ဘာမှမပါတဲ့ ကဗျာ

ပြောရရင်
လောကဓံ ရဲ့
လောကဝတ် ကိုက
လောကွတ်ကျေ ခဲ့ပါတယ် ။

ရှိုက်ပါ များတော့
အဆုတ်တွေ အားနည်းလာခဲ့
အခိုးအငွေ့တွေ ရှုပ်လာတယ်
ခန္ဓာတွေ ရှုပ်လာတယ်
ကိုင်ဆုပ်ထားတဲ့ ရပိုင်ခွင့် တစ်ဖက်ခြမ်းမှာ
ဂရုမပြုမိတဲ့ ပေးဆပ်ခြင်း တစ်ခု ငိုနေရဲ့ ။

လေးကန်နေတဲ့ ခြေလှမ်းတွေ ဟာ
ကမ္ဘာဦးစကတည်းက လိုက်မမှီတဲ့ စိတ် ရဲ့နောက်ကို
အတေးအမှတ်မရှိ တကောက်ကောက်
နွေ ဘယ်လောက်
ဆောင်း ဘယ်လောက်
မိုး ဘယ်လောက် ။

ကြီးကြီးကျယ်ကျယ်တွေတွေး
သောက်ရမယ့်အရေး
အဝင်ကောင်းအောင်
ရသမျှ ဂါထာတွေရွတ်
တထိတ်ထိတ် နဲ့ပဲ
မျက်စိစုံမှိတ် မော့ချပစ်လိုက်တယ် ။

သြော် ..
မသောက်ခင်တော့ ကြောက်လိုက်ရတာ
တကယ်တမ်းတော့
ခွက်ထဲမှာ က ဗလာ ။

အိုင်လွယ်ပန်

9 comments:

ကိုရင်နော်ခင်လေးငယ် said...

မသောက်ခင်ကတော့ ကြောက်လိုက်ရတာ...
....တဲ့လား....!!

သြော့ သြော် :)
သောက်ပြီးတော့ကောလို့ လုံးဝ လုံးဝ မေးတော့ဖူးနော့..!!
ဟာ ဟ :P

ခင်မင်စွာ ချစ်ခြင်းအားဖြင့်

စိုင်းလောဝ်ပိန်း said...

ဖြစ်တတ်တယ်ဗျ။ ကျွန်တော်လည်းတစ်ချိန်လုံးနီးပါးဖြစ်ဖြစ်နေတတ်တာ။
တကယ်တမ်း ဘာမှ မဟုတ်ဘူးဆိုတာ က မော့သောက်လိုက်မှ သိတာ။ :D

ညီအကိုများ said...

ကိုအိုင်.. ဒီကဗျာကတော့ ပထမဆုံး ဆိုတာတွေကို ပြေးသတိရမိတယ်ဗျာ..

ခင်မင်လေးစားလျက်
မိုးကြယ်

နွေဆူးလင်္ကာ said...

ဟုတ်တယ် ပထမဆုံးတစ်ခွက်တော့ ဇွတ်ကစ်ရတာပ ဟီးဟီး ..

MANORHARY said...

:(
နားလည်အောင် မော့ပဲ သောက်ကြည့်လိုက်ရတော့မလို
စိုင်းလောင်ပိန်း တို့ နွေဆူးလင်္ကာ တို့ပြောသလို ....

Unknown said...

မိုးခါးတွေများလားအကိုရေ......
ဒီလိုပါပဲ...
မသောက်ခင်ဝန်လေးတက်ကြပေမဲ့...
ကြာလာတော့လဲ...
အသားကျသွားတက်ကြတာပဲလေ....။

Eaindra said...

အိုင်လွယ်ရေ......

ကဗျာလာဖတ်ရင်း လှူထားတဲ့ ပိုက်ဆံရတာလေးလာပြောတာ

အစ်မအကြွေးတွေများနေပြီ...

ဘာမှာမရှိတာကို သောက်ပေမယ့်
အတော်အသင့်တော့မူးခဲ့ကြတာပဲ မဟုတ်လား...

HAPPY CLOUD said...

မသောက်ခင်ကတည်းက ကြောက်တယ်ဆိုတာ ညာတာဖြစ်မယ်။ ကြောက်ရင် ဆက်မသောက်နဲ့ပေါ့။ အခုတော့...........(ကိုယ့်အကြောင်း ကိုယ်သိကဗျာဆရာ)


ခင်မင်လျှက်..
မိုးမောင်

ဆောင်းယွန်းလ said...

ကဗျာကိုလာမော့သွားတယ်ညီလေး