သူချစ်တဲ့ ကမ္ဘာမြေပေါ်ကို ထိုးဆင်းသွားတဲ့ ဥက္ကာခဲ

လှမ်းလှမ်းမျှော်လိုက်တိုင်း
မင်း မျက်ဝန်းက
မယုံကြည်ခြင်းတွေကိုပဲ လှစ်လှစ်ပြ
အလင်းနှစ်တွေ
သံပြိုင်ငို ခဲ့ရတဲ့ ဂီတ ။

ညတစ်ညရဲ့ ကောင်းကင်ယံ
တစ်ခဏတာ
ရုပ်ပျက်ဆင်းပျက် လှသွားခဲ့ပုံ
စံပယ်ဖူးလေး တစ်ငုံတောင်
လူးလူးလွန့်လွန့် အိပ်ရာနိုးလာ ။

မာကျောမှုထဲက
အဖြူထည်ဆန္ဒသက်သက်ရဲ့
နူးညံ့သိမ်နုပ်မှုကို
မင်း ရှာမတွေ့ခဲ့ပါ
ငါဟာမင်းဆီကိုရောက်လိုရောက်ငြား
ဘဝနဲ့ရင်းပြီးလောင်ကျွမ်းခဲ့တယ်ဆိုတာ
မယုံကြည်တတ်သူကို ပြောပြမိတဲ့
ယုံတမ်းပုံပြင်လေး တစ်ခုစာ ..။

အိုင်လွယ်ပန်
(အဟောင်းတစ်ပုဒ်ပါပဲ )

4 comments:

Mhu Darye said...

မာကျောမှုထဲက
အဖြူထည်ဆန္ဒသက်သက်ရဲ့
နူးညံ့သိမ်နုပ်မှု တဲ့လား......

မယုံကြည်တတ်သူကို ပြောတဲ့ ယုံတမ်း တဲ့လား...

လာဖတ် ဖြစ်ပြန်တယ်။

မှူးဒါရီ

MANORHARY said...

ယုံကြည်ချက်တစ်ခုနဲ့ ရူးမိုက်ပြစ်လိုက်တဲ့အခါ
ရလာဒ်ဟာ......

နွေဆူးလင်္ကာ said...

ကမ္ဘာပျက်တာတွေ ခေတ်စားနေရတဲ့ အထဲ ခေါင်းစဉ်ကြည့်ပြီး လန့်သွားတယ်။ ကဗျာကောင်းလေးပါ။

မယ်ကိုး said...

ခေါင်းစဉ်လေး ကြည့်တည်းက ကိုယ်တွေးထားတာနဲ့ တူမလားလို့ တွေးခဲ့တာ။ ကြိုက်လိုက်တာ။ အဲလိုလေး ဆင်ဆင် အက်ဆေးလေးတောင် ရေးဖို့စဉ်းစားဖူးတယ်။
ကောင်းသောနေ့ပါရှင် =)