အိမ်ကထွက်လာတဲ့နေ့

ရာသီဥတုကသာမန်ပါပဲ
သာမန်ဆန်ဆန်
လျှောက်လှမ်းခြင်းမျိုးနဲ့ပဲ
ပိတ်ကားတစ်ခုကိုဖွင့်
နှုတ်ခမ်းတွေ
တင်းတင်းမစေ့နိုင်မှာစိုးလို့
မှိုင်းနေတဲ့မျက်ဝန်းနှစ်စုံကိုတော့
ရဲရဲမကြည့်ဖြစ်လိုက်ဘူး
ရင်ကိုတစ်မြေ့မြေ့နဲ့လှီးပစ်မဲ့
ဒါးထက်ထက်တွေကတော့
မကြည့်ပဲမြင်လိုက်ရ ။

ကြိုးတင်းတင်းနဲ့ပဲ
မီးစာကိုညှိပစ်လိုက်တယ်
အခုထိ
တငွေ့ငွေ့ကျွမ်းနေတုန်း ။

(အဟောင်းတစ်ပုဒ်ပါပဲ ပြန်တင်ဖြစ်သွားတာ )
အိုင်လွယ်ပန်

8 comments:

MANORHARY said...

ကြိုးတင်းတင်းနဲ့ပဲ
မီးစာကိုညှိပစ်လိုက်တယ်
အခုထိ
တငွေ့ငွေ့ကျွမ်းနေတုန်း...
.....................

(အိမ်များမှားသလားတောင်ထင်မိတယ်။
အိမ်အသစ်ကလေးက နက်မှောင်လင်းလက်လို့..)

မယ့်ကိုး said...

အိမ်ကထွက်လာတဲ့နေ့ ...
မှိုင်းနေတဲ့မျက်ဝန်းနှစ်စုံ...
ကြိုးတင်းတင်းနဲ့ပဲ
မီးစာကိုညှိပစ်လိုက်တယ်....

ကဗျာလေးရင်ထဲ ရောက်တယ်။ ကောင်းသောနေ့ ပါရှင်... :)

ဆောင်းယွန်းလ said...

ကြိုးတင်းတင်းနဲ့ပဲ
မီးစာကိုညှိပစ်လိုက်တယ်
အခုထိ
တငွေ့ငွေ့ကျွမ်းနေတုန်း ။

လင်းဒီပ said...

ကျွန်တော်ထွက်လာတုန်းကတော့ မှိုင်းနေတဲ့မျက်ဝန်းနှစ်စုံကိုကြည့်မိလို့
မျက်ဝန်းတွေ တင်းတင်းမစေ့နိုင်ခဲ့ဘူး....။
အခုတော့လည်း အလွမ်းတွေနဲ့ အေးခဲတတ်နေပြီ..။

mgngal said...

မတူညီတဲ့ နေ့ တွေမှာ ထွက်လာကြပေမယ် ခံစားရတဲ့ ခံစားမှုတွေက တော့ တူညီသလောက်ပါပဲ ။ ကဗျာလေး ထိလွန်းမိလွန်းတယ် ။

ဒါနဲ့  ဒါးက ဓားလို့ ရေးရတာလားလို့  ။ အဆင်ပြေပါစေဗျာ ။

Anonymous said...

ကိုအိုင်ရေ ကဗျာတွေလာဖတ်တယ် :)
မဆုံဖြစ်တာကြာပီဗျာ ကိုညိမ်းတို့ကျောင်းရောက်နေလို့
:) ကောင်းသောနေ့ပါ :)

သက်ထွန်းညိမ်း said...

လောင်ထားကိုအိုင်ရေ
ကျွန်တော်ပါ ကူလောင်ပေးမယ်ဗျး)
ကဗျာတွေကတော့ ခံစားလို့ကောင်းတယ်ဗျာ

ဖြိုးငယ် said...

ခံစားချက်တိုက်ဆိုင်တယ်ဗျာ ..
ကျုပ်တို့လည်း ငွေ့ငွေ့လေး လောနေတုန်းပဲ ..
ဒါပေမဲ့ တော်တော်တော့ ပူတယ်ဗျ