တစ်နေ့တာ ဓာတ်ပြားဟောင်း

စဖွင့်လိုက်တာနဲ့
ပျင်းရိခြင်းက အဟောင်းနံ့ တစ်ခုလို
ကိုယ်မှာ စွဲတယ် ။

စိတ်ကိုဖွဲ့နေတဲ့ ပင့်ကူအိမ်တွေထဲ
ဘာ အက္ခရာမှ ထွက်ကျမလာခဲ့ဘူး
သွားလမ်းလာလမ်း က မသာ တော့
မျှော်ရတာလေးကတင် လည်ပင်းညောင်းတယ် ။

မကွဲလောက်သေးဘူးလို့ ထင်ထားတဲ့ ဖန်ခွက်တစ်ခွက်
ခွမ်းကနဲ ထကွဲမှ သတိရတယ်
သေခြင်းတရားဟာ သူသူ ကိုယ်ကိုယ်
လက်တစ်ကမ်း ။

လူလို့ပြောတာပဲ
လက်သည်းဆိတ်မှ လက်ထိပ်နာ လိုက်တာပါ
တွေးလိုက်မိတာနဲ့တင်
ငါ့စကားလုံးတွေ လူကြီးလူကောင်းမဆန်ခဲ့ဘူး ။

အိုင်လွယ်ပန်

6 comments:

လင်းဒီပ said...

တတိယအပိုဒ်က လာ ခလုတ်တိုက်တယ် ။

သေခြင်းအကြောင်း စဉ်းစားနေဖြစ်ရင်း ရှင်ခြင်းမှာ မောနေဖြစ်တယ် ....။

အမရာ said...

အဲဒီလက်တကမ်းက
ကိုယ့်အတွက်ကျချင်တဲ့
သူအတွက်..လက်တကမ်းမက
လှမ်းလွန်းတယ်..။။။
မျှော်လင့်နေတာ..အဲဒီလက်တကမ်းကိုပဲ..။။။

မယ်ကိုး said...

လက်တကမ်းမှာရှိတဲ့ သေခြင်းတရားကို တစ်ခါတစ်လေတော့ ဝင်တိုက်ပစ်လိုက်ချင်တယ်။ စောင့်ရတာ စိတ်မရှည်လို့ =)

MANORHARY said...

....
သေခြင်းတရားအကြောင်း စဉ်းစားဖြစ်ရင်း
ရှင်ခြင်းမှာ မောနေဖြစ်တယ် ..
အဟုတ်ပါပဲ .....

အိန္ဒြာ said...

အိုင်လွယ်ရေ....

ကဗျာလေး ကို ဖတ်ဖတ်တွေးတွေး.....

မောလိုက်တာ...

Mhu Darye said...

ဘာရယ်တော့မဟုတ်ဘူး...။

သေခြင်းတရား နဲ့ မနက်ဖြန်၊ ဘယ်ဟာက ပိုနီးသလဲတဲ့
တိုက်ဆိုင်စွာ နာဖူးခဲ့တဲ့ တရား။