ပိုးဖလံ

ဆူးခြုံ ကိုတော့ နင်းချလိုက်ပြီ
ဘာကို ယုံပေးရမလဲ
ပြောပါ ..။

မပြောတော့ဘူးလို့တော့
တွေးထားလိုက်တာပါပဲ
အတွေးတွေဟာ
မီးပွင့်ခတ်သံတွေ တစ်ဖျပ်ဖျပ် ။

ပျော်ပျော်ကြီးကို
ကိုယ်ကျိုးနည်းခဲ့တယ် ။

အိုင်လွယ်ပန်

8 comments:

Anonymous said...

တိုးလိုက်ပြီပေါ့

Unknown said...

မိုက်တယ် ကဗျာလေးက

နွေဆူးလင်္ကာ said...

ဆူးခြုံနင်းမှတော့ ကံကို ယုံလို့ပေါ့။ မပြောတော့ဘူး ပျော်ပျော်ကြီး ကိုယ်ကျိုးနည်းလိုက် ...
ဖတ်သွားပါတယ်။ ကောင်းတယ်။

Mhu Darye said...

ရောက်တယ် ကိုပိုးဖလံရှင့်.. :P

Moe Myint Tane said...

ပိုးဖလံတဲ့လား ကိုယ့်ဆရာ။
ဖတ်သွားပါတယ်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

လင်းဒီပ said...

ပျော်ပျော်ကိုယ်ကျိုးနည်းတော့ စိတ်သက်သာတာပေါ့ဗျာ..။

တင့်ထူးရွှေ said...

:-)

Unknown said...

:)