ဘောင်များ

ဘောင် (၁)

လက်ကျန်ကနည်းနေတော့လည်း
ဆက်မျှင်းလိုက်ရုံ
အာရုံတွေ
အရုဏ်နားနီးလေလေ
အရူးရင့်လေလေ
ငါးမှ မရခဲ့တာပဲ
ကဲလာ ……
တို့တွေရေချိုးပြန်ကြမယ် ။

လွှတ်တင်လိုက်တာကြာပေါ့
အိပ်ပျော်ခါနီးကာမှ
ငါ့ အနံ့သဲ့သဲ့လေး
ငါပြန်ရလိုက်တယ်
မထူးဆန်းပါဘူး
လူနံ့ ..။

ဘောင် (၂)

ဘယ်လို ဆုပ်မိပြီး စူးသွားတာလဲ
ဘယ်လို စားမိပြီး ရူးသွားတာလဲ
……………….
……………….
ငါ့ ကိုယ်ငါ
ခဏတစ်ဖြုတ်ပြန်တွေ့လိုက်တယ် ။

နှင်းဆီရဲ့
နိစ္စဓူဝ အသက်ရှုခြင်းမှာ
ဆူးချက်တွေနဲ့
ဖြည်းဖြည်းချင်း ယဉ်ပါးသွားတဲ့
ဗီ .. ဇ ..
နေမြင့်လေလေ
မှောင်လေလေ… ။။

ဘောင် (၃)

ငါ ကြားနေကျ သံစဉ်တွေ
ဘယ်မလဲ ..။

သံစဉ်တွေ
ဘယ်မလဲ ..။

ကြားနေကျတွေ
ဘယ်မလဲ ..။

ငါ ကကော
ဘယ်မလဲ ..။

ဘောင် (၄)

တစ်ယောက် သောက ကို
တစ်ယောက်က ခေါက်သိမ်း
တစ်ယောက် နင်းဖို့ရာ
တစ်ယောက်က ဖြန့်ခင်း ..။

တစ်ယောက် အပူ ကို
တစ်ယောက်က ဖေးကူ စုပ်ယူလို့
တစ်ယောက် မငိုအောင်
တစ်ယောက်က ချော့ရတာ ကိုက
တစ်ယောက်မှာ မျက်ရည်တွေစို့လို့ ..။

ဘောင် (၅)

" ပြီးသွားပါပြီ " ..။

မရောက်ခင်စပ်ကြား
အလုပ်များ ခဲ့ရတယ် ...။

အိုင်လွယ်ပန်

7 comments:

မယ့်ကိုး said...

ဘောင်တွေ အကုန်းလုံး ကြိုက်ပါတယ် ။ အကြိုက်ဆုံးက ဘောင် ၂ ။ ကိုယ်နဲ့ တူလို့ ။ကောင်းသောနေ့ပါရှင်

အိန္ဒြာ said...

သေချာတာပေါ့

ပြီးသွားပါပြီမရောက်ခင်စပ်ကြား များလိုက်ရတဲ့
အလုပ်တွေ.......

တစ်ခါတစ်ခါ

ဘာအတွက်လုပ်နေကြတာလည်းး
တွေးမိနေမိတယ်...

ဘောင်တွေ.......

ပြီးဆုံးခြင်းမှာ တောင် ဘောင်တွေရှိနေတယ်

နွေဆူးလင်္ကာ said...

“ပြီးသွားပါပြီ” ...။

မရောက်ခင်စပ်ကြား
ဖတ်သွားခဲ့ရတယ်။

Ðaywalker(စိုးလှိုက်ဦး) said...

ကဗျာတွေလာဖတ်သွားတယ်

Moe Myint Tane said...

စကားပြောသော ဘောင်များကို ဖတ်သွားတယ် ကိုအိုင်လွယ်ပန်။


စိတ်၏စေရာနာခံလေသော
မိုးမြင့်တိမ်

MANORHARY said...

ဘောင်တွေ ဘောင်တွေ အဲဒီဘောင်တွေဆီကို
ဘောင်တွေကိုကျော်ပြီး ရောက်အောင်လာခဲ့တယ် ..

Mhu Darye said...

ဘောင်တွေတောင်မှ ကဗျာဆရာ့ လက်ထဲမှာ အနုပညာ အစုံစုံ ဖြစ်သွား သေးတာပဲ။

မွန်းကျပ်နေတာတွေက တွန်းကန်အားကို မွေးဖွားလိုက်သလိုပေါ့။

လှတယ်..။