ပန်းပွင့်ဖို့ ကူးခဲ့ရတဲ့
ဝတ်မှုန်တွေ
တဒင်္ဂ ကို ချော့သိပ်ဖို့ခက် ။
ပြင်ဆင်ရင်းစွဲ နက္ခတ်တွေကြား
ရေးရေးလေး မြင်တဲ့ နိမိတ်
ယုန်လိုလို ကြောင်လိုလို
တစ်ထင်စာ ရင်ခုန်မိချိန်
ကိုယ်ထမ်းထားရတာထက်
ဘယ်အရာကများ ပိုလေးခဲ့ဖူးပါသလဲ ။
ဆုတောင်းမှုများ
ဖြစ်လေရာ ဘဝဆက်တိုင်း
လာခြင်း ကောင်းစေဖို့
စောင့်မျှော်နေ
အဲသလိုမျိုး
မိုးရိပ်တွေများ ဆင်ပြီဆို
တစ်ခွင်လုံးညံ
ဖား အော်သံတွေ ။
မိုင်နှုန်း ဘယ်လောက်
ပြင်းအား ဘယ်လောက်
ပျက်သုဉ်းခြင်း ဘယ်လောက်
နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သလိုမျိုး
စိတ်လွတ်ကိုယ်လွတ် နာ ... ဖျား ... ခဲ့
ခုနှစ်ရက် အပေါင်း ခုနှစ်ရက် ။
ပြီးသွားပါပြီ
အခုတော့လည်း
အဖြစ်အပျက်ဟာ အဖြစ်အပျက်
မဟုတ်ခဲ့သလိုမျိုး
အားလုံးဟာ
မေ့လွယ်ပျောက်လွယ် ..။
အိုင်လွယ်ပန်
Subscribe to:
Post Comments (Atom)
5 comments:
ကဗျာလေးကို နှစ်သက်စွာခံစားသွားတယ် ညီရေ့
မရောက်ဖြစ်တာကြာသွားတယ်... ခွင့်လွှတ်
တကယ်တမ်းကျတော့
အရာအားလုံးဟာ
မေ့လွယ်ပျောက်လွယ်မှ
မဟုတ်နိုင်ခဲ့ပဲ .....
တခါတခါ အဲဒီ မေ့လွယ်ပျောက်လွယ်လေးတွေကိုပဲ တမ်းတစွာ ရေရွတ်မိနေတယ်။
အဲဒီလို မေ့ချင်တယ် ...
ကောင်းသောနေ့ပါရှင် :)
တကယ်တော့လည်း
ဘဝကြီးတစ်ခုလုံးက မေ့လွယ်ပျောက်လွယ်...
(btw နောက်က တိမ်တွေ ရွေ့နေတော့ လေထဲမှာ ကဗျာဖတ်နေရတဲ့ အတိုင်းပဲဗျ..:P)
Post a Comment