တွေးရင်း တောရင်း
ဆံပင် သုံးချောင်းဖြူသွားတဲ့နောက်
ရေးကြီးခွင်ကျယ် ဆိုတဲ့စကားက
ငါ့ ကို တစ်ဘဝလုံးစာ မုန်းသွားရဲ့။
ကောက်ရ ခဲ့တုန်းက
ကျပျောက် တတ်ကြောင်းလည်း
စဉ်းစား မိခဲ့ဖို့ကောင်းတယ် ။
အောက်ဆီဂျင် ဝဝရှုဖို့ဆိုရင်တောင်
နှာခေါင်း တစ်စုံတော့
ငါ့ဘက်က စိုက်ရမယ် ။
ခြင် တစ်ကောင်မှာလည်း
အသက် တစ်ချောင်းနဲ့ပါပဲ ။
ထန်းသီးကြွေခိုက် ကျီးနင်းခိုက် ပါ
ပြော ... ချ ... လိုက် ... ပြီ
ခင်ဗျားလည်း
တစ်သက်မှာ တစ်ခါလောက်ဖြစ်ဖြစ်တော့
အဲဒီ လိုမျိုး ကြားမိလိုက်မယ် ။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
11 comments:
ဟားဟား သိပြီလားဗျ..
ဝဋ်ဆိုတာ လည်တတ်တယ်..။
ကောက်ရ ခဲ့တုန်းက
ကျပျောက် တတ်ကြောင်းလည်း
စဉ်းစား မိခဲ့ဖို့ကောင်းတယ် ။
ထန်းသီးကြွေဖို့အတွက်
ကျီးက အချိန်ကိုက်ကလေး နင်းပေးလိုက်ရတဲ့သဘော
သံသရာ၏ အတွေ့ထူးလှစွာသော ဝဋ် ...း))
ကောက်ရ ခဲ့တုန်းက
ကျပျောက် တတ်ကြောင်းလည်း
စဉ်းစား မိခဲ့ဖို့ကောင်းတယ် ။
...
လာရောက်မှတ်သားသွားပါတယ် ...
သဘောကျလိုက်တာ။
ကောက်ရ ခဲ့တုန်းက
ကျပျောက် တတ်ကြောင်းလည်း
စဉ်းစား မိခဲ့ဖို့ကောင်းတယ် ။
...
လာရောက်မှတ်သားသွားပါတယ် ...
သဘောကျလိုက်တာ။
ကဗျာ ပြန်လာအားပေးသွားတယ်။
း)
မှတ်သွားပြီး)
ကောက်ရခဲ့တုန်းက ကျပျောက်တတ်ကြောင်းလည်း စဉ်းစားခဲ့မိဖို့ကောင်းတယ်...
အတွေးနက်နက်နဲ့ ထိမိတဲ့ ဖွဲ့နွဲ့ချက်ပါပဲညီလေးရေ..ဂွတ်တယ်
ကောက်ရခဲ့တုန်းက ကျပျောက်တတ်ကြောင်းလည်း စဉ်းစားခဲ့မိဖို့ကောင်းတယ်...
အတွေးနက်နက်နဲ့ ထိမိတဲ့ ဖွဲ့နွဲ့ချက်ပါပဲညီလေးရေ..ဂွတ်တယ်
ကြောက်တယ်............ အဲဒိ ၀ဋ်တွေကိုပြန်လည်မှာကို
လာလည်ပါတယ်ဗျာ.ကဗျာတွေ ခံစားသွားပါတယ်..
Post a Comment