ဒီတစ်ကြိမ်ဟာ နောက်ဆုံး

ကိုယ့်တစ်နေရာစာနဲ့ ကိုယ်သွေးအေး
ဝေးချင်လည်းဝေးမိမယ်
မွေးရာပါ မလိမ်မိုးမလိမ်မာ ပါ ။

မေ့လောက်မှတစ်ခါ လမ်းထထ လျှောက်ဖို့
ခြေသံတွေဟာ အရိပ်ကိုတောင် ပြန်ပြန်ဝှက်ကွယ်လို့
နူရာဝဲစွဲတာ မုန်းတယ် ဆိုတဲ့ ပျား တွေ
သမားရိုးကျမှာ တုပ် ရင်းစွဲပျောက်စေဖို့
ဒုက္ခိတ တွေ့တိုင်း
ကြိတ်မှိတ် မျက်နှာလွှဲခဲ့ကြရပေါ့
ဗွေ မများချင် ဗွေမယူရုံတဲ့
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတွေမှာ
ရှုသက်ငွေ့ငွေ့တို့ ပါသွားတယ် ။

မလိုချင်ဘူး လိုချင်တယ်နဲ့ပဲ
နှစ်ပါးသွားဟာ အလေ့ကျ ပေါက်ရောက်လာခဲ့
နှစ်ဖက်တီးလို့မြည်တဲ့ လက်ခုပ်သံစစ်စစ်ဆိုတဲ့ အရပ်မှာ
ပဲ့တင်သံတွေ ကြားရတယ်
ဝင်ရိုးစွန်းပေါ်က လည်နေတဲ့ ကမ္ဘာပေါ်မှာ
လူနဲ့ အသံတွေဟာ လည်ပတ်လို့ ။

အင်း …
တွေ့မယ့်တွေ့တော့လည်း
ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့
များ … ပြီ
ဒီတကြိမ်ဟာ နောက်ဆုံး
ဟိုးတုန်းကတည်းက
ပြောပြော နေခဲ့တာ ။

အိုင်လွယ်ပန်

15 comments:

ဆောင်းယွန်းလ said...

အင်း …
တွေ့မယ့်တွေ့တော့လည်း
ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့
များ … ပြီ
ဒီတကြိမ်ဟာ နောက်ဆုံး
ဟိုးတုန်းကတည်းက
ပြောပြော နေခဲ့တာ

ကြာလှပါပြီပကော
မဆုံးနိုင်တော့တဲ့ နောက်ဆုံးတွေ
အသားကျနေရတာတွေပေါ့ ညီလေးရေ

ကဗျာကြိုက်တယ်ညီလေးရေ..

စိုင်းလောဝ်ပိန်း said...

ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့ တဲ့
သိလိုက်ရတာ ရင်နာမဆုံး
ဟန်တလုံးပန်တစ်လုံးနဲ့ ငါ့ကို ညာစားသွား
များပြီနော်
ကဗျာဆရာ အဆင်ပြေပါစေဗျာ

mgphonemyint said...

အင်း ဝှက်ဖဲကိစ္စကတော့ အကုန်လုံး သူလိုကိုယ်
လို ကြီးဖြစ်နေကြပါလား..း) အဆင်ပြေပါစေ ကိုအိုင်လွယ်ပန်ရေ..။

mgngal said...

အဲလိုပြောပြောပြီး ထပ်ကာထပ်ကာ လှုပ်ခတ်နေမိတော့တာ ။

pandora said...

သူလိုကိုယ်လိုအပွင့်နဲ့ ၀ှက်ဖဲတွေ ဘယ်နှစ်ချပ်များ ကိုင်ထားနိုင်ဦးမလဲ။

မယ့်ကိုး said...

ဗွေ မများချင် ဗွေမယူရုံတဲ့
မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတွေမှာ
ရှုသက်ငွေ့ငွေ့တို့ ပါသွားတယ် ။

ဝှက်ဖဲဆိုတာလည်း သူလိုကိုယ်လိုအပွင့်နဲ့ တဲ့လား။

ကဗျာလာဖတ်သွားပါတယ်။ ကောင်းသောနေ့ပါရှင် :)

Eaindra said...

