HAPPY BIRTHY TO MY LITTLE BELL :)

၂၂ .၁၀ .၂၀၀၉
ကျွန်တော့် ခေါင်းလောင်းလေး ရဲ့ မွေးနေ့ပါ ။
ကဗျာ တစ်ပုဒ် ရေးဖြစ်ပါ တယ် ။
မွေးနေ့ မှာ ပျော်ရွှင် ပါစေ ခေါင်းလောင်းလေးရေ ။

“မင်းရဲ့ အပြုံးဟာ မင်း ဂီတ”

သက္ကရာဇ်ရဲ့ သန်သန်မာမာ ပညတ်တွေက
မင်းရဲ့ အမည်နာမ မှာ နံပါတ်ပြောင်းပွဲတော်ကို
ကျင်းပကြပြန်တယ် ။

မင်းမျက်ဝန်းမှာ
ရာသီပေါ် ပြိုခဲ့ဖူးတဲ့ စံပယ်တွေ နဲ့
မင်းနှုတ်ခမ်းမှာ
ရာသီပေါ် ချိုခဲ့ဖူးတဲ့ ပျားရည်စက်တွေ ဟာ
နေ့ နဲ့ ည လို ထည်လဲ
နိဗ္ဗာန် နဲ့ ငရဲ ကို
အကြိမ်ကြိမ် ဒွေးရော ယှက်တင် နေ လာခဲ့
မင်း ... တစ် ကိုယ် စာ ။

အနှစ်သုံးဆယ် ....
ကမ္ဘာ မြေကြီး ရဲ့ ဆွဲငင်အား နဲ့ မားမားရပ်ခဲ့တဲ့
မင်းရဲ့ လွန်လေပြီးသောတွေမှာ
ဘာတွေ ဖူးပွင့်ခဲ့သလဲ
ဘာတွေ ကြွေလွင့် ခဲ့သလဲ
ဘာတွေ မှောင်ပိန်းခဲ့သလဲ
ဘာတွေ လင်းမြခဲ့သလဲ
မင်း ကိုယ်မင်း ပြန် မေးပြီး
မင်း တစ်ယောက်စာ ကြားနိုင်အောင်လောက်တော့
မင်းပြန်ဖြေ နိုင်ကောင်းရဲ့ ။

အနည်းဆုံးတော့
မင်းချိုးချလိုက်တဲ့ ဘဝ ခေါက်ချိုးမှာ
သက်တမ်း တစ်ဝက်စာ အသက်ရှုသံတွေ ပါသွားမယ်
နောက်ထပ် ...
ဘယ်ခွက် နဲ့ အနာဂတ် ကို
ဘယ်လို ဆက်လက် ငှဲ့သောက် မလဲ ဆိုတာကတော့
မင်းကိုယ်တိုင် အဖြေညှိ ရ မယ့်
မင်းရဲ့ တစ်ဦးဆိုင် ပုစ္ဆာ ။

ရွှေထီး ဆောင်းခဲ့ တာတွေ ပြန်အောက်မေ့ စတမ်းဆိုရင်
ရိုးသား ခဲ့တာ တွေထက်
ရိုးသား ချင်ယောင် မဆောင်ခဲ့ တာတွေ ကို
ဂုဏ် ယူ ပါ
မရောက်ခဲ့တဲ့ ခရီးတွေ ဆိုသော်ငြားလည်း
လျှောက်မြဲ လျှောက်ပေး ခဲ့တဲ့ ခြေထောက်တွေကို
ကောင်း ချီး ပေး ပါ
မှိုနံ့ သင်းနေခဲ့ပေမယ့်
အသက် ဝဝ ရှုရခဲ့သောနေ့စွဲများ ကို
သြဘာ ပေးပါ ။

