
ထူထူထည်းထည်းဖြစ်အောင် အနွေးထည်ထူထူထပ်ဖို့ကလည်း နွေရာသီကြီးအဆင်မပြေဘူး :P
ရောင်နီမလာတဲ့ အခိုက်အတန့်လေးကို အမှီရောက်လာခဲ့တယ်...
Post a Comment