ဟာသ (၆)

နှုတ်ခမ်းပါးလေး တစ်လှုပ်မှာ
အရာအားလုံး ပြီးပြည့်စုံ စေချင်ခဲ့တဲ့
ခပ်ပိန်းပိန်း ကောင်ရယ်ပါ ။

“ရေပေါ်မှာ အရုပ်ရေးချင်တယ်” တဲ့
ချစ်သူက ပြောတော့
ကမ္ဘာ တစ်ဆုံး ငါလိုက်ရှာတယ် ။

ရေ ကို ငါရှာတွေ့ခဲ့တယ် ။

ရေပေါ်မှာ ထင်နိုင်မယ့် အရုပ်ကို
ငါ ... ရှာမတွေ့နိုင်ခဲ့တာ
ခုထိ ..။

အိုင်လွယ်ပန်

7 comments:

စိုင်းလောဝ်ပိန်း said...

ကိုအိုက်တို့ ဇွဲကောင်းလှချည်လားဗျ။ :P
အချစ်မှာ အရာရာပြည်စုံပါစေဗျာ

မယ့်ကိုး said...

ချစ်နိုင်ကြသူတွေ ချစ်ကြပါရှင် ...:P
ကောင်းသောနေ့ပါ :)

MANORHARY said...

မရယ်ရသော ဟာသ တစ်ပုဒ်ပေါ့ ..

ညီအကိုများ said...

ရင်ထဲကရယ်သွားတယ် ကိုယ့်ဆရာ..

ခင်မင်လေးစားလျက်
မိုးကြယ်

သက်ထွန်းညိမ်း said...

တွေ့တော့မယ် ကိုအိုင် ဆက်ရှာဦးး)

နွေဆူးလင်္ကာ said...

ရေထဲမှာ အရိပ်တွေ ပေါ်နေမယ့်အချိန် ခင်ဗျားဆွဲထားတာဆိုပြီး ခေါ်ပြလိုက်ပေါ့ ဟီး

Mhu Darye said...

သဘောကျတယ်...ကဗျာလေးက အေးအေး ရှင်းရှင်းလေး...။