ရည်းစားစာ (၄)

ဘယ်ဘဝက ရေစက်ပါလဲ ။

ငါ့ကောင်းကင်မှာ
ကြယ်တွေ တစ်လုံးချင်းစီ ကြွေကျနေသလိုမျိုး
နင်ဟာ …
ငါ့ တစ်ကိုယ်စာ သိပ်လှတယ် ။

လူရယ်လို့ ဖြစ်လာတဲ့ ဒုက္ခမှာ
ချစ်နေခွင့်လေး တစ်ခု အလိုလို ငါ ကောက်ရခဲ့
ငါ့ ကျေနပ်ခြင်းနဲ့ငါ ပိတ်မိနေတဲ့ မှော်ရုံ
ကျေးဇူးပြုပြီး နင် လမ်းမဖွင့်လိုက်နဲ့
လာရာလမ်း ကို ငါ မပြန်ချင် ။

အိပ်မက်တွေမှာ ပန်းခင်းပျိုး
ရနံ့ တွေ လတ်လတ်ဆတ်ဆတ်
ငါ့ ဆူးခက် နဲ့ ငါ အသက်ဆက်မယ် ။

ဆိုတော့ကာ
ဘယ်လောက်ဝေးလဲ
မေးမနေတော့ဘူး
ခရီး စလိုက်ရဲ့
နှုတ်ခမ်းဖျားတစ်စုံရဲ့ ကန့်လန့်ကာ ကို
ဖွင့်ကြည့်ခွင့် မရသေးခင်
ငါ့ မျှော်လင့်ချက်နဲ့ငါ တစ်နံ တစ်လျား
ဝမ်းသာ ပီတိများ ဖြစ်ခဲ့ ရပုံ ။။

အိုင်လွယ်ပန်

14 comments:

မယ့်ကိုး said...

ရည်းစားစာလှလှလေး ချစ်တဲ့သူဆီ အမြန်ဆုံးရောက်ပါစေ =)
လိုအပ်လျှင် စေတနာဖြင့် သံကြိုးရိုက်ပေးပါမည်။ :P

Angel Shaper said...

ဝါးးးးးးးးးးး
ကိုကြီးလွယ်ပန်.......
ရည်းစားစာလေး မိုက်စ့်တယ်ဗျ။
အိမ်ပြန်ရင် လူကြုံထည့်ပေးလိုက်လေ... ပေးပေးမယ်လေ ဟိဟိ။

စိမ်း... said...

ကောင်းတယ် ... ကောင်မလေးကိုပေးဖတ်လိုက်လေ..
တစ်ခါတည်းကြွေသွားအောင်... :P

MANORHARY said...

ခုထိရေးတုန်းလား...း))

MANORHARY said...
This comment has been removed by the author.
emayarKhin said...

ဒါနဲ့ဆို..လေးစောင်ရပီ....

mgphonemyint said...

ရီးစားစာရေးနည်း သင်ဦးမှပါပဲ ။

ဆောင်းယွန်းလ said...

ဆိုတော့ကာ
ဘယ်လောက်ဝေးလဲ
မေးမနေတော့ဘူး
ခရီး စလိုက်ရဲ့
နှုတ်ခမ်းဖျားတစ်စုံရဲ့ ကန့်လန့်ကာ ကို
ဖွင့်ကြည့်ခွင့် မရသေးခင်
ငါ့ မျှော်လင့်ချက်နဲ့ငါ တစ်နံ တစ်လျား
ဝမ်းသာ ပီတိများ ဖြစ်ခဲ့ ရပုံ ။။

မျှော်လင့်ချက်ဆိုတာ နောက်ဆုံးထွက်သက်ငွေ့ငွေ့လေး
ကျန်တဲ့အထိ ဆွဲငင်ခေါ်ယူကြည့်လို့ရတဲ့ ကြိုးစတစပဲပေါ့ညီလေးရာ.. ညီလေးရေ တဂ်ထားတယ်
ပေါ့ပေါ့ပါးပါးပါ..အားတဲ့အချိန်ရေးပေးလို့ရပါတယ်

အိန္ဒြာ said...

အိုင်လွယ်ရေ...

ရည်းစားစာ ဘယ်နှစ်စောင်ပေးလိုက်ရသလဲကွယ့်

သိပ်လှတဲ့...ခပ်ဆန်းဆန်းရည်းစာစာလေးတွေ..
ဘယ်နှစ်စောင်လောက်ကျန်သေးလဲ...
ထပ်ဖတ်ချင်သေးတယ်....

ခင်ခင်မင်မင်

အိန္ဒြာ

အိန္ဒြာ said...

အိုင်လွယ်ရေ...

ရည်းစားစာ ဘယ်နှစ်စောင်ပေးလိုက်ရသလဲကွယ့်

သိပ်လှတဲ့...ခပ်ဆန်းဆန်းရည်းစာစာလေးတွေ..
ဘယ်နှစ်စောင်လောက်ကျန်သေးလဲ...
ထပ်ဖတ်ချင်သေးတယ်....

ခင်ခင်မင်မင်

အိန္ဒြာ

သဇင်ဏီ said...

ရောက်တယ်ဟ..
ဒီကဗျာလေးတော့ ငါနားလည်အောင်ဖတ်တတ်တယ်..း)
တချို့မော်ဒန်ကဗျာတွေက ငါလိုက်မမှီဘူး...
နင်ပျောက်လှချည်လား..
အားလုံးအဆင်ပြေတယ်ဟုတ်

Unknown said...

အကိုရေ...ရည်းစားစာ ရှဲဒိုးရေးပေးမလား...:p
ခိုက်တယ်ဗျာ....အကိုရေ..
ခင်မင်လေးစားလျက်အားပေးသွားပါတယ်...။

လင်းဒီပ said...

ပြောလိုက်တော့ ပြောလိုက်တော့ဟေ့..။
ဒါဆို ဘဏ်ကြေငြာကြီး..
အဲ ပေးလိုက်တော့ ပေးလိုက်တော့ ဟေ့..။

မြရေလျဉ် said...

ရည်းစားစာက သားလေးအတွက်ရေးပေးတာလားးးး

ဟေးဟေးဟေး


ပျော်ပျော်ပါးပါး လာခံစားပေးသွားတယ်