ကောင်းကင်ကိုမျှော်တဲ့အိပ်မက်

မှုန်ဝါးဝါးလေးပါပဲ
ပန်းပွင့်က
ခေါင်ဖျားဝေးသီလွန်း
ငါကလည်း
လေးကြိုးကိုဆွဲလိုက်ကာမှ
ကဗျာရွတ်သံတွေပဲထွက်ထွက်လာတော့
အဆိပ်သင့်လေထုတွေထဲမှာ……………….

တစ်ကယ့်ကို
နှစ်ချပ်ထဲဝေရသေးတာပါ
အမြင်မှာတင်….နိမ့်တယ်…………….။။။

အီုင်လွယ်ပန်

5 comments:

တင့်ထူးရွှေ said...

နှစ်ချပ်ထဲ ဝေရသေးရင်လဲ နောက်တစ်ချပ်ထပ်ဆွဲလို့ ရသေးတာပေါ့ :D သိပ်တော့ သဘောမပေါက်ဘူးဗျ အဲလိုထင်တာပဲ :) ကဗျာလေးကတော့ ရှယ်ပဲဗျို့ ။

Anonymous said...

ကဗျာရွတ်သံတွေပဲထွက်ထွက်လာတော့
အဆိပ်သင့်လေထုတွေထဲမှာ

ရွတ်ပါများများ ဒါမှဖတ်ရမှား) ကိုတင့်ပြောသလိုပဲ သိပ်မပေါက်ဘူး အောက်ဆုံး ၂ကြောင်းက ဘာပြောတာလဲမသိ ။

mgngal said...

မဆွဲနဲ့  မဆွဲနဲ့  နောက်ဖဲကလည်း ကုလားဖဲကြီး ။ဟီးဟီး
ဆိုင်လားတော့မသိဘူး။ :D

ညိမ်းညို said...

တစ်ကယ့်ကို
နှစ်ချပ်ထဲဝေရသေးတာပါ
အမြင်မှာတင်….နိမ့်တယ်

ဖဲစကားလားမသိ
ခံစားလို့တော့ ရတယ်ဗျ :)

Unknown said...

"လေးကြိုးကိုဆွဲလိုက်ကာမှ
ကဗျာရွတ်သံတွေပဲထွက်ထွက်လာတော့"

ဟုတ်တယ်ဗျာ...ကျွန်တော်လည်း အဲ့ဒီ့အတိုင်း ပဲ။ လေးကြိုးငြှိတိုင်း .....ဟင်းးးးးး။