ကန္တာရ

မင်းရင်ခွင်ဟာ
ကျယ်ပြန့်ပြီးသိပ်သည်းဆများလွန်းတယ်
သူရိယရဲ့ရောင်ခြည်နဲ့
မင်းဟာတံလျှပ်တွေဖြာလိုဖြာ
စန္ဒာရဲ့အုပ်မိုးမှုနဲ့
မင်းဟာပုံရိပ်တွေဖွာလိုဖွာ
ဘယ်နေရာကြည့်ကြည့်
မင်းအကိုင်းအခက်တွေတစက်စက်ယို
အရိုင်းမာယာတွေသိုဝှက်ထားပုံက
ပစ်ခါနီးသေနတ်သမားတစ်ယောက်
အသက်အောင့်ထားသလိုမျိုး…………………….

မင်းရင်ခွင်ဟာ
မွတ်သိပ်ပြီးအနိမ့်အမြင့်များလွန်းတယ်
မင်းငုံငုံထားတဲ့အိုအေစစ်နဲ့ပတ်သတ်ပြီး
မင်းဟာလူပြောသူပြောသိပ်များခံရတဲ့ကောင်
မင်းရဲ့ကြမ်းတမ်းရှတမှုနဲ့ပတ်သတ်ပြီး
မင်းဟာသိပ်တင်စားခံရတဲ့ကောင်
မင်းကတော့နားမလည်သူတစ်ယောက်ရဲ့
ဂလည်အူကြောင်မျက်နှာပေးမျိုးနဲ့
အနှုတ်အသိမ်းသေသပ်နေလိုက်ပုံ…………………………

ငါကိုကလည်း
မနေနိုင်မထိုင်နိုင်ပြောမိပြန်တယ်
ပြုံးတော့ပြုံးပါကွယ့်
မင်းငိုရင်တခွင်လုံးမှိုင်းမယ်……………………………..။။။

အိုင်လွယ်ပန်

3 comments:

တင့်ထူးရွှေ said...

ကောင်းတယ် ကိုအိုင်၊ စကားလုံးအသုံးတွေ အရမ်းသဘောကျတယ်၊ ကဗျာတစ်ပုဒ်လုံးအရမ်းကောင်းပဲ၊
ကောင်းသောနေ့ပါ၊ အဆင်ပြေပါစေဗျို့ ။

Anonymous said...

မင်းငိုရင်တခွင်လုံးမှိုင်းမယ် သေချာပြီး အဲ့တာ ငိုတာမဟုတ်ဘူး မိုးရွာနေတာပဲ ဖြစ်မယ် အခု ဒီမှာလည်း မှောင်နေပြီးးးးး)

ညိမ်းညို said...

အားးး ဒီကဗျာတအားကြိုက်တယ်ဗျာ