နေထိုင်မှုဘောင်ထဲ လကာင်္ချောစေဖို့ သူ့ထက်ငါ အပြိုင်အဆိုင်
ချော်လဲလိုက်သည်နှင့် ရောယောင်ထိုင်ချခြင်းများ ပေါ်ပြူလာဖြစ်နေသော ကမ္ဘာ
ရောက်စေလိုသောဆန္ဒဖြင့် သွားသောခရီးလမ်းမှာ လမ်းပျောက်ခဲ့လျှင်
လမ်းရှာရသောအလုပ်မှာ ပထမဦးစားပေးအစီအစဉ် ဖြစ်လာ
ထိုသို့ဆိုလျှင် ချော်သွားသည့်လမ်း၏ ရည်ရွယ်ချက် အတိမ်အနက်
သောက်ဖန်များလာသောကြောင့် မခါးတော့သော မိုးခါးရေများ တစ်စက်ပြီးတစ်စက်
မှန်ဘောင်သွင်းထားသော အတ္တများအား အချိန်ရတိုင်း ဖုန်တခါခါ
နှလုံးသားကိုတိုင်းတာသော ငွေကြေး နှင့် ငွေကြေးကိုတိုင်းတာသော နှလုံးသားများကြား
စည်းတစ်ချောင်းမှာ မထူးဇာတ်ဖြင့် ပြစ်ဒဏ်ခံယူရန် အသင့်အနေအထား
လက်ခုပ်သံများ ပြစ်တင်သံများ ဝင်ချည်ထွက်ချည်
ခေါင်းကိုက်နေသောသူ တစ်ယောက်အား
“ပြန်ကိုက်လိုက်လေ” ဟု လွယ်လွယ်ပြောတတ်သော ပါးစပ်များ
ကြားရဖန်များလာသောကြောင့် ရောဂါတိုးလာခြင်း ဖြစ်ပါသဖြင့်
စိတ်သည် ခိုင်ခံ့ရန် မလွယ်ကူကြောင်း သက်သေပြစရာ မလိုအပ်တော့ပါ ။
အိုင်လွယ်ပန်
ဘဝ
1 month ago
4 comments:
အေးဗျာ .. ခေါင်းကိုက်တဲ့အခါ ပြန်ကိုက်လို့ ရရင်လဲ ကောင်းသား.........
ကဗျာလေးက မိုက်တယ်။
ကောင်းသောနေ့ပါ :)
စိတ်သည် ခိုင်ခံ့ရန် မလွယ်ကူကြောင်း သက်သေပြစရာ မလိုအပ်တော့ပါ ။
:) ဟုတ်တယ် အကြောင်းပြရန်မလိုအောင်ကို ခိုင်လုံတဲ့ သက်သေး))
ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ မဖြစ်ခြင်း အလာ့ဂျစ်များနှင့် .. ယားယံစွာ နေထိုင်နေဆဲ ..
Post a Comment