မပြတ်တောက်နိုင်တဲ့ ကြိုးတစ်ချောင်းကို
လွမ်းမောတသစွာ ငေးမိနေသူဟာ
ငါပါ ...။
လက်ရှိ အဆိုးတွေ ကြုံတွေ့နေတာဟာ
တစ်ချိန်ကျရင်
အကောင်းတွေ ကြုံတွေ့လာနိုင်ဖို့ ချန်ပေးထားတဲ့ကွက်လပ်
အဲသလို … ဖြေတွေးခဲ့ ။
တကယ့် တကယ်တမ်းမှာတော့
အသက်ဝဝရှုလိုက်တဲ့ ဖြေသိမ့်ခြင်းဟာ …
ညှိမရနိုင်တဲ့ နားလည်မှုတွေကို ပြန်လည်ကောက်ယူဖို့
ဝေးကွာခြင်း ပင်လယ်ဝဲကတော့ထဲကို သူရဲကောင်းဆန်စွာ
ဦးစိုက်ဆင်းသွားခဲ့ပါပြီ ။
ပတ်ဝန်းကျင်တစ်ခွင်လုံး အုံ့မှိုင်းမဲမှောင်
ဆိုလိုတာက …
ပျော်ခွင့်ရတဲ့အချိန်မှာ ရာနှုန်းပြည့် ပျော်ခဲ့ဖူးသလို
အခု … ဆွေးခွင့်ရတော့လည်း ရာနှုန်းပြည့်
ဆွေး … တယ် ။
အိုင်လွယ်ပန်





3 comments:
ကဗျာဖတ်ပြီး ရာနှုန်းပြည့် ခံစားရတယ် ....
ဖျက်ရခက်ပြီး ခံစားချက်များစွာပေးသော ထိုအရာ= သံယောဇဉ်
တစ်ကြိုးတည်းပါပဲ..ရစ်ပတ်တင်းလွန်းတယ်.
မိုးမြင့်တိမ်
Post a Comment