လက်ပတ်နာရီ

မသွားနိုင်တော့လို့
ရပ်သွားတာပါ ။

တစ်နေ့ နှစ်ကြိမ်
ပြ ပြ ဖြစ်နေဆဲ
ရင်ဘတ်ထဲက သစ္စာ ။

ချောင်ထဲမှာ ထားသွားခဲ့တဲ့
လက် ဖြူဖြူလေးရေ !
ရာသီဆက်တိုင်း မှောင်မဲနေအောင်
လွမ်း ... တယ် ။

အိုင်လွယ်ပန်

(P>S အဟောင်းလေးပါ ။ EDIT ပြန်လုပ်ထားတာ :))

14 comments:

ဖြိုးငယ် said...

တိုတိုလေးရေးလဲ ကောင်းတာပဲ ...
တစ်ပုဒ်လုံးကို ကြိုက်မိတာဗျာ

မယ့်ကိုး said...

ကဗျာတိုတိုကောင်းကောင်းလေးတွေ ကြိုက်တဲ့အထဲမှာ ကျွန်မလည်း ပါတယ်။ =)

စိုင်းလောဝ်ပိန်း said...

လွမ်းလို့ နာနာနဲ့ ရီနေရတဲ့ နာရီလေးလားဗျ။
ကဗျာကောင်းတယ်

Anonymous said...

အဟောင်းလေးပေမယ့် အကောင်းလေးပါဗျာ

ဆောင်းယွန်းလ said...

ချောင်ထဲမှာ ထားသွားခဲ့တဲ့
လက် ဖြူဖြူလေးရေ !
ရာသီဆက်တိုင်း မှောင်မဲနေအောင်
လွမ်း ... တယ် ။

အလွမ်းတွေပြိုဆင်းလာသလိုပဲညီလေးရေ

Mhu Darye said...

ဟတ်ထိတဲ့ ရိုးရိုးသားသားလေး..း)

ရောက်ခဲ့တယ်နော် ။

MANORHARY said...

လွမ်းလိုက်တာ.............

emayarKhin said...

ကောင်းလိုက်တာ..........
:P

mgngal said...

သနားလိုက်တာ ...........
:D

pandora said...

အဲဒီလို စကားလုံးရိုးရိုးလေးနဲ့ တွေးစရာပါတဲ့ ကဗျာလေးတွေကို ကြိုက်ပါတယ်

လင်းဒီပ said...

ရပ်နေတဲ့ နာရီတစ်လုံးရဲ့ သစ္စာတရားကို လက်ဖြူဖြူလေး တန်ဖိုးမထားချင်ခဲ့ပါ..။

HAPPY CLOUD said...

ညီရေ တိုတိုလေးနဲ့... တသသ ဖြစ်စေတဲ့ကဗျာလေးပါလား...
ဖိုးမောင်

သက်ထွန်းညိမ်း said...

လွမ်းတယ်...
ချောင်ထဲမှာ ထားသွားခဲ့တဲ့
လက်ဖောင်းဖောင်းလေးတွေ
အဟဲဟဲ
ကဗျာတွေ ခုမှ လာဖတ်ဖြစ်တယ်
အလည်သွားနေလို့း)

Unknown said...

ချောင်ထဲမှာ ထားသွားခဲ့တဲ့
လက်ဖြူဖြူလေးရေ
ရာသီဆက်တိုင်း မှောင်မဲနေအောင်
လွမ်း...တယ်။

လှလိုက်တဲ့... ထိလိုက်တဲ့ စာသားလေးတွေ