ခေါင်းလောင်းလေးရေ !
ငါ့ရဲ့ ...
အသံ စာလှစွာသော ခေါင်းလောင်းလေးရေ !
ညစ်ပတ် ပေရေစွာ လမ်းလျှောက် တတ် တဲ့
ခြေထောက်တွေ ကို ရွံရှာ လိုက်တာ လို့ တဖွဖွ အော်နေပြီး
စွပ်ပြုတ် တစ်ခွက် ထဲက ဝက်ခြေထောက် တစ်စုံကို
မြိန်ရည် ယှက်ရည် ကိုက်စား တတ်ကြတာလည်း
သုံးဆယ့် တစ်ဘုံ ထဲက တစ်ဘုံ ပါပဲကွယ်
အဲသလို
ကိုယ် ထင်ရင် ကုတင် ရွှေနန်း လောကီ မှာ
မင်းရင်ထဲမှာ တူတူပုန်းနေတဲ့ နှင်းစက် တစ်စက်ဟာ
အဝိဇ္ဇာ တွေ ကို ပြန်ပြန် လှဲကျင်းဖို့ရာ
ငြိမ်းချမ်းစွာ ပြုံးလိုက် တဲ့ မင်းရဲ့ အပြုံးတစ်ခု ကို
မင်းကိုယ်တိုင် ပြန်လည် ရှာဖွေ တွေ့ရှိမှသာ ...။


အိုင်လွယ်ပန်

16 comments:

Anonymous said...

ခေါင်းလောင်းလေးနဲ့ ခေါင်းလောင်းလေးပိုင်ရှင်တို့
သံစဉ်ချိုချိုတွေနဲ့ ထာဝရပျော်ရွှင်နိုင်စေဖို့..ဆန္ဒပြုလျက်

MANORHARY said...

ချိုလွင်သာယာသောခေါင်းလောင်းသံများနှင့်
မင်္ဂလာချိန်ကိုအမြန်ရောက်ပါစေ ...
ချစ်သော ခေါင်းလောင်းလေး ( အမယ် ခေါ်မိပြန်ပါပြီ သူများခေါ်သလို :P ..) မွေးနေ့တစ်ရာမက တိုင်ပါစေ ...

လင်းဒီပ said...

“ခေါင်းလောင်းလေးလည်း ချိုပါစေ..
ရောင်စုံပန်းများ မွှေးပါစေ..
ကျွန်တော်လည်းလေ ကံကောင်းပါရစေ ကြင်နာသူရေ..။”

ဇော်ဝင်းထွဋ်ရဲ့ သီချင်းဟောင်းလေးပါ..
ခင်ဗျားကော ခေါင်းလောင်းလေးကော ပျော်ရွှင်ပါစေ...။

Angel Shaper said...

အားပါးးးးးးးးး
ကိုအိုင့် ခေါင်းလောင်းလေး
ဟက်ပီဘတ်ဒေးးးးးးးးးးးးးးးး
ပျော်စရာနေ့ရက်များ ပိုင်ဆိုင်ပါစေ။
သာယာတဲ့ခေါင်းလောင်းလေး ဖြစ်ပါစေ။

HAPPY CLOUD said...

ဟတ်ပီးဘတ်ဒေးပါ မဒမ်အိုင်ရေ...။ မစ်ချတာအိုင်ကတော့ သိပ်ကံကောင်းတယ်ဗျာ ကဗျာရေးကောင်း၊ သီချင်း အဟဲကောင်းတဲ့ ခေါင်းလောင်းကြီးပိုက်ထားတယ်။ လိုက်လဲ လိုက်ဖက်ပါ့ ဒီစုံတွဲ။ အကျွေးအမွေးရှိရင်သာ မမေ့နဲ့ဗျာ နော်။

အားကြီးခင်တဲ့
မိုးမောင်

မယ့်ကိုး said...

ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ လို့ ကဗျာဆရာရဲ့ ခေါင်းလောင်းလေးကို မနေ့ညတည်းက ကြိုဆုတောင်းပေးပြီးပါပြီရှင်။
ဒီည ထပ်ပြီး ဆုတောင်းလွှာပို့ဦးမှာ ။ဒီကဗျာလှလှလေးနဲ့ မယှဉ်နိုင်မှန်း သိပါတယ် ... =)

mgphonemyint said...

ခေါင်းလောင်းကလေးလဲ ချိုပါစေ .. .
ရောင်စုံပန်းများလဲ မွှေးပါစေ.....း)

စိမ်း... said...

အဓိပ္ပါယ်အရမ်းကိုလေးနက်တဲ့ ကဗျာပါပဲ...
ကျမ အသက်သုံးဆယ်ပြည့်တဲ့အခါ ပြန်ဖတ်ဖို့ သိမ်းထားလိုက်ပါတယ်...
:)

emayarKhin said...

ကဗျာလေးကိုရင်ထဲမှာထာဝရသိမ်းထားမယ်..
မွှေးပွယုန်ရုပ်အကြီးကြီးကို..ညတိုင်းအာဘွားပေးမယ်..
ဟီးဟီး..မွေးနေ့မှာပျော်ရွှင်ပါတယ်...:P


ကွန်တော့်ရဲ့ခေါင်းလောင်းလေး

သက်ထွန်းညိမ်း said...

ပျော်ရွှင်ပါစေ ကိုအိုင်ရေ ..
ကဗျာလေးထဲက ခေါင်းလောင်းသံကြားနေရတယ်
ကိုအိုင်ရဲ့ ကဗျာရိုက်ခတ်မှုကြောင့်ထင်တယ်
မင်္ဂလာပါဗျာ

သက်ထွန်းညိမ်း

Eaindra said...

ခေါင်းလောင်းလေးကလဲ အရေးထဲကြွားသွားသေးတယ်..

အကောင်းမှတ်မနေနဲ့ စကားများတယ် နားညည်းတယ်ပြောတာ....
( ချွန်ပေးခဲ့ဦးမယ်..။)

အမရာရေ...
ဘယ်လောက်ကျေနပ်စရာ ကြည်နူးစရာကောင်းတဲ့
ဘ၀ပေးကုသိုလ်လဲ...

ငါ့ညီမ..
စိတ်နဲ့ကိုယ်တစ်ထပ်တည်းကျလို့ချစ်သော မောင် နဲ့
အိုအောင်မင်းအောင်ပေါင်းခွင့်ရပါစေ..။

ကဗျာဆရာလဲ တစ်နှစ်တစ်ခါ မွေးနေ့ကဗျာကို တစ်သာတာ မှန်မှန်ရေးပေးနိုင်ပါစေ..။

အင်း...အစ်မကတော့ မင်္ဂလာလက်ဖွဲ့ ကဗျာရေးချင်နေပြီကွယ့်...

ချစ်ခင်စွာ

အိန္ဒြာ

MieMie said...

ပျော်ရွှင်ချမ်းမြေ့ကြပါစေ...

mie nge

HAPPY CLOUD said...

ခုမှတိတယ်.. ခေါင်းလောင်းလေးက တူးတူးကိုး...
၂ရက်ကွာတာပေါ့...
တူရာသီအကုန် နေ့မှာမွေးတာပဲ...
ပျော်ရွင်ပါစေဗျာ..
ဖိုးမောင်

ညိမ်းညို said...

ကဗျာဆရာရဲ့ ခေါင်းလောင်းလေး
ပျော်ရွှင်ဖွယ် မွေးနေ့ဖြစ်ပါစေဗျာ
ဘ၀အဆက်ဆက်တိုင် ပေါင်းဖက်ပျော်ရွှင်ပါစေး)

က+ဗျာ+လှည်း said...

ခေါင်းလောင်းကလေးတွေမြည်နေပြီ ငှက်ကလေးတွေလည်း တေးဆိုသည်...။ :D

ကဗျာဆရာရဲ့ ရင်ဘတ်ထဲက တေးဆိုသံတွေ ခေါင်းလောင်းလေး ကြားနိုင်ပါစေ။

ပျော်ရွှင်သော မွေးနေ့ပါဗျာ။

တင့်ထူးရွှေ said...

ဒီနှစ်တော့ နောက်ကျသွားတယ် ဘရို ၊ ဘရို့ ခေါင်းလောင်းလေး မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ အသံစာစာနဲ့ အပြန်အလှန် အဆင်ပြေကြပါစေဗျာ ....