မလိုချင်ဘူး လိုချင်တယ်နဲ့ပဲ
နှစ်ပါးသွားဟာ အလေ့ကျ ပေါက်ရောက်လာခဲ့
နှစ်ဖက်တီးလို့မြည်တဲ့ လက်ခုပ်သံစစ်စစ်ဆိုတဲ့ အရပ်မှာ
ပဲ့တင်သံတွေ ကြားရတယ်
ဝင်ရိုးစွန်းပေါ်က လည်နေတဲ့ ကမ္ဘာပေါ်မှာ
လူနဲ့ အသံတွေဟာ လည်ပတ်လို့ ။

အင်း …
တွေ့မယ့်တွေ့တော့လည်း
ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့
များ … ပြီ
ဒီတကြိမ်ဟာ နောက်ဆုံး
ဟိုးတုန်းကတည်းက
ပြောပြော နေခဲ့တာ ။

ဖဲလိမ်ရိုက်တာက...နည်းနည်းရိုးနေပြီ...
အသားကျနောကျေလွန်းလို့...

ကဲ...ဘယ်သူဒိုင်ကိုင်မှာတဲ့ လဲ...

ဖြိုးငယ် said...

ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့ တဲ့ ..
သူလိုကိုယ်လိုအပွင့်နဲ့မဟုတ်တဲ့ ဝှက်ဖဲလိုချင်ရင်တော့
ဂျိုကာကိုသာမျှော်တော့ဗျို့ ..

MANORHARY said...

ဝှက်ဖဲဆိုတာကလည်း
အဲဒီ ၅၆ ချပ်ထဲက တစ်ချပ်ပါပဲ..
ဒါပေမယ့်လည်း .........

Unknown said...

ကိုအိုင်ရေ တစ်ပုဒ်လုံးကြိုက်တယ်ဗျာ :)
ကောင်းသောနေ့ပါ :)

emayarKhin said...

ဆိုတော့ကာ.........

လင်းဒီပ said...

အင်း ဒီတစ်ကြိမ် နောက်ဆုံး
မဆုံးနိုင်သေးဘူး..
ရှည်လျားတဲ့ပွဲ
မထ ဖြစ်ခဲ့ဘူး..။

Mhu Darye said...

မလိုချင်ဘူး လိုချင်တယ်နဲ့ပဲ
နှစ်ပါးသွားဟာ အလေ့ကျ ပေါက်ရောက်လာခဲ့
နှစ်ဖက်တီးလို့မြည်တဲ့ လက်ခုပ်သံစစ်စစ်ဆိုတဲ့ အရပ်မှာ
ပဲ့တင်သံတွေ ကြားရတယ်
ဝင်ရိုးစွန်းပေါ်က လည်နေတဲ့ ကမ္ဘာပေါ်မှာ
လူနဲ့ အသံတွေဟာ လည်ပတ်လို့ ။

အင်း …
တွေ့မယ့်တွေ့တော့လည်း
ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့
များ … ပြီ
ဒီတကြိမ်ဟာ နောက်ဆုံး
ဟိုးတုန်းကတည်းက
ပြောပြော နေခဲ့တာ ။

:) အပေါ်က နှစ်ပိုဒ်နဲ့ လာခဲ့ကြောင်း မန့်ခဲ့တယ်။ ဒါပဲ။
တာ့တာ :P

သက်ထွန်းညိမ်း said...

ဝှက်ဖဲဆိုတာ သူလိုကိုယ်လိုအပွင့်နဲ့
များ … ပြီ..
ကောင်းဗျာ

Moe Myint Tane said...

ရှိုးရိုက်ရင်း ပက်ပက်စက်စက်ရှုံးခဲ့တာကို သွားသတိရတယ်ဗျာ။
ကိုယ့်ဆရာလက်တွေ အရောင်တွေထွက်နေတယ်။
ကြိုက်၏။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်