ပန်းကြွေတွေက
ပန်းပွင့် ပြန်ဖြစ်မလာနိုင်တာ
သိတယ် ။
ဒိုင်ယာရီ စာရွက်ကြားလေးထဲကို
နေ့စဉ် ရှိုက်နမ်း
အဲဒါ …
ငါ့ …
တဇောက်ကန်း စိတ်အာဟာရသက်သက်
သိ … တယ် ။
ကြယ်တွေ ကြွေနေတာ ကိုမှ
စိတ်ကူးထဲ
လိုက်ဖမ်းနေမိခဲ့။
အိုင်လွယ်ပန်
ရှပ်အင်္ကျီအနီကွက်နဲ့ကောင်မလေး ဝတ္ထုတိုများ
5 days ago




11 comments:
ပြည့်စေသတည်း
တစ်နေ့ကျရင်တော့
ဝါရော်ဟောင်းနွမ်းနေတဲ့စာမျက်နှာထက်
ကြယ်တွေလက်လက် ...ဘဝအဆက်ဆက်တွေထိ ..
ဆုတောင်းနေမိဦးမလား.......
....................
တကယ်တမ်း စိတ်နဲ့သွားဖမ်းပြီး မိလာတဲ့ကြယ်က
အပူလောင်တဲ့အခါ ...
အသည်းကွဲတတ်သေးတယ် ငါ့ရှင် ....။
သိ .....တယ် .....။
ပန်းကြွေ ...
ပန်းပွင့်ပြန်ဖြစ်လာတဲ့နေ့အထိ ...။
ကြယ်တွေ ဖမ်းမမိပေမယ့်
လိုက်ဖမ်းနေရတာက အရသာ...
ပန်းကြွေတွေ ပန်းပွင့်ပြန်မဖြစ်ပေမယ့် မျှော်လင့်နေမိတာက ကဗျာ..
အကိုဒီပစကားလိုပေါ့
မရေးရသေးတဲ့ကဗျာက အပျို
ရေးပြီးသားကဗျာက အိမ်ထောင်ကျပြီးတဲ့သူ
လိုက်ဖမ်းရင်တော့ ကဗျာ ဖြစ်နေဦးမှာပဲး)
ကြယ်ကြွေတာတွေ လိုက်ဖမ်းနေတုန်းလား.. အဆင်ပြေပါစေ
စိတ်ကူးထဲဖမ်းနေမိတဲ့ အရာတွေ လက်တွေ့ဘ၀မှာ တကယ်ရပါစေဗျာ။
စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်
တောင်းတဲ့ဆုနဲ့ ပြည့်ပါစေ ဆုပေးရင် ပေးတဲ့ ဆုက ပြည့်မှာလား......း)
ပြည့်မှာပါနော်... :P
ဟို မွေးနေ့ကဗျာလေး သွားသတိရတယ် =)
ကြယ်ကြွေတွေသာမက
ကြယ်ပျံတွေပါ လိုသလောက်ရပါစေရှင်။
တဇောက်ကန်း စိတ်အာဟာရလေးတွေ ဖူးပွင့်ဖို့
ကြယ်တွေကို လိုက်ဖမ်းမယ်
ဒိုင်ယာရီစာရွက်လေးတွေထဲ...
ကိုအိုက် အဆင်ပြေပါစေဗျာ။
ဟောလို...ရင်ထဲထိတဲ့
ကဗျာ....တိုတိုလေးတွေကို...
သိပ်ကြိုက်တာပဲအကိုရေ...။
Post a Comment