ဓါး

ခပ်ရှည်ရှည် ခပ်တုံးတုံးသံပြား
လက်တစ်ဝါးစာ ကျောက်ပြားပေါ်က
အိုကြီးအိုမနဲ့ ခုန်ချခဲ့ ။

မထက်ရှချင်တော့ပါ
'နာမ' ကို ငါမေ့လိုက်ပြီတဲ့
ခေါင်းလောင်းထိုးခါနီးမှ
လွန်လေပြီးသော သွေးညှီနံ့တွေထဲက
တရားကို သူရှာတွေ့တယ် ။

ပြောရရင် ဒါဟာ
သေကောင်ပေါင်းလဲ သီချင်း
သက်ပြင်းတွေ နွေဦးပေါက်ခဲ့ပေါ့ ..။။

အိုင်လွယ်ပန်

5 comments:

မယ့်ကိုး said...

ကဗျာလာဖတ်သွားပါတယ်ရှင့်
ကောင်းသောနေ့ပါ =)

MANORHARY said...

ပျောက်ချက်သားကောင်းနေလိုက်တာ ကဗျာဆရာ ..
ခုတလော ဓားတွေအကြောင်း တွေးနေမိတာ နဲ့
ဒီကဗျာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို
သေကောင်ပေါင်းလည်းသီချင်းသံတွေ ပွက်ပွက်ညံခဲ့ ...

လင်းဒီပ said...

“နောက်ကျခဲ့ပါပြီပေါ့ မောင်ဓားရယ်တဲ့ ”
ကျောက်ပြားကြီးက ပြုံးပြီး ပြောတယ် ။

Mhu Darye said...

ရောက်လာခဲ့ကြောင်း သိစေချင်လို့ ရောက်လာတာ..

း)

အဆင်ပြေကြတယ် ဟုတ်?

လင်းဒီပ said...

အိမ်ရှင်တို့ အိမ်ရှင်တို့....
တိတ်လွန်းအားကြီးတယ်ဗျို့... :)