မင်းရင်ခွင်ဟာ
ကျယ်ပြန့်ပြီး သိပ်သည်းဆ များလွန်းတယ်
သူရိယရဲ့ရောင်ခြည်နဲ့
မင်းဟာ တံလျှပ်တွေဖြာလိုဖြာ
စန္ဒာရဲ့အုပ်မိုးမှုနဲ့
မင်းဟာ ပုံရိပ်တွေဖွာလိုဖွာ
ဘယ်နေရာကြည့်ကြည့်
မင်းအကိုင်းအခက်တွေ တစက်စက်ယို
အရိုင်းမာယာတွေ သိုဝှက်ထားပုံက
ပစ်ခါနီး သေနတ်သမားတစ်ယောက်
အသက်အောင့်ထားသလိုမျိုး ။
မင်းရင်ခွင်ဟာ
မွတ်သိပ်ပြီး အနိမ့်အမြင့်များလွန်းတယ်
မင်းငုံငုံထားတဲ့ အိုအေစစ်နဲ့ပတ်သတ်ပြီး
မင်းဟာ လူပြောသူပြောသိပ်များခံရတဲ့ကောင်
မင်းရဲ့ ကြမ်းတမ်းရှတမှုနဲ့ပတ်သတ်ပြီး
မင်းဟာ သိပ်တင်စားခံရတဲ့ကောင်
မင်းကတော့ နားမလည်သူတစ်ယောက်ရဲ့
ဂလည်အူကြောင် မျက်နှာပေးမျိုးနဲ့
အနှုတ်အသိမ်း သေသပ်နေလိုက်ပုံ ။
ငါကိုကလည်း
မနေနိုင်မထိုင်နိုင် ပြောမိပြန်တယ်
ပြုံးတော့ပြုံးပါကွယ့်
မင်းငိုရင် တခွင်လုံးမှိုင်းမယ် ။။
အိုင်လွယ်ပန်
(အဟောင်းတစ်ပုဒ်ပါ .. ပြန်တင်ဖြစ်တာပါ )
Subscribe to:
Post Comments (Atom)
6 comments:
ကန္တ္တာရကဗျာလေးလာဖတ်သွားပါတယ်....
“သိပ်သည်းစ” က “သိပ်သည်းဆ” လားလို့..
စကားမစပ် side bar မှာ ကဗျာဆရာချီးမြှင့်ခဲ့တဲ့ “ အပယ်ခံ” ကဗျာလေး တင်ထားပါတယ်လို့ လာရောက်ခွင့်တောင်းပါတယ်။
ကောင်းသောနေ့ပါရှင်။
(ဟောင်းလေးလဲ ကောင်းဆဲပါဗျာ။)
ကန္တာရကို ရင်ထဲထည့်ပြီးပြုံး
မွတ်သိပ်မှုတွေကို သကာဖုံးလို့ပေါ့
ဆူးကြမ်းတွေသာပြွန်းခွင့်ရတဲ့နေ့တွေ
ပြီးတော့..
တံလျှပ်တွေတဖျတ်ဖျတ်နဲ့
ကိုယ့်ကိုယ်ကိုပဲ လောင်ကျွမ်းနေခဲ့ရ
နှစ်လများစွာ ....ငါ့ကန္တာမှာ ...
............... ......... တစ်ခါတစ်ခါ...........
မျက်ရည်မိုးတွေရွာချင်ပါသေးတယ်...
ဟုတ်ကဲ့ မမယ်ကိုး
ရပါတယ် ..။
စာလုံးပေါင်းပြင်လိုက်ပါပြီ .. ကျေးဇူး :)
ကောင်းတယ်ဗျာ..
ဗော်လ်ကာ သောက်ရသလိုပဲ...
ခင်မင်လေးစားလျက်
မိုးကြယ်
ပြုံးတော့ပြုံးပါကွယ့်
မင်းငိုရင် တခွင်လုံးမှိုင်းမယ် ။။
အဖွဲ့လေးလှတယ်ညီလေးရေ..ကန္တာရကိုတောင်းပန်တဲ့ တိုးလျှိုးသံလေးက ထိထိမိမိရှိတယ်...
ပျော်ရွှင်နိုင်ပါစေ
Post a Comment