ညဉ့်ငှက် (၃)

ရှင်သန်နေရမယ့်
အစာအိမ်ဟောင်းလောင်းတွေအတွက်
ကိုယ်ကျင့်တရား အသေတစ်ရံကို
ပန်းဖူးအတုတွေနဲ့ မံ
ဖိနပ်လိုချခင်း နင်းပစ်ခဲ့ပေါ့ ။

ရေခံဖို့ ရွာပေးရမယ့်မိုးအတွက်
ကိုယ့်ကိုယ်ကို ပျိုးပြီးမှဆင်ရတဲ့တိမ်
လာလမ်းကို သမင်လည်ပြန်ခွင့်
ယောင်ယောင်လေးတောင် မရခဲ့ရှာဘူး ။

သူလိုအပ်တာနဲ့
ငါလိုအပ်တာကြား
ဇာတ်လမ်းတစ်ပုဒ်က သူလိုငါလို
ရော့ ပတ္တမြားဆို
ကဲ … ရော့နဂါး ။

ဖြေလျော့သွားတဲ့
အရာတွေထဲ
ပေါ်ထွက်လာခဲ့ လက်နှစ်ဖက်
တန်ကြေးတပ် စက္ကူတွေ ဆုပ်ကိုင်လျှက်
ည ….
အဆုံးထိ နက်ခဲ့ရပုံ ။။။

အိုင်လွယ်ပန်

9 comments:

MANORHARY said...

ဘာပြောရမှန်းမသိပါဘူး
....................

mgngal said...

ဆိုးဝါလွန်းတယ်ဗျာ ဘ၀တွေက ။ ကဗျာဖတ်ပြီး ဆွံ့ အသွားမိတယ် ။

အိန္ဒြာ said...

ရေခံဖို့ ရွာပေးရမယ့်မိုးအတွက်
ကိုယ့်ကိုယ်ကို ပျိုးပြီးမှဆင်ရတဲ့တိမ်
လာလမ်းကို သမင်လည်ပြန်ခွင့်
ယောင်ယောင်လေးတောင် မရခဲ့ရှာဘူး ။

ရှင်မသိချင်ယောင်ဆောင်တာတွေကို
ကျွန်မမသိချင်ယောင်ဆောင်....

အပြုံးက အိပ်ထောင်ကဆောင်ဓါးကိုလှစ်ပြလိုက်သလိုပေါ့
အိုင်လွယ်ရယ်...

မယ့်ကိုး said...

ညဉ့် ငှက်( ၃) က ထိထိရောက်ရောက်ရှိလွန်းလို့  ၁- ၂ လည်း ပြန်ဖတ်ချင်လာပြီ။
အသက်ကြီးလာတော့ ဦးနှောက်တွေလည်း မကောင်းတော့ပါဘူး။

Moe Myint Tane said...

အဲဒီ့ညတွေထဲမှာဘဲ...

ဘ၀တွေဟာလား ညယောင်ဆောင်လိုက်ကြတယ်..

အခြေခံမျဉ်းတွေချင်းတော့ အတူတူပါဘဲ...

ဒါပေမယ့် တြိဂံနဲ့ စတုရန်းရဲ့သီအိုရီမှာ..

ဦးတည်ရာချင်းတွေ မတူတော့တဲ့အခါ...

ညဟာ မီးနဲ့မလင်းတော့ဘူး..

ငွေစက္ကူတွေ ဖြန့်ခင်းပစ်လိုက်တယ်..။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

emayarKhin said...

မတန်တဆအရင်းအနှီးဆိုတာ
ဒါမျိုးပေါ့................။။။

လင်းဒီပ said...

ကိုယ်ကျင့်တရား အသေတစ်ရံကို
ဖိနပ်လိုချခင်း နေရတဲ့ ဥာဉ့်ငှက်လေးတွေ ဘဝကိုလည်း မြင်မိတယ်။

သူလိုအပ်တာနဲ့
ငါလိုအပ်တာကြား
ဇာတ်လမ်းတစ်ပုဒ်က သူလိုငါလို....

သိပ်မှန်တယ်ဗျာ....အဲဒီ ဥာဉ့်ငှက်ကလေးတွေမှ မဟုတ်ပါဘူး...။ကျွန်တော်တို့အားလုံးဟာ ဒီအတိုင်းပါပဲ...

ကြိုက်မိတဲ့ကဗျာလေးလို့ပဲ ပြောပါရစေ...။

ဆောင်းယွန်းလ said...

ရှင်သန်နေရမယ့်
အစာအိမ်ဟောင်းလောင်းတွေအတွက်
ကိုယ်ကျင့်တရား အသေတစ်ရံကို
ပန်းဖူးအတုတွေနဲ့ မံ
ဖိနပ်လိုချခင်း နင်းပစ်ခဲ့ပေါ့ ။
သိပ်ကောင်းတဲ့ကဗျာလေးပဲညီလေးရေ

Anonymous said...

ကိုအိုင်ရေ ခုမှရောက်တယ်ဗျ ကဗျာလာဖတ်တယ် ကြိုက်၏
:) ကောင်းသောနေ့ဗျာ :)