ဒီဇင်ဘာ

အရေးများတဲ့ဇာတ်လမ်းတစ်ပုဒ်ပါ
ထုသားပေသားကိုကျလို့
အဖြူရောင်တွေဖွေးနေတာကလွဲရင်
ဖြစ်တည်မှုဟာ ဘောင်တစ်ခုထဲသပ်သွင်းထားသလို
ထောင့်ချိုးအချိုးခံနေရတုန်း။

အလွမ်းတွေဟာ အပျော်တွေဖြစ်လို့
အပျော်တွေဟာ အလွမ်းတွေဖြစ်လို့
တစ်နှစ်ပတ်လုံးမှာ တစ်ကြိမ် လာလာလှုပ်နှိုးဖို့
ရာသီရဲ့ သန်သန်မာမာလက်တွေဟာ
ငါ့နာမည်ကို
ဖြစ်သလို စာရင်းတို့ခဲ့လိုက်ကြတယ် ။

ဒီလိုနဲ့
ဘယ်တော့မှမရိုးနိုင်ဘူးဆိုတဲ့
ပါးစပ်တွေ အတွက်
ငါဟာ
မနေနိုင်မထိုင်နိုင်ကိုယ့်ကိုယ်ကိုပြန်ပြန်ထူမတ်
..........
...........
ခက်ပြီ………
နှင်းဖွဲဖွဲကျနေခိုက် ...။။

အိုင်လွယ်ပန်

9 comments:

thihanyein said...

ငါ့ညီလေးကလည်း နှင်းပဲကိုကွ ဟာဟ
တော်တော်များများနှင်းကိုကြိုက်နေကြတယ် အကိုကတော့ အနွေးထည်ကောင်းကောင်းမရှိလို့
နှင်းရောဆောင်းရေ မုန်းတယ်ကွာ ဟေးဟေး
စတာ ကောင်းတယ်ဟေ့ကဗျာတွေက

Anonymous said...

ဒီဇင်ဘာနေရာ က ခံစားရေးဖွဲ့ သွားတဲ့ ကဗျာလေးက တယ်ကောင်းပါလား ဒါနဲ့ ကိုတင့် တို့ ကိုညိမ်းညို တို့ က ညီလိုံ့ခေါ်နေကြတော့ ကိုအိုင်းက ကျနော့်ထက် ငယ်တယ်လား ကြီးတယ်လား ခုထိ မသိသေး ပြောပြ မုန့် ကျွေးမယ်း)

တင့်ထူးရွှေ said...

အရေးများတဲ့ဇတ်လမ်းတစ်ပုဒ်ပေမယ့် ဘယ်တော့မှမရိုးနိုင်ဘူးဆိုတဲ့ ဒီဇင်ဘာလေးရေ
နှင်းတွေ ကျနေပြီဗျ ၊ ကောင်းမှကောင်းပဲ ဘရိုရေ :)

ဖြိုးငယ် said...

တာရာမင်းဝေ ပြန်ရှင်လာသလားထင်ရတယ်ဟေ့ .. အကိုလည်း ဒီဇင်ဘာကို လွမ်းကောင်းနေတုန်းဟ ..

ခေါင်ခေါင် said...

ဒီဇင်ဘာ အလွမ်းက ဘယ်တော့မှ ရိုးမသွားဘူး....
ဒီအချိန်ရောက် ရင် ဒီလိုပဲ..လွမ်းနေကျ...

လင်းဒီပ said...

နှင်းနဲ့ဆောင်းနဲ့ ဒီဇင်ဘာအစစ်ကို ချစ်တယ်..
ခက်တာက ဒီဇင်ဘာအတုတွေက ဒီဇင်ဘာယောင်ဆောင်ပြီး ရောက်ရောက် လာတတ်လို့..(ခံစားမှုတွေ အလစ်သုတ်သုတ်သွားလို့)

Anonymous said...

ကောင်းတယ်ဗျို့ ..ဒီဇင်ဘာအတုဆိုတာ ဘာတွေများလဲဗျ :P အားပေးလျက်ပါ
အဆင်ပြေပါစေ...

mgngal said...

စားရင်းအတို့ ခံလိုက်ရလို့ ရေးတဲ့ ဒီဇင်ဘာကဗျာလေး
ချမ်းချမ်းနဲ့ ပဲ ဖတ်သွားတယ် ။ :)

Eaindra said...

အိုင်လွယ်

ဘယ်တော့မှမရိုးနိုင်ဘူးဆိုတဲ့
ပါးစပ်တွေ အတွက်
ငါဟာ
မနေနိုင်မထိုင်နိုင်ကိုယ့်ကိုယ်ကိုပြန်ပြန်ထူမတ်

ကိုယ့်ကိုယ်ကို..စိတ်အထားအသိုတတ်ဖို့
ကိုယ့်နေရာထိုင်ခင်းကို.အေးအေးမြပြင်ဆင်ခင်းကျင်းပြင်ဆင်ဖို့
ဒီဇင်ဘာက..နှင်းတွေလဲ..လိုတယ်။

အိန္ဒြာ