ဟာသ (၇)

ဘာမှမဟုတ်ပါဘူး
လေတစ်ချက် ဝှေ့လို့
မြက်ဖျား ပေါ်က နှင်းစက်လေး
ဆတ်ကနဲ လွင့်သွားတာပါ ။

ငါ့မှာ
ခေါင်းလေးတစ်ချက် အရမ်း
ကြွေသွားတဲ့ မျက်ရည် ပုလဲဥလေးအတွက်
မြက်ပင်လေးကို သနားနေခဲ့ရ ။

ဘယ်ဘက် ရင်အုံက
ထမ်းထမ်း ထားရတာတွေဟာ
သွေးရိုးသားရိုး လေးလံလိုက်တာ ။

ရယ်ရတယ်နော်
ဟာသ ...။

အိုင်လွယ်ပန်

13 comments:

emayarKhin said...

ဟားဟားဟားးးးးးးးးးးးးးးး

လင်းဒီပ said...

(တစ်ယောက်က ဟာသလို့ တိုင်ပေးတော့ နောက်တစ်ယောက်က ဟားဟားဟား..တဲ့ ညီပ..ညီပ...)

လင်းဒီပ said...

နောက်တာပါ...
ကဗျာလေးက လွမ်းလွမ်းဆွတ်ဆွတ်လေး ကြေကွဲပြနေတာ..။

မယ့်ကိုး said...

ရယ်ရမှာလား။
ကြေကွဲစရာကောင်းလှရဲ့ =(

စိုင်းလောဝ်ပိန်း said...

ဟာသတွေက လေးလံလှချည်ရဲ့
ရင်အုံတစ်ခုစာ

z said...
This comment has been removed by the author.
Zephyr said...

ခင်ဗျားဟာသကရယ်ရတယ် ... တနုံ့နုံ့ ...။
ဖြစ်လေရာဘ၀မှာ ဟာသမပြောပါရစေနဲ့တော့။ ။

...
စွန့်လွှတ်ဖို့ချစ်ခဲ့တာမဟုတ်ဘူးဆိုရင်လည်း
မစွန့်လွှတ်ဖို့ ချစ်ခဲ့တာ ဆိုတာ သက်သေပြဖို့လိုတယ်။
...

ဖြစ်ပြီးမပျက်တာမရှိဘူးဆိုပေမယ့် ...
ဘယ်ဟာတွေပျက်ဖို့ ဘယ်လောက်ကြာတယ်ဆိုတာတော့ ဘယ်သူမှမသိခဲ့ကြပါဘူး ....။

မြက်ပင်လေးလည်း ...အဆင်သင့်မဖြစ်ခဲ့ပါ ...။
လရောင်တွေလည်း .. အဆင်သင့်မဖြစ်ခဲ့ပါ။

MANORHARY said...

ဟုတ်တယ်
ဟာသက တနုံ့နုံ့ နဲ့
ရယ်ရတယ်နော် ဆိုပြီး
ငါတို့ မရယ်ဖြစ်ခဲ့ကြ
သွေးရိုးသားရိုးလေးလံလာလိုက်ပုံ..............

Mhu Darye said...

ဘာမှ ပြောမသွားဘူး...ဆိုတာကို ပြောသွားတယ်။
မရယ်ရတဲ့ ဟာသ ကို ဟန်လုပ် မရယ်ဖြစ်ခဲ့ဘူး။

ချမ်းမြေ့ နိုင်ကြပါစေ။
း)

Unknown said...

ထမ်းထားရတာတွေက လေးလံရုံတင်မက ထွေးဖို့လည်းခက်လိုက်တာ။

တင့်ထူးရွှေ said...

ရယ်စရာ မကောင်းတဲ့ ဟာသတစ်ခု လား ???
:-)

Moe Myint Tane said...

ကိုယ့်ဆရာ

အဆင်ပြေချောမွေ့ပါစေဗျာ။

စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

Eaindra said...

ဟာသလို့ ပြေပါစေ ပေါ့ပါစေတော့လို့
ပြောပြောကြည့်နေရတဲ့ ဟာသမျိုးပေါ့

အိုင်လွယ်ရယ်

ဆေးရုံလည်းကြိုက်တယ်