ဒီလိုပါပဲ

အခန့်မသင့်လို့
ခေါင်းကိုက်တာလောက်နဲ့တော့
ရာသီဥတုကို ဆွဲမထည့်ချင်ဘူး
စိတ်ကိုလျှော်ဖွပ်ဖို့ သက်သက်
ဘယ်နှကြိမ် ဘယ်နှလီ
ငါ ရေချိုးမှားခဲ့ပြီးပြီလဲ ။

စိုက်ပျိုးသူတွေ စိုက်ပျိုးသွား
ခူးဆွတ်စားသုံးသူတွေ ခူးဆွတ်စားသုံး
လာတဲ့လူတွေလာ
သွားတဲ့သူတွေသွား
သတိရခြင်းတွေသိပ်များစေတဲ့
အဲဒီစပ်ကြား
ဘာတွေများလင်းလက်လာမလဲလို့
တစ်ရက်လောက်ဖြစ်ဖြစ်တော့
ငါ့ တစ်ကိုယ်လုံး မှောင်ကြည့်လိုက်တယ် ။

ဝ ကနေ ၂၆
ရောက်ခဲ့ရဲ့
သွားပါများတိုင်း ခရီးရောက်ကြေးဆို
၂၆ ကနေ ဝ
ငါ ပြန်လျှောက်ကြည့်မှာပေါ့ ။

ဒီလိုပါပဲ
စဉ်းစားလွန်းရင် အနည်းဆုံးတော့
ခေါင်းပူမယ်
ရှည်ရှည်ဝေးဝေး
မကြည့်ကြပါနဲ့
ငါတို့ နှလုံးသားဟာ
ငါတို့ ရင်ဘတ်ထဲမှာပဲ ရှိတယ် ။

ထားလိုက်ပါ
ဒီလိုပါပဲ ဆိုမှတော့ ဒီလိုပါပဲပေါ့
ကြွေ တစ်လှည့် ကြက်တစ်ခုန်ရဲ့
ဒီလိုနေ့မျိုးမှာ
အခု နက္ခတ်က အဝေး နက္ခတ်ဆိုတော့ကာ
ငါ့ကို လူ ဖြစ်စေခဲ့တဲ့ အဖေ နဲ့ အမေ
အဝေးကနေပဲ
ရိုသေညွတ်ကျိုး ရှိခိုးကန်တော့လိုက်ရဲ့
ဒီလိုပါပဲ ။။။

အိုင်လွယ်ပန်
(၁၉.၇.၂၀၀၉)

13 comments:

Mhu Darye said...

မြန်မာလို ပြောင်းဆုတောင်းမယ်။ မင်္ဂလာအပေါင်းခညောင်းတဲ့ မွေးနေ့ရက်မြတ် ဖြစ်ပါစေ လို့...။
း)

ATN said...

ကဗျာကောင်းလေးပဲ...
ဒါပေါ့ ... မွေးနေ့မှာ အဖေအမေတွေကို ကန်တော့ရမယ်...

BTW Happy Birthday to you.
အမရာဆီမှာလည်း မန့်ခဲ့ပြီးပြီ...

ဒါနဲ့ ၂၆ ဆိုတော့ ငါ့ညီက အကို့ထက် အသက် ၂၀ ငယ်နေပါ့ရောလား...
တခြားလူမွေးနေ့တွေကြည့်ပြီးတော့မှ
ကိုယ်က အဖိုးကြီးဖြစ်နေမှန်း သိတော့တယ်...း(

မယ့်ကိုး said...

စာတွေ အရမ်းလှသူအတွက် ပျော်ရွှင်ဖွယ် မွေးနေ့ ဖြစ်ပါစေလို့ ဆုတောင်းရင် ရိုးနေမယ် ထင်တယ်နော်။ ဒါပေမယ့်  စေတနာရင်းနဲ့ မို့  ကျေနပ်ဖို့ မျှော်လင့်ပါတယ်။ :)

Unknown said...

ကိုအိုင်ရေ ဟက်ပီးဘက်ဒေးပါဗျာ
မွေးနေ့မှာပျော်ရွှင်ပါစေ ဒီလိုပါပဲကျွန်တော်လည်း
ကောင်းသောနေ့ပါဗျာ :)

ပိုင်ဖြိုးကို said...

တနှစ်တနှစ် ဇူလိုင်လတွေရောက်တိုင်း မင်းမွေးနေ့ကို သတိရဆဲပါ။ မင်းအမေချက်ကြွေးတတ်တဲ့ ကြာဇံချက် ကိုလဲလွမ်းနေပါတယ်ကွာ။
နှစ်တိုင်းနှစ်တိုင်းအတွက် ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ သူငယ်ချင်းရေ ......

ပိုင်+ဖြိုး+ကို

လင်းဒီပ said...

ဟေး....ကိုအိုင် မင်္ဂလာရှိသော မွေးနေ့ပါ....
ပြီးရင် ခင်ဗျားခေါင်းလောင်းလေး ဆီမှာလည်း သွားမန့်ပါဦးမယ်...။

ဖြိုးငယ် said...

အဝေးနက္ခတ်ကျနေတာတောင် အဝေးကနေ မိဘကျေးဇူးသိတက်တဲ့ ညီလေးရေ .. ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေဗျာ ..

တင့်ထူးရွှေ said...

ပျော်ရွှင်စရာ ကောင်းတဲ့ မွေးနေ့လေး ဖြစ်ပါစေ ဘရို ၊ အဝေးနက္ခတ်တွေ အမြန်ဆုံး အဆုံးသတ်နိုင်ပါစေ ၊ ခေါင်းလောင်းလေး နဲ့လဲ
အဆင်ပြေပါစေ ဘရိုရေ ...

ဆောင်းယွန်းလ said...

အခန့်မသင့်လို့
ခေါင်းကိုက်တာလောက်နဲ့တော့
ရာသီဥတုကို ဆွဲမထည့်ချင်ဘူး
စိတ်ကိုလျှော်ဖွပ်ဖို့ သက်သက်
ဘယ်နှကြိမ် ဘယ်နှလီ
ငါ ရေချိုးမှားခဲ့ပြီးပြီလဲ

ဒီလိုပါပဲဆိုမှတော့ ဒီလိုပါပဲပေါ့
ခဏခဏလျှော်ဖွပ်နေရတဲ့စိတ်တွေပါပဲ
ကဗျာလေးကောင်းလိုက်တာကိုယ့်ညီရာ
ကြိုက်တယ်ညီလေး
နှလုံးသားနဲ့ဖတ်သွားတယ်

MANORHARY said...

ပျော်ရွှင်စရာမွေးနေ့ဖြစ်ပါစေ
(မနေ့ကတစ်နေကုန်မအားတာနဲ့
ခုမှရောက်ဖြစ်တယ် BETTER LATE THAN NEVER လို့နှလုံးပိုက်ပြီးလာဆုတောင်းပါတယ်။)
း)

သက်ထွန်းညိမ်း said...

ဒီလိုပါပဲ ဆိုတာလဲ ဒီလိုပါပဲ
အဲဒီ ဒီလိုပါပဲ ဆိုတဲ့ စကားအနက်ကို လိုက်ရှာနေတာ
ခုထိ တိတိကျကျ မတွေ့သေးဘူးး)
အဆင်ပြေပါစေ ကိုအိုင်ရေ

mgngal said...

ပျော်ရွင်စရာ အတိဖြစ်တဲ့ မွေးနေ့ ဖြစ်ပါစေဗျာ ။

စိုင်းလောဝ်ပိန်း said...

Happy Birthday ပါဗျာ။

နောက်ကျမှလာဖတ်လို့ နောက်ကျမှ ဆုတောင်းပေးလိုက်ရတယ်ဗျာ။

:)