ကြည့်မှန်

ခဏတာ
ကြည့်မိလိုက်တာပါ ။

ငါ့ ရောင်ပြန်က
ငါ့ကို ပြန်ဟပ်ပစ်ခဲ့ပေါ့
တစ်သံသရာစာ ...။။

အိုင်လွယ်ပန်

12 comments:

စိုင်းလောဝ်ပိန်း said...

ကဗျာဆရာတွေကတော့ မှန်ကြည့်လည်း ကဗျာဆန်တာပဲဗျာ။ :D

mgngal said...

အဲတာ သွားရောပဲ ။ မဆုံးတော့ဘူး ။

လင်းဒီပ said...

မိုက်တယ်ဗျ..ကဗျာက ဘာလို့သေချာ မပြောဘူး...။
ကိုယ့်ပြုတဲ့ အကြောင်းကြောင့် အကျိုး ဖြစ်လာတာလေး...။
လွယ်လွယ်လေး ခံစားလိုက်ရင်လည်း အချစ်ကဗျာပေါ့..။

မယ့်ကိုး said...

ကျွန်မတော့ ကံ.ကံရဲ့အကျိုးလို့ ခံစားနေမိဆဲ....
အလွန်တရာချစ်တတ်တဲ့ ကဗျာဆရာကိုလင်းဒီပက မေတ္တာရောင်ပြန်လို့ ဆိုလိုက်တော့ ပြုံးမိသွားပါတယ် =)

နွေညို said...

ရိုးရိုးလေးနဲ့ တစ်သက်လုံးဖတ်မရိုးနိုင်တဲ့ကဗျာလေးပဲ ကိုအိုင်လွယ်ရေ

MANORHARY said...

ငါ့ရောင်ပြန်က
ငါ့ကိုပြန်ဟပ်ပစ်ခဲ့ပေါ့
တစ်သံသရာစာ....
တစ်သံသရာစာ....

HAPPY CLOUD said...

အဲလိုကဗျာလှလှလေးတွေရေးတတ်ချင်လိုက်တာညီရာ...
ဖိုးမောင်

သက်ထွန်းညိမ်း said...

ကြည့်မှန်လာကြည့်တာ
း)
တစ်သံသရာစာ ။ ။

ဆောင်းယွန်းလ said...

ခဏတာ
ကြည့်မိလိုက်တာပါ ။

ငါ့ ရောင်ပြန်က
ငါ့ကို ပြန်ဟပ်ပစ်ခဲ့ပေါ့
တစ်သံသရာစာ ...
တစ်သံသာသရာစာပါပဲ.....

တင့်ထူးရွှေ said...

ဘယ်နေရာမှာ နှုတ်ဆက်ရမှန်းမသိဘူး ဖြစ်နေတယ် ဘရို ၊ မင်္ဂလာပါ ...
ဆိုတော့ကာ ......
တစ်သံသရာစာ ။

Angel Shaper said...

ခဏတာ ကြည့်မိလိုက်ပေမယ့် တစ်သံသရာစာ ပြန်ဟပ်ပစ်လိုက်တယ် တဲ့။ မတွေးမိဖူးဘူး။ ကောင်းချက် ကယ်။။

ဖြိုးငယ် said...

ဒီကဗျာကလည်း တိုတို ရှင်းရှင်းလေးနဲ့ ကောင်းလိုက်တာဗျာ ...