ပန်းဖူး

ငါ့ကိုယ်ငါ ဆွဲဖွင့်လိုက်ရမယ့်
တံခါးချပ် အပြင်ဖက်မှာ
ဘာတွေများ ရှိမလဲ ။

မိုး

သောက်
ခင်

ကမ္ဘာမြေအတွက်
လာခြင်းကောင်းစေလိုတဲ့ ဆန္ဒတွေကို ငုံ
တစ်ကိုယ်လုံး တုန်အောင်
ရင်ခုန်နေမိတော့တယ် ။

အိုင်လွယ်ပန်

8 comments:

Moe Myint Tane said...

တစ်ကိုယ်လုံးတုန်နေအောင် ရင်ခုန်နေပြီပေါ့လေ။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Mhu Darye said...

ရင်ခုန် နေရမယ်လေး)
ကဗျာလေး ချစ်စရာပါ ကိုအိုင်..။

နွေဆူးလင်္ကာ said...

လာခြင်းကောင်းတဲ့ ပန်းဖူးလေးအတွက် ကမ္ဘာမြေက လှပပေးနေမှာပါ။

မယ့်ကိုး said...

ကဗျာလေးက ချစ်စရာလေး ( ကိုယ့်အတွေးနဲ့ကိုယ် :)
ကောင်းသောနေ့ပါရှင်

စိုင်းလောဝ်ပိန်း said...

အလှပဆုံးပွင့်ဖူးနိုင်ပါစေဗျာ ကိုအိုက်။
မရောက်တာကြာလို့ ကဗျာကြွေးတွေ လာဖတ်သွားတယ်။

ပိုင်ဖြိုးကို said...

စိတ်တံခါးချပ်ကို ဆွဲဖွင့်ရလောက်အောင် သတ္တိမရှိသေးဘူး သူငယ်ချင်းရေ ...........

လင်းဒီပ said...

ပန်းဖူးကလေးက
သူ့ရဲ့ပွင့်လွှာတွေ ဖြည်းဖြည်းချင်း ဖွင့်ပြီး
လောကကို ထိတွေ့ပုံ...

သက်ထွန်းညိမ်း said...

ကိုအိုင်ရေ ရင်ခုန်ပုံက
ကမ္ဘာမြေတောင် တုန်မယ်ထင်ပါ့း)