အလွမ်း

ဗျာပါဒ ရဲ့ အငို အပြုံး
နှလုံးသား နဲ့ ဖွာရှိုက်ရန်
ညှိလိုက်သောမီးစ ။

စိတ်များ ...
သန်ရာ သန်ရာဆီ စီးဆင်းသွားကြ
မျက်စိတစ်ဆုံး ။။

အိုင်လွယ်ပန်

9 comments:

Unknown said...

အားလုံးပဲ အဆင်ပြေပါစ ကိုအိုင် :)

လင်းဒီပ said...

အလွမ်းဆိုတာ နှလုံးသားနဲ့ ဖွာရှိုက်ဖို့ ညှိလိုက်မိတဲ့ မီးတစ်စလား..။
ဒီအရပ်မှာ မီးလောင်ရာ လေကလည်း ပင့်လို့ ။

Zephyr said...

စခဲ့တဲ့အလွမ်း ...
....အစအတိုင်းထားလိုက်ရမလား ....။
ဆက်လွမ်းသင့်မလွမ်းသင့်....မှာ ထားလိုက်ရမလား ....။
အလွမ်းစိုစွတ်နေတဲ့အလွမ်း ....
ပျံသန်းနေတဲ့ မျက်ကန်းငှက်လို .............။ ။

Zephyr said...

အလွမ်းဆိုတာ
စပြီးတာနဲ့ မဆုံးသောအရာ

mnhy

(on behalf of mnhy ...)

လင်းခေတ်ဒီနို said...

နှလုံးသားနဲ့ ရှိုက်တော့မယ်ပေါ့ သက်ပြင်းတော့ ချရမယ်ထင်တယ် . . . . . စိတ်တွေ စီးဆင်းသွားကြတယ် အတွေးမျက်စိတဆုံးပဲထင်တယ်

Maung Myo said...

ဟုတ်ပါ့ ကျနော်လည်း ခုရက်ပိုင်း ဘာကိုမှန်းမသိပဲ တော်တော်ကို လွမ်းနေတယ် ။

Eaindra said...

လွမ်းပြီပေါ့......

မောင်လေးရေ...

ဘာပဲဖြစ်ဖြစ် အလွမ်းက ဘ၀ ကိုကျစ်လစ်စေခဲ့တယ်..။

ချစ်ခင်စွာ

အိန္ဒြာ

တင့်ထူးရွှေ said...

မှော်ဝင်နေတဲ့ ကဗျာ

Anonymous said...

ဦးရေးတဲ့ ကဗျာလေးတွေရော ဝတ္ထုတွေရော အရမ်းကောင်းပါတယ်
လေးစားခင်မင်ရပါသောဦးရေ..........
ဦးရဲ့အလွမ်းတွေမြန်မြန်အဆုံးသတ်ပါစေလို့......
အဝေးမှခေါင်းလောင်းသံလည်း အနီးအနားသို